Sunday, January 25, 2009

ရွေးကောက်ပွဲဝင်မည့် အဖွဲ့များကို ၀န်ကြီးဌာနများက စာရင်းကောက်

မြင့်မောင်
သောကြာနေ့၊ ဇန်နဝါရီလ 23 2009

နယူဒေလီ (မဇ္ဈိမ) ။ ။ ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးအဖွဲ့အစည်းများ၏ အဖွဲ့ဝင်အရေအတွက်နှင့် လုပ်ဆောင်တိုးတက်မှုကို စစ်အစိုးရကိုယ်စားလှယ်များက စာရင်းကောက်ယူ မှတ်တမ်းတင်မှုများ ပြုလုပ်လျက်ရှိသည်။

"ကာကွယ်ရေးဌာန၊ ပြန်ကြားရေးဌာန၊ သက်ဆိုင်ရာ ၀န်ကြီးဌာနတွေက စုံစမ်းမေးမြန်းတာတွေတော့ ရှိပါတယ်" ဟု ၂၀၁၀ ခုနှစ်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲကို ယှဉ်ပြိုင်မည်ဆိုသည့် ၈၈ မျိုးဆက်သစ် ကျောင်းသားလူငယ်များအဖွဲ့ (ပြည်ထောင်စုမြန်မာနိုင်ငံ) မှ ကိုရဲထွန်းက ပြောသည်။

"ဗဟိုအလုပ်အမှုဆောင် ဘယ်လောက်ထိရှိပြီးတော့၊ အဖွဲ့ဝင် ဘယ်လောက်ရှိပြီလဲ။ စည်းရုံးရေးအင်အား ဘယ်လောက်ရှိပြီလဲ။ နယ် ဘယ်လောက်ထိ စည်းရုံးရေး ဆင်းပြီးပြီလဲဆိုတာတွေ မေးတယ်။ ကျနော်တို့က သိချင်လို့ မေးတာလို့ ထင်တယ်။ ဒါပေမဲ့ သူတို့ အလုပ်တခုကို လုပ်နေပါလိမ့်မယ်။ ရွေးကောက်ပွဲအတွက် စုံစမ်းတာလည်း ဖြစ်နိုင်ပါတယ်" ဟု သူက ဆိုသည်။

ယခု ကျောင်းသားလူငယ်အဖွဲ့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်ဒီ) အပါအ၀င် ပင်မအတိုက်အခံ အင်အားစုများက ကန့်ကွက်ထားခဲ့သော အခြေခံဥပဒေကို ထောက်ခံပြီး စစ်အစိုးရ၏ လမ်းပြမြေပုံအတိုင်း လျှောက်လှမ်းမှသာ နိုင်ငံရေးအပြောင်းအလဲဖြစ်မည်ဟု ဆိုသည်။

အန်အယ်ဒီသည် ၁၉၉၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲအပြတ်အသတ်အနိုင်ရခဲ့သော်လည်း စစ်အစိုးရက အာဏာလွှဲပေးရန် ငြင်းဆန်ပြီး စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်သို့ကူးပြောင်းရန် အဆင့်ဆင့်သွားရမည်ဆိုကာ ၂၀၁၀ ခုနှစ်တွင် ရွေးကောက်ပွဲပြန်လည်ကျင်းပမည်ဟု ကြေညာထားသည်။

အခြားသော စစ်အစိုးရလိုလားသော ခေတ်သစ်နိုင်ငံရေးသိပ္ပံ ကျောင်းတော်သားများအဖွဲ့လည်း အလားတူ မေးမြန်းခံရသည်။

"အမျိုးသားနိုင်ငံရေး အင်အားစုက တွဲမိတဲ့လူတွေ ဘယ်သူတွေလဲ။ သူတို့မှာ အင်အား ဘယ်လောက်ရှိပြီလဲ။ ဘယ်မှာအခြေခံသလဲ။ ခေါင်းဆောင်တွေရဲ့ နာမည်တွေ မေးတယ်။ ဖုန်းနံပါတ်တွေ မေးတယ်။ ကျနော့်ကို ၂ ခါရှိပြီမေးတာ။ ဒီနေ့မနက်ကပဲ မေးသွားသေးတယ်။ ပြည်ထဲရေးကလည်း မေးတယ်။ ပြန်ကြားရေး အပိုင်းကလည်း မေးတယ်" ဟု အဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းလွင်က ပြောသည်။

ရွေးကောက်ပွဲဆိုင်ရာ ပါတီများ မှတ်ပုံတင်ခွင့်ဥပဒေကို ယခုထက်ထိ ကြေညာခြင်း မရှိသေးသော်လည်း အလားတူ အဖွဲ့များသည် မဲဆွယ်စည်းရုံးမှုများကို အကန့်အသတ်ဖြင့် ပြုလုပ်နေရာ ဒေသအာဏာပိုင်များကလည်း ပံ့ပိုးမှုပြုပေးနေသည်ဟု ယုံကြည်ရသည်။

မဇ္ဈိမက အတည်ပြုနိုင်သော စာရင်းများအရ ၈၈ မျိုးဆက်သစ် ကျောင်းသားလူငယ်များအဖွဲ့ (ပြည်ထောင်စုမြန်မာနိုင်ငံ) က မကွေး၊ မန္တလေး၊ ပဲခူးတိုင်း၊ ရခိုင်၊ မွန်နှင့် ကရင်ပြည်တို့မှ နေရာအချို့တွင်လည်းကောင်း၊ ခေတ်သစ်နိုင်ငံရေးသိပ္ပံ ကျောင်းတော်သားများအဖွဲ့က ရန်ကုန်နှင့် ဧရာတီတိုင်းတွင်လည်းကောင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည)က ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်းတွင်းရှိ နေရာအချို့တွင်လည်းကောင်း ရွေးကောက်ပွဲကို ဦးတည်သော စည်းရုံးရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည်။

ဝန်ကြီးဌာနများက စုံစမ်းမေးမြန်းလာမှုကို ထောက်ချင့်၍ ပါတီမှတ်ပုံတင်ခွင့်ဥပဒေကို မကြာမီ ထုတ်ပြန်မည်ဟု အဖွဲ့များက ယူဆနေသလို၊ ဥပဒေကို စောစီးစွာ ထုတ်ပြန်စေလိုကြသည်။

"စောစောစီ်းစီး ဥပဒေထွက်ပြီး၊ စောစောစီးစီး စဉ်းစားဆုံးဖြတ်၊ အဲဒါ ပိုမကောင်းဘူးလား။ ကျနော်တို့က ဥပဒေကို မြန်မြန်ထွက်လာပါစေလို့ ဆုတောင်းနေတယ်" ဟု ဦးအုန်းလွင်က ပြောသည်။

ရွေးကောက်ပွဲတွင် ၀င်ပြိုင်လိုသော်လည်း စည်းရုံးရေးဆင်းရန် မ၀ံ့မရဲဖြစ်နေသည့်တဖွဲ့မှာ မန္တလေးအခြေစိုက် ၀ံဿနု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (ပြည်ထောင်စုမြန်မာနိုင်ငံ) ဖြစ်သည်။

ဝံသာနုအဖွဲ့ ပြောရေးဆိုခွင်ရှိသူ ဦးရဲကိုက " ကော်မရှင်က ဘာမှ မလုပ်သေးတဲ့အတွက် ကျနော်တို့က ဘာမှ မလုပ်သေးပါဘူး။ ကျနော်တို့ ဘာမှ မသိရသေးပါဘူး။ ခေတ်သစ်နိုင်ငံရေးသိပ္ပံ ကျောင်းတော်သားများ အဖွဲ့ကတော့ အဲဒါတွေကို ကြိုတင် လှုပ်ရှားနေတယ်။ ဘယ်လိုမှန်းတော့ မသိဘူး။ အဖွဲ့အစည်းတွေကို ဖွဲ့စည်းပေးစေချင်တယ်။ ကျနော်တို့ လွတ်လွတ်လပ်လပ် ပြောချင်တယ်။ ဒါတွေကို ကျနော်တို့က လွတ်လွတ်လပ်လပ် လုပ်ချင်တယ်" ဟု ပြောသည်။

မန္တလေးဝံသာနုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ခွဲထွက်လာခဲ့သူ လူအချို့နှင့် ဖွဲ့စည်းထားသည်။

မလေးရှားရောက် မြန်မာများ ဆန္ဒပြ

မြင့်မောင်
ကြာသပတေးနေ့၊ ဇန်နဝါရီလ 22 2009

နယူးဒေလီ (မဇ္ဈိမ)။ ။ ဒုက္ခသည်အခွင့်အရေးများ ပေးရန်အတွက် မလေးရှားရောက် မြန်မာဒုက္ခသည် ၃၀၀ ခန့်က ကွာလာလမ်ပူအခြေစိုက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ရှေ့တွင် ယမန်နေ့ နံနက်ပိုင်းက ဆန္ဒပြခဲ့သည်။

"ဒုက္ခသည် စာရင်းအသစ်လက်ဖို့၊ UNHCR ရုံးမှာ မြန်မာနိုင်ငံသား တိုင်းရင်းသားတွေ တန်းတူညီတူ အခွင့်အရေးရရန်၊ လာဘ်ပေးလာဘ်ယူ လုပ်နေတာတွေ ရပ်တန့်ရန်၊ UNHCR လူကြီးတွေ့နဲ့ ပတ်သက်တဲ့ သူတွေကို ဒုက္ခသည်အဖြစ် ကဒ်အသစ်တွေ ထုတ်ပေးနေတာမျိုးတွေ ရှိတဲ့အတွက် ရပ်စဲပေးဖို့ ဆန္ဒပြခြင်း ဖြစ်တယ်" ဟု ရိုဟင်ဂျာဒုက္ခသည် ကူညီရေးအဖွဲ့မှ ကိုညီညီက မဇ္ဈိမကို ပြောသည်။

UNHCR ရုံးမှာ လုံခြုံရေး အရာရှိ ဟာချီ ဟစ်ပတာဟင်က ဆန္ဒပြသူများကို ရုံးရှေ့ထွက်တွေ့ပြီး အထက်အရာရှိကို တင်ပြကာ၊ လိုအပ်ချက်များကို အသေးစိတ် ပြုလုပ်သွားမည်ဟု ပြောဆိုကြောင်း သိရသည်။

''UNHCR ရဲ့ ဒုက္ခသည်အားလုံးအပေါ် ခွဲခြားမှု မရှိတဲ့ မူဝါဒနဲ့ ဆက်လုပ်သွားမှာပါ။ ဒုက္ခသည်အားလုံးကို အကူအညီပေးရေး၊ ကာကွယ်စောင့်ရှောက်ရေးအတွက် အစွမ်းကုန် လုပ်နေတာပါ'' ဟု ကွာလာလမ်ပူ UNCHR ရုံးမှ ပြောရေးဆိုခွင့်ရှိသူ ရန်တီ အစ္စမေးလ်၏ ပြောဆိုချက်ကို အေအက်ဖ်ပီသတင်းဌာနက ဖော်ပြခဲ့သည်။

မြန်မာတိုင်းရင်းသား ဒုက္ခသည်များဖြစ်သည့် ချင်း၊ မွန်၊ ကရင်၊ ကယား၊ ရှမ်း၊ ဒီမိုကရေစီ တပ်ပေါင်းစု အဖွဲ့ဝင်များ၊ ကဒ်မရသေးသူများနှင့်အတူ ရိုဟင်ဂျာဒုက္ခသည် အများစုက ပါဝင်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

မလေးရှားတွင် ဒုက္ခသည်နှင့် ဒုက္ခသည်အဖြစ် လျှောက်ထားသူပေါင်း ၄၅၄၀၀ ဦးရေရှိသည့်အနက် ၄၀၀၀၀ နီးပါးမှာ မြန်မာပြည်ကဖြစ်ပြီး၊ အများစုမှာ မြန်မာပြည် အနောက်ပိုင်း ရခိုင်ပြည်နယ်အတွင်းမှ ရိုဟင်ဂျာများဖြစ်သည်ဟု UNHCR စာရင်းများအရ သိရသည်။

UNHCR အနေဖြင့် ၂၀၀၆ ခုနှစ် နှစ်ဆန်းပိုင်းမှ စတင်ကာ ဒုက္ခသည်အဖြစ် လျှောက်ထားသူများအား လက်မခံဘဲ ယာယီရပ်ဆိုင်းထားသည်။

မြန်မာအလုပ်သမား ၁၇ ဦးကို လူမိုက်များက ခြိမ်းခြောက်

မြင့်မောင်
ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ 21 2009

နယူးဒေလီ (မဇ္ဈိမ)။ ။ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ အထည်ချုပ်စက်ရုံမှ မြန်မာလုပ်သား ၁၇ ဦးသည် အချိန်ပိုကြေးပေးရန် တောင်းဆိုနေစဉ် အလုပ်ရှင်က လူမိုက်များ စေလွှတ်ကာ ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြောင်း အလုပ်သမားများက ပြောသည်။

Greater Versatile Garments အထည်ချုပ်စက်ရုံတွင် လုပ်ကိုင်နေသူ မြန်မာအမျိုးသမီး ၁၅ ဦးနှင့် အမျိုးသား ၂ ဦး၏ နေအိမ်သို့ အလုပ်ရှင်က ငှားရမ်းထားသည့် လူ ၇ ဦးက ဓားပြခြိမ်းခြောက်မှုများ ဇန်န၀ါရီလ ၁၈ ရက်နေ့က ပြုလုပ်ခဲ့သည်ဟုဆိုသည်။

"ကျမတို့ သူတို့လုပ်ခိုင်းတဲ့ စည်းကမ်းတွေအတိုင်း လိုက်လုပ်ပေးတယ်။ ကျမတို့ဘက်က ပြန်ပြောလာတော့ သူဋ္ဌေးဘက်ကနေ လူမိုက်တွေဘာတွေ ထားတယ်။ အိမ်ကိုလာပြီး သော့ခတ်ထားတယ်။ ရေချိုးခွင့် မရှိဘူးလို့ ပြောတယ်။ ညီမတို့ဆီကို ဖုန်းရှိလားဆိုပြီးတော့ ညီမကို နားရင်းကို ၂ ချက်၊ ၃ ချက် ရိုက်တယ်။ ဖုန်းတွေ ဘာတွေရှာတော့ တကိုယ်လုံးကို လက်တွေနဲ့နှိုက်ပြီး ရှာတယ်" ဟု ကာယကံရှင် မြန်မာအလုပ်သမတဦးက မဇ္ဈိမကို ပြောသည်။

ကိုယ်တိုင်ကြုံတွေ့ရသူ အခြား အမျိုးသားတဦးကလည်း "ကျနော်တို့ ၁၇ ယောက် အတူနေပါတယ်။ သူဋ္ဌေးက လူမိုက်တွေခေါ်ပြီး ကျနော်တို့ကို ဓားတွေနဲ့ ထောက်ထားတယ်။ လူမိုက်တွေက ၇ ယောက် ရှိတယ်။ မိန်းကလေးတွေကို ဘောင်းဘီအိတ်တွေကို နှိုက်တယ်။ " ဟု ပြောသည်။

အိမ်တွင်းမှု အထည်ချုပ် စက်ရုံတွင် အချိန်ပိုကြေးမပေးဘဲ လုပ်ခလစာကို သီတင်းပတ်နှစ်ပတ်ခန့်ကြာနောက်ကျမှပေး၍ ကန့်ကွက်ခဲ့ကြသည်ဟု အလုပ်သမားများက ပြောသည်။

အလုပ်ရှင် ဖြစ်သူ Mr. Kuma ကတော့ အလုပ်သမားများပြောကြားချက်ကို ယတိပြတ်ငြင်းဆန်လိုက်ပြီး ပုံမှန်လစာပေးသည်ဟု ဆိုသည်။

Mr. Kuma က " လခနှင့် အချိန်ပို လုပ်အားခနဲ့ ပတ်သတ်လို့ မပေးဘူးဆိုတာလည်း မရှိပါဘူး။ ကျနော်စီမှာ အလုပ်လုပ်ကိုင်သူတွေက နိုင်ငံသားကပ်ပြားတွေ ကိုင်ဆောင်ထားတဲ့ သူတွေ ဖြစ်တယ်။ ကျနော် အလုပ်ရုံမှာ ပြဿနာ တခုမှာ မရှိပါဘူး။ ကျနော်အနေနဲ့ လစာ အပြင် အချိန်ပို လုပ်အားခကိုလည်း ပုံမှန်ပေးပါတယ်"ဟု ပြောသည်။

သူက "ကျနော့်အလုပ်ရုံမှာ မြန်မာအလုပ်သမား ၁၀ ယောက်ရှိပါတယ်။ အခု ကျနော်စက်ရုံက တရုတ် နှစ်သစ်ကူးနီးတဲ့အတွက် အခု ပိတ်ထားပါတယ်။ ကျနော် အလုပ်သမားတွေကို ပိုက်ဆံ မပေးဘူးဆိုရင် သူတို့ မြန်မာနိုင်ငံကို ဘယ်လို ပိုက်ဆံ ပို့နိုင်မလဲ။ ကျနော် ပိုက်ဆံပေးလို့သာ သူတို့ ငွေပို့ နိုင်တာဖြစ်တယ်" ဟု ပြောသည်။

ကွာလာလမ်ပူအခြေစိုက် မြန်မာအလုပ်သမား အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး ကော်မတီမှ

တာဝန်ခံတဦးဖြစ်သူ ကိုစည်သူမောင်က ''ကျနော်တို့ အထောက်အထား အချက်အလက်တွေ စုံသွားပြီလေ။ အလုပ်သမားဌာနက အကြောင်းပြန်စာ လာလို့ရှိရင် တရားစွဲဆိုဖို့ လုပ်နေပါတယ်။ မလေးမှာရှိတဲ့ NGO အဖွဲ့များရဲ့ အကူအညီတွေကိုလည်း တောင်းခံထားပါတယ်။ မြန်မာနိုင်ငံ သံရုံးကို အကြောင်းကြားတော့ ဖုန်းမကိုင်ဘူး။ ဖုန်းကိုင်တော့လည်း ကျနော်တို့အသံ ကြားတော့ ဖုန်းချသွားတယ်" ဟု ပြောသည်။

" အဲဒီအိမ်မှာ လူမိုက်တွေနဲ့ ပိတ်ပြီး လောင်ထားတယ်။ Kepong ကပ်ပုံ ဆိုတဲ့ မြို့နယ်မှာ သူ့ သူဌေးကပေးထားတဲ့ အိမ်မှာ နေရတယ်။ အလုပ်ချိန် ခိုင်းတာတွေ မမှန်တာ၊ လစာပေးရမဲ့ အချိန်လည်း ပုံမှန်မပေးတဲ့ အတွက် ကောင်းမလေးက ကျနော်တို့စီ တိုင်တာကနေ စဖြစ်တယ်"ဟု သူက ထပ်ပြောသည်။

မီဇိုရမ်မှာ မြန်မာစားသောက်ဆိုင် မီးလောင်

မြင့်မောင်
တနင်္လာနေ့၊ ဇန်နဝါရီလ 05 2009

နယူးဒေလီ (မဇ္ဈိမ)။ ။ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် အိုက်ဇောမြို့ ဈေးကြီးတွင် ဖွင့်လှစ်ထားသည့် မြန်မာစားသောက်ဆိုင် တဆိုင်တွင် ယမန်နေ့က ဂက်(စ်)အိုး ပေါက်ကွဲမှုကြောင့် မီးလောင်မှု ဖြစ်ပွားခဲ့သည်။

မန္တလေးတိုင်း အမရပူရမြို့နယ်မှ ကိုထွန်းထွန်းဆိုသူ ပိုင်ဆိုင်သည့် စားသောက်ဆိုင်တွင် ယမန်နေ့ နံနက် ၁၀ နာရီခန့်က ဂက်(စ်) သဘာဝဓာတ်ငွေ့ဖြင့် ချက်ပြုပ်နေစဉ် ဂက်(စ်)အိုးဝါရှာ မလုံရာမှ မီးကူးစက်ကာ ပေါက်ကွဲ လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။

"ဂက်(စ်)အိုးက ပထမ တအိုး ကုန်တော့မှာဆိုတော့ ကုန်ခါနီးကို လဲတဲ့ အခါကျတော့ နောက်တအိုး ဖောက်တာ။ ဖောက်တဲ့အိုးက ၀ါရှာ မကောင်းတဲ့အခါကျတော့ ဂက်(စ်)ခေါင်း မတပ်ခင် ပန်းထွက်တဲ့အတွက် ချက်နေတဲ့ မီးစက ကူးသွားလို့ မီး ထလောင်တယ်" ဟု မြန်မာ ရက်ကန်းသမား ဦးသန်းထွန်းက ပြောသည်။

သူက ဆက်ပြီး "ဆိုင်အတွင်းက ဆိုင်သုံးပစ္စည်းတွေ အကုန်ပါသွားတယ်။ ငွေသား ၂ သောင်း နီးပါးပါတယ်။ မီးလောင်တဲ့အတွက် အာဏာပိုင်တွေ၊ မီးသတ်တွေ ရောက်လာပေမယ့် လူကိုတော့ ဖမ်းဆီးခေါ်ဆောင်သွားခြင်း မရှိဘူး" ဟု ပြောသည်။

မီးလောင်မှုတွင် ပျက်စီးဆုံးရှုံးမှု တန်ဖိုးမှာ အိန္ဒိယရူပီးငွေ ၁ သိန်းနီးပါး ရှိသည်ဟု ဆိုင်နှင့်နီးစပ်သည့် အသိုင်းအ၀ိုင်းက ဆိုသည်။

မီဇိုရမ်ပြည်နယ်မှာ ချင်းပြည်နယ်နှင့် နယ်စပ်ချင်း ထိစပ်နေသည့် အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသ ပြည်နယ်တခု ဖြစ်သည်။

ပြည်နယ်မြို့တော် အိုက်ဇော၌ပင် မြန်မာနိုင်ငံဖွား တိုင်းရင်းသား အလုပ်သမားပေါင်း ထောင်ပေါင်းများစွာ ရောက်ရှိနေပြီး ရက်ကန်း၊ ပန်းတိမ်၊ လမ်းဖောက်၊ ကားဒရိုင်ဘာ၊ အိမ်ဖော်နှင့် ကျဘမ်းအလုပ်များတွင် ၀င်ရောက်လုပ်ကိုင်နေသည်။

စားသောက်ဆိုင်နှင့် ကုန်စုံဆိုင်ပေါင်း ၂၅၀ ကျော်လည်း ဖွင့်လှစ်ထားရှိကာ လမ်းဘေး ပြန်ကျဈေးသည်မှာမူ ဦးရေ ၁၅၀၀ နီးပါးရှိနိုင်ကြောင်း အဆိုပါဒေသတွင် လွန်ခဲ့သည့် ၂၅ နှစ်ခန့် ကတည်းက ရောက်နေပြီး လက်ရှိတွင် မြန်မာလူမှုရေးကိစ္စများ ဆောင်ရွက်နေသူ ကိုဖိုးနီက ခန့်မှန်းပြောဆိုသည်။

ရွေးကောက်ပွဲဝင်မည့် အဖွဲ့များကို ၀န်ကြီးဌာနများက စာရင်းကောက်

မြင့်မောင်
သောကြာနေ့၊ ဇန်နဝါရီလ 23 2009

နယူဒေလီ (မဇ္ဈိမ) ။ ။ ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးအဖွဲ့အစည်းများ၏ အဖွဲ့ဝင်အရေအတွက်နှင့် လုပ်ဆောင်တိုးတက်မှုကို စစ်အစိုးရကိုယ်စားလှယ်များက စာရင်းကောက်ယူ မှတ်တမ်းတင်မှုများ ပြုလုပ်လျက်ရှိသည်။

"ကာကွယ်ရေးဌာန၊ ပြန်ကြားရေးဌာန၊ သက်ဆိုင်ရာ ၀န်ကြီးဌာနတွေက စုံစမ်းမေးမြန်းတာတွေတော့ ရှိပါတယ်" ဟု ၂၀၁၀ ခုနှစ်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲကို ယှဉ်ပြိုင်မည်ဆိုသည့် ၈၈ မျိုးဆက်သစ် ကျောင်းသားလူငယ်များအဖွဲ့ (ပြည်ထောင်စုမြန်မာနိုင်ငံ) မှ ကိုရဲထွန်းက ပြောသည်။

"ဗဟိုအလုပ်အမှုဆောင် ဘယ်လောက်ထိရှိပြီးတော့၊ အဖွဲ့ဝင် ဘယ်လောက်ရှိပြီလဲ။ စည်းရုံးရေးအင်အား ဘယ်လောက်ရှိပြီလဲ။ နယ် ဘယ်လောက်ထိ စည်းရုံးရေး ဆင်းပြီးပြီလဲဆိုတာတွေ မေးတယ်။ ကျနော်တို့က သိချင်လို့ မေးတာလို့ ထင်တယ်။ ဒါပေမဲ့ သူတို့ အလုပ်တခုကို လုပ်နေပါလိမ့်မယ်။ ရွေးကောက်ပွဲအတွက် စုံစမ်းတာလည်း ဖြစ်နိုင်ပါတယ်" ဟု သူက ဆိုသည်။

ယခု ကျောင်းသားလူငယ်အဖွဲ့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်ဒီ) အပါအ၀င် ပင်မအတိုက်အခံ အင်အားစုများက ကန့်ကွက်ထားခဲ့သော အခြေခံဥပဒေကို ထောက်ခံပြီး စစ်အစိုးရ၏ လမ်းပြမြေပုံအတိုင်း လျှောက်လှမ်းမှသာ နိုင်ငံရေးအပြောင်းအလဲဖြစ်မည်ဟု ဆိုသည်။

အန်အယ်ဒီသည် ၁၉၉၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲအပြတ်အသတ်အနိုင်ရခဲ့သော်လည်း စစ်အစိုးရက အာဏာလွှဲပေးရန် ငြင်းဆန်ပြီး စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်သို့ကူးပြောင်းရန် အဆင့်ဆင့်သွားရမည်ဆိုကာ ၂၀၁၀ ခုနှစ်တွင် ရွေးကောက်ပွဲပြန်လည်ကျင်းပမည်ဟု ကြေညာထားသည်။

အခြားသော စစ်အစိုးရလိုလားသော ခေတ်သစ်နိုင်ငံရေးသိပ္ပံ ကျောင်းတော်သားများအဖွဲ့လည်း အလားတူ မေးမြန်းခံရသည်။

"အမျိုးသားနိုင်ငံရေး အင်အားစုက တွဲမိတဲ့လူတွေ ဘယ်သူတွေလဲ။ သူတို့မှာ အင်အား ဘယ်လောက်ရှိပြီလဲ။ ဘယ်မှာအခြေခံသလဲ။ ခေါင်းဆောင်တွေရဲ့ နာမည်တွေ မေးတယ်။ ဖုန်းနံပါတ်တွေ မေးတယ်။ ကျနော့်ကို ၂ ခါရှိပြီမေးတာ။ ဒီနေ့မနက်ကပဲ မေးသွားသေးတယ်။ ပြည်ထဲရေးကလည်း မေးတယ်။ ပြန်ကြားရေး အပိုင်းကလည်း မေးတယ်" ဟု အဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းလွင်က ပြောသည်။

ရွေးကောက်ပွဲဆိုင်ရာ ပါတီများ မှတ်ပုံတင်ခွင့်ဥပဒေကို ယခုထက်ထိ ကြေညာခြင်း မရှိသေးသော်လည်း အလားတူ အဖွဲ့များသည် မဲဆွယ်စည်းရုံးမှုများကို အကန့်အသတ်ဖြင့် ပြုလုပ်နေရာ ဒေသအာဏာပိုင်များကလည်း ပံ့ပိုးမှုပြုပေးနေသည်ဟု ယုံကြည်ရသည်။

မဇ္ဈိမက အတည်ပြုနိုင်သော စာရင်းများအရ ၈၈ မျိုးဆက်သစ် ကျောင်းသားလူငယ်များအဖွဲ့ (ပြည်ထောင်စုမြန်မာနိုင်ငံ) က မကွေး၊ မန္တလေး၊ ပဲခူးတိုင်း၊ ရခိုင်၊ မွန်နှင့် ကရင်ပြည်တို့မှ နေရာအချို့တွင်လည်းကောင်း၊ ခေတ်သစ်နိုင်ငံရေးသိပ္ပံ ကျောင်းတော်သားများအဖွဲ့က ရန်ကုန်နှင့် ဧရာတီတိုင်းတွင်လည်းကောင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည)က ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်းတွင်းရှိ နေရာအချို့တွင်လည်းကောင်း ရွေးကောက်ပွဲကို ဦးတည်သော စည်းရုံးရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည်။

ဝန်ကြီးဌာနများက စုံစမ်းမေးမြန်းလာမှုကို ထောက်ချင့်၍ ပါတီမှတ်ပုံတင်ခွင့်ဥပဒေကို မကြာမီ ထုတ်ပြန်မည်ဟု အဖွဲ့များက ယူဆနေသလို၊ ဥပဒေကို စောစီးစွာ ထုတ်ပြန်စေလိုကြသည်။

"စောစောစီ်းစီး ဥပဒေထွက်ပြီး၊ စောစောစီးစီး စဉ်းစားဆုံးဖြတ်၊ အဲဒါ ပိုမကောင်းဘူးလား။ ကျနော်တို့က ဥပဒေကို မြန်မြန်ထွက်လာပါစေလို့ ဆုတောင်းနေတယ်" ဟု ဦးအုန်းလွင်က ပြောသည်။

ရွေးကောက်ပွဲတွင် ၀င်ပြိုင်လိုသော်လည်း စည်းရုံးရေးဆင်းရန် မ၀ံ့မရဲဖြစ်နေသည့်တဖွဲ့မှာ မန္တလေးအခြေစိုက် ၀ံဿနု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (ပြည်ထောင်စုမြန်မာနိုင်ငံ) ဖြစ်သည်။

ဝံသာနုအဖွဲ့ ပြောရေးဆိုခွင်ရှိသူ ဦးရဲကိုက " ကော်မရှင်က ဘာမှ မလုပ်သေးတဲ့အတွက် ကျနော်တို့က ဘာမှ မလုပ်သေးပါဘူး။ ကျနော်တို့ ဘာမှ မသိရသေးပါဘူး။ ခေတ်သစ်နိုင်ငံရေးသိပ္ပံ ကျောင်းတော်သားများ အဖွဲ့ကတော့ အဲဒါတွေကို ကြိုတင် လှုပ်ရှားနေတယ်။ ဘယ်လိုမှန်းတော့ မသိဘူး။ အဖွဲ့အစည်းတွေကို ဖွဲ့စည်းပေးစေချင်တယ်။ ကျနော်တို့ လွတ်လွတ်လပ်လပ် ပြောချင်တယ်။ ဒါတွေကို ကျနော်တို့က လွတ်လွတ်လပ်လပ် လုပ်ချင်တယ်" ဟု ပြောသည်။

မန္တလေးဝံသာနုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ခွဲထွက်လာခဲ့သူ လူအချို့နှင့် ဖွဲ့စည်းထားသည်။

ရခိုင်တိုင်းရင်းသား ခေါင်းဆောင်ဟောင်း ဦးစောမြအောင် ကွယ်လွန်

မဇ္ဈိမသတင်းဌာန
အင်္ဂါနေ့၊ ဇန်နဝါရီလ 06 2009

နယူးဒေလီ (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံရေးလောကမှ ရခိုင်တိုင်းရင်းသား ခေါင်းဆောင်တဦးဖြစ်သူ ဒေါက်တာ စောမြအောင်သည် ယမန်နေ့ညပိုင်းက ရန်ကုန်မြို့ရှိ သူ၏နေအိမ်တွင် ကွယ်လွန်သွားသည်။

ရခိုင်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) ၏ ဥက္ကဋ္ဌ ဖြစ်သူ ဒေါက်တာ စောမြအောင် (၉၂ နှစ်) သည် မြန်မာစံတော်ချိန် ည ၇ နာရီတွင် လူကြီးရောဂါဖြင့် ကွယ်လွန်သွားခြင်းဖြစ်သည်။

သူသည် ၁၉၉၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ် မြောက်ဦးခရိုင် မဲဆန္ဒနယ်မြေ (၁) ၌ ရခိုင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြှောက်ခံရသည်။

သူ၏ နိုင်ငံရေး လှုပ်ရှားမှုများကြောင့် အခြား နိုင်ငံရေးသမားများနှင့်အတူ အဖမ်းခံခဲ့ရဖူးပြီး ၂၀၀၁ ခုနှစ်တွင် ပြန်လည် လွတ်မြောက်လာခဲ့သည်။

၁၉၉၈ ခုနှစ် စက်တင်ဘာလအတွင်းက ဖွဲ့စည်းခဲ့သော ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPP) တွင် ဥက္ကဋ္ဌ အဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သည်။

(မြင့်မောင် သတင်းပေးပို့သည်)

နာဂစ်အရေး ကူညီသူ ထောင်ဒဏ် ၁၀ နှစ်

မြင့်မောင်
အင်္ဂါနေ့၊ ဇန်နဝါရီလ 06 2009

နယူးဒေလီ (မဇ္ဈိမ)။ ။ နာဂစ်မုန်တိုင်း ဒုက္ခသည်များကို အကူအညီပေးနေရင်း ဖမ်းဆီးခံခဲ့ရသူ တောင်ဒဂုံမြို့သား တဦးကို ယမန်နေ့က ဒဂုံတောင်ပိုင်းခရိုင် တရားရုံးက ထောင်ဒဏ် ၁၀ ချမှတ်လိုက်သည်။

တောင်ဒဂုံတွင် နေထိုင်သူ အသက် ၂၉ နှစ်အရွယ် ကိုခင်မောင်ဝင်းကို ယမန်နေ့ နေ့လယ် ၂ နာရီခန့်က တရားမ၀င် အသင်းအဖွဲ့ဖွဲ့စည်းခြင်းနှင့် နယ်စပ် ဖြတ်ကျော်မှုတို့ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ် ချလိုက်ခြင်း ဖြစ်သည်။

"ကိုခင်မောင်ဝင်းကို အသင်းအဖွဲ့ပုဒ်မ ၅ နှစ်နဲ့ လ၀က (လူဝင်မှုကြီးကြပ်ရေး) ပုဒ်မနဲ့ ၅ နှစ်၊ ပေါင်း အလုပ်နဲ့ ထောင်ဒဏ် ၁၀ နှစ်ချလိုက်တယ်" ဟု အဆိုပါ အမှုနှင့် နီးစပ်သူ ရန်ကုန်မှ ရှေ့နေ ကိုညီညီလှိုင်က မဇ္ဈိမကို ပြောသည်။

တရားရုံးမှ အင်းစိန်ထောင်သို့ ပြန်ခေါ်သွားရန် ထောင်ကားပေါ်သို့ တက်သည့်အခါ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ ခေါင်းဆောင် ကိုမင်းကိုနိုင် ရေးသားခဲ့သည့် 'ကျောင်းနံရံတ၀ိုက်မှာ ဒေါင်းအလံစိုက်မယ်' ဟူသည့် ကဗျာကို အော်ဟစ် ရွတ်ဆိုသွားခဲ့သည်ဟု မျက်မြင်များက ပြောပြကြသည်။

ကိုခင်မောင်ဝင်းသည် စစ်အစိုးရကို ဆန့်ကျင်သည့် အဖွဲ့တခုဖြစ်သော မျိုးဆက်သစ် လှုပ်ရှားမှု အဖွဲ့ဝင်ဖြစ်ပြီး ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ၁၀ ရက်နေ့က လေဘေးဒုက္ခသည်များအား ကူညီနေစဉ် ဖမ်းဆီးခဲ့ရသည်။ မေလ ၂ ရက်နှင့် ၃ ရက်နေ့က တိုက်ခတ်သွားခဲ့သော နာဂစ် ဆိုင်ကလုံး မုန်တိုင်းကြောင့် တသိန်းလေးသောင်းနီးပါး သေဆုံး သို့မဟုတ် ပျောက်ဆုံး ဖြစ်ခဲ့ရသည်။

ကိုခင်မောင်ဝင်းသည် မလေးရှားနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်ခဲ့ပြီး နိုင်ငံကူးလက်မှတ် ပျောက်ဆုံးခဲ့၍ မြန်မာနိုင်ငံတွင်းသို့ နယ်စပ်မှတဆင့် ဖြတ်ကျော် ၀င်ရောက်ခဲ့သည်။

ကိုညီညီလှိုင်က "ပြောရမယ်ဆိုရင် ပတ်စ်ပို့ ပျောက်သွားတဲ့လူ တော်တော်များများက အောက်လမ်းကနေ ပြန်ဝင်လာတာပဲ။ ကိုခင်မောင်ဝင်းကျတော့ နိုင်ငံရေးနဲ့ ဆက်စပ်တဲ့အတွက် ဖြစ်တယ်" ဟု ပြောသည်။

တရားမျှတရေးအတွက် မျိုးဆက်သစ် လှုပ်ရှားမှုအဖွဲ့ကို ၂၀၀၈ ခုနှစ် မတ်လအတွင်းက ရန်ကုန်ရှိ လူငယ်အချို့နှင့် စတင်ဖွဲ့စည်းခဲ့ပြီး အနီရောင်ကင်ပိန်း၊ ဆန္ဒခံယူပွဲတွင် ကန့်ကွက်မဲ ထည့်ဝင်ရေး NO လှုပ်ရှားမှုတို့ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယခုလို ပြစ်ဒဏ် စီရင်ချက် ချသည့်နေ့မှာပင် အင်းစိန်ထောင်ဗူးဝ၌ နှစ်ဖက်မိဘများ ရှေ့မှောက်တွင် တောင်ဒဂုံမြို့သူ အသက် ၂၉ နှစ်အရွယ် မပန်းဖြူဖြူပွင့်နှင့် လက်မှတ်ရေးထိုးကာ လက်ထပ်ခဲ့သည်။

Tuesday, January 6, 2009

ရှားရှားပါးပါး ရန်ကုန်မြို့ ဆန္ဒပြပွဲ၌ ၉ ဦးအဖမ်းခံရ

မဇ္ဈိမသတင်းဌာန
အင်္ဂါနေ့၊ ဒီဇင်ဘာလ 30 2008

ချင်းမိုင် (မဇ္ဈိမ)။ ။ ထိန်းသိမ်းခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် တောင်းဆိုသည့် ရန်ကုန်မြို့တွင် ယနေ့ဖြစ်ပွါးခဲ့သော ဆန္ဒပြပွဲ၌ အတိုက်အခံပါတီအဖွဲ့ဝင် အနည်းဆုံး ၉ ဦး ဖမ်းဆီးခံရကြောင်း အတိုက်အခံ သတင်းရပ်ကွက်များနှင့် မျက်မြင်သက်သေများ၏ အပြောအရ သိရပါသည်။

ဆန္ဒပြသူများသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင်၏ ဓါတ်ပုံနှင့် “ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေး” ဟူသည့် နဖူးစည်းစာတန်းများကို ကိုင်ဆောင်၍ ယခုအခါ အသုံးမပြုတော့သော လွှတ်တော် အဆောက်အဦရှေ့တွင် အင်္ဂါနေ့မွန်းလွဲပိုင်းက ဆန္ဒပြခဲ့ကြရာ ယင်းတို့ကို လုံခြုံရေး တပ်ဖွဲ့ဝင်ရဲများက ဖမ်းဆီးသွားကြသည်ဟု NLD ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက မဇ္ဈိမကို ပြောပါသည်။

"ကျနော် သိတာတော့ ၇ ယောက်ကို ဖမ်းသွားတယ် ပြောတယ်၊ ဒါပေမဲ့ တချို့က ပြောတာက အားလုံး ၉ ယောက်တဲ့" ဟု ဦးဥာဏ်ဝင်းက ပြောပါသည်။

ဗဟန်းမြို့နယ် အနောက်ရွှေဂုံတိုင်လမ်းရှိ ပါတီဌာနချုပ်တွင် ကျင်းပသော အစည်းအဝေးကို တက်ရောက်အပြီးတွင် NLD လူငယ်အဖွဲ့ဝင် အနည်းဆုံး ၉ ဦးသည် လမ်းမပေါ်သို့ ထွက်လာ၍ ချီတက် ဆန္ဒပြကြရာ ယင်းတို့ကို အာဏာပိုင်များက ယခုအခါ အသုံးမပြုတော့ပြီဖြစ်သော လွှတ်တော် အဆောက်အဦအနီးတွင် ဖမ်းဆီးသွားခဲ့ကြောင်းဖြင့် မျက်မြင်သက်သေတဦးက ပြောပါသည်။

အင်္ဂါနေ့တိုင်း NLD ပါတီက ဆွေးနွေးပွဲများ ပုံမှန်ကျင်းပလေ့ရှိရာ ယနေ့ဆွေးနွေးပွဲတွင် မကြာသေးခင်က ထောင်ဒဏ် နှစ်ရှည်ကျခံပြီး ပြန်လည်လွတ်မြောက်လာသူ ပါတီ အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးခင်မောင်ဆွေက မျက်မှောက်နှင့် ခေတ်ပြိုင် မြန်မာ့နိုင်ငံရေး ခေါင်းစဉ်ဖြင့် ဦးဆောင် ဆွေးနွေးခဲ့သည်ဟု ဦးဥာဏ်ဝင်းက ဆိုသည်။

အဆိုပါ အစည်းအဝေးသို့ တက်ရောက်ခဲ့သူ မျက်မြင်သက်သေများက လုံခြုံရေး တပ်ဖွဲ့ဝင် ရဲများသည် ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို အမည်မသိ နေရာသို့ ခေါ်ဆောင်မသွားမီ ရိုက်နှက်၍ ဖမ်းဆီးခဲ့သည်ဟု ပြောပါသည်။

အဆိုပါ မျက်မြင်သက်သေများ၏ အဆိုအရ ထိုသို့ ဖမ်းဆီးခံခဲ့ရသူများမှာ မထက်ထက်ဦးဝေ၊ ကိုထွန်းထွန်းဝင်း၊ ကိုရဲနီ၊ ကိုဝင်းမြင့်၊ ကိုသက်မောင်ထွန်း၊ မပြည့်ပြည့်၊ ကိုမင်းသိန်း၊ ကိုအောင်ဖြိုးဝေ၊ ကိုကောင်းထက် နှင့် ကိုကောင်းထက်လှိုင် တို့ ဖြစ်ကြသည်ဟု ဆိုသည်။

(မြင့်မောင် ဖြည့်စွက်ရေးသား ပေးပို့သည်)

မီဇိုရမ်မှာ မြန်မာစားသောက်ဆိုင် မီးလောင်

မြင့်မောင်
တနင်္လာနေ့၊ ဇန်နဝါရီလ 05 2009

နယူးဒေလီ (မဇ္ဈိမ)။ ။ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် အိုက်ဇောမြို့ ဈေးကြီးတွင် ဖွင့်လှစ်ထားသည့် မြန်မာစားသောက်ဆိုင် တဆိုင်တွင် ယမန်နေ့က ဂက်(စ်)အိုး ပေါက်ကွဲမှုကြောင့် မီးလောင်မှု ဖြစ်ပွားခဲ့သည်။

မန္တလေးတိုင်း အမရပူရမြို့နယ်မှ ကိုထွန်းထွန်းဆိုသူ ပိုင်ဆိုင်သည့် စားသောက်ဆိုင်တွင် ယမန်နေ့ နံနက် ၁၀ နာရီခန့်က ဂက်(စ်) သဘာဝဓာတ်ငွေ့ဖြင့် ချက်ပြုပ်နေစဉ် ဂက်(စ်)အိုးဝါရှာ မလုံရာမှ မီးကူးစက်ကာ ပေါက်ကွဲ လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။

"ဂက်(စ်)အိုးက ပထမ တအိုး ကုန်တော့မှာဆိုတော့ ကုန်ခါနီးကို လဲတဲ့ အခါကျတော့ နောက်တအိုး ဖောက်တာ။ ဖောက်တဲ့အိုးက ၀ါရှာ မကောင်းတဲ့အခါကျတော့ ဂက်(စ်)ခေါင်း မတပ်ခင် ပန်းထွက်တဲ့အတွက် ချက်နေတဲ့ မီးစက ကူးသွားလို့ မီး ထလောင်တယ်" ဟု မြန်မာ ရက်ကန်းသမား ဦးသန်းထွန်းက ပြောသည်။

သူက ဆက်ပြီး "ဆိုင်အတွင်းက ဆိုင်သုံးပစ္စည်းတွေ အကုန်ပါသွားတယ်။ ငွေသား ၂ သောင်း နီးပါးပါတယ်။ မီးလောင်တဲ့အတွက် အာဏာပိုင်တွေ၊ မီးသတ်တွေ ရောက်လာပေမယ့် လူကိုတော့ ဖမ်းဆီးခေါ်ဆောင်သွားခြင်း မရှိဘူး" ဟု ပြောသည်။

မီးလောင်မှုတွင် ပျက်စီးဆုံးရှုံးမှု တန်ဖိုးမှာ အိန္ဒိယရူပီးငွေ ၁ သိန်းနီးပါး ရှိသည်ဟု ဆိုင်နှင့်နီးစပ်သည့် အသိုင်းအ၀ိုင်းက ဆိုသည်။

မီဇိုရမ်ပြည်နယ်မှာ ချင်းပြည်နယ်နှင့် နယ်စပ်ချင်း ထိစပ်နေသည့် အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသ ပြည်နယ်တခု ဖြစ်သည်။

ပြည်နယ်မြို့တော် အိုက်ဇော၌ပင် မြန်မာနိုင်ငံဖွား တိုင်းရင်းသား အလုပ်သမားပေါင်း ထောင်ပေါင်းများစွာ ရောက်ရှိနေပြီး ရက်ကန်း၊ ပန်းတိမ်၊ လမ်းဖောက်၊ ကားဒရိုင်ဘာ၊ အိမ်ဖော်နှင့် ကျဘမ်းအလုပ်များတွင် ၀င်ရောက်လုပ်ကိုင်နေသည်။

စားသောက်ဆိုင်နှင့် ကုန်စုံဆိုင်ပေါင်း ၂၅၀ ကျော်လည်း ဖွင့်လှစ်ထားရှိကာ လမ်းဘေး ပြန်ကျဈေးသည်မှာမူ ဦးရေ ၁၅၀၀ နီးပါးရှိနိုင်ကြောင်း အဆိုပါဒေသတွင် လွန်ခဲ့သည့် ၂၅ နှစ်ခန့် ကတည်းက ရောက်နေပြီး လက်ရှိတွင် မြန်မာလူမှုရေးကိစ္စများ ဆောင်ရွက်နေသူ ကိုဖိုးနီက ခန့်မှန်းပြောဆိုသည်။

ရခိုင်တိုင်းရင်းသား ခေါင်းဆောင်ဟောင်း ဦးစောမြအောင် ကွယ်လွန်

မြင့်မောင်(မဇ္ဈိမသတင်းဌာန)