Friday, July 18, 2008

“ဖေဖေသို့ ”

“ဖေဖေသို့ ”


ဂမ်ဘာရီပြန်လာပြီတဲ့
ဘန်ကီမွန်း အမြန်ဝင်တွန်းမတဲ့
ရေတပ်တွေနဲ့  အသေနှက်လေမတဲ့။
NLD ပြန်တွယ်မည်တဲ့
CRPP ညီညာညာချီပြီတဲ့
ပြည်ပကလူတွေလည်း ခြေကြွခမယူပဲလာဦးမတဲ့လေ။
မျှော်လိုက်ရတာ လည်ပင်းတွေခမျာ
အီဖယ်မျှော်စင်ကြီးလို…

နေပြည်တော်ရောက်သွားတဲ့ သစ်ကုလားအုပ်ကြီးလို…
တကယ်တော့ ရွှေဥထွက်တဲ့ငန်းလိုပါ.
ခေါင်းလေးတခါခါနဲ့ အလှီးခံဖို့ အဆင်သင့်။
ပြီးတော့လည်းလေ..
ဈေးဦးမပေါက်သေးတဲ့အပျက်မ အငတ်လေး
ဟိုဟိုဒီဒီငေးနေမိသလိုပေါ့
ကျွန်တော်တို့ ပြည်သူတွေခမျာမှာလေ...
နောက်ဆုံးတော့လည်းရေစိုဆန်စားဖို့ 
ဒီမုဒိမ်းသမားဆီပဲ ကော့ကော့ပေးလိုက်ရတာအမော
သူကလည်း ငေါ့ငေါ့ဆွဲတယ်ဟ
စိတ်ကြမ်းလူကြမ်းတပ်သားကြီးဆိုတော့။

ဗိုလ်ချုပ်ရေ…အဖေရေ
သားတို့ သမီးတို့ မမြင်ဘူးတဲ့အဖေရေ
အဖေပြောခဲ့တဲ့ဟိုနိုင်ငံကြီးလေ
သူတို့ တွေ အဖေ့စကားအတိုင်း
မဖြစ်ဖြစ်အောင် ၀ိုင်းကြိုးစားနေလိုက်ကြပုံများ
ထနိုင်ရင် ထကြည့်ပါဦးလားအဖေရယ်။
အဖေ့သားတွေသမီးတွေ…
ကန်သင်းရိုးပေါ်ပက်လက်ကလေးခွေလို့ ….

အမည်မဖော်ရဲသောယနေ့ ခေတ်စာဆို


“ဘယ်နှစ်နှစ်မြောက်မှန်းသေချာမသိတော့တဲ့…
အမေ့ကိုရဖို့  အဖေတို့ ကို ….အဖေ့ညီအကိုတွေဝိုင်းရှင်းလိုက်တဲ့နေ့ အတွက်ပေါ့”

No comments: