Sunday, July 25, 2010

ဒေါ်အောင်ဆန်းစုကြည် တသီးပုဂ္ဂလအဖြစ် ရွေးကောက်ပွဲဝင်သင့်တယ်လို့ ပြောကြရင်

ခိုင်အောင်ကျော် ( နယူးယောက် )

ဗီယက်နမ်နိုင်ငံ ဟနွိုင်မြို့ မှ ဒေသတွင်းလုံခြုံရေးဆိုင်ရာညီလာခံကို အာဆီယံညီလာခံနှင့် တဆက်တည်း ကျင်းပ ခဲ့ကြသည်။ ယင်း ညီလာခံ မှာ အာဆီယံနိုင်ငံတွေကပါ အနောက်နိုင်ငံတွေကပါ ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ် သက်၍ ဝေဖန်ခဲ့ကြသည်။ ထောက်ပြခဲ့ကြ သည်။ တောင်းဆိုခဲ့ကြသည်။ နောက်ဆုံးမှာ စစ်အစိုးရ နိုင်ငံခြား ရေးဝန်ကြီး ဦးညာဏ်ဝင်းက အရှက်မရှိ ပြောသံကြားရသည်။ ယင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို မကန့်သတ် ထား၍ နေအိမ်အကျယ်ချုပ်မှ လွပ်မြောက်လာလျှင် ရွေးကောက်ပွဲကို ၀င်ပြိုင်နိုင်ပါသည်ဟု ပြော သွားခြင်းဖြစ်သည်။

သူပြောချင်သည်က သူတို့မှာ ဒေါ်အောင်န်းစုကြည်အား တရားသဖြင့် ဖမ်းဆီးထားရခြင်းဖြစ်သည်။ အပြစ်မှ လွပ်မြောက်ပြီဆိုလျှင် ရွေးကောက်ပွဲကို ၀င်လို့ရပြီဆိုသော သဘောဖြစ်သည် ။ သာမန်လူတယောက်အနေနှင့် ဆိုလျှင် ဤစကားသည် အလွန်လှပသော ကရုဏာရသမြောက်သော စကားလုံးဖြစ်ပါလိမ့်မည်။ ဒေါ်အောင်ဆန်း စုကြည် အတွက်မှာမူ ဟာသတပုဒ် သို့မဟုတ် ရယ်စရာ စကား တခွန်း အဖြစ် မှတ်ယူပါလိမ့်မည်။

ဒေါ်အောင်ဆန်းစုကြည်မှာ မြန်မာနိုင်ငံ၏ ဒီမိုကရေစီခေါင်းဆောင်ဖြစ်နေသည်။ ပြည်သူတရပ်လုံး၏ ဒီမိုကရေစီ မိခင်ဖြစ် နေသည်။ စစ်အစိုးရသည် မည်သည့်အခါမျှ ဒေါ်အောင်ဆန်းစကြည်အား နိုင်ငံတော်အာဏာကို လွဲပြောင်းပေးလိုသည်မဟုတ်။ အကယ်၍ ကနေ့လမ်းပေါ်ထွက်ပြီး ရပ်ပြလျှင်ပင် ဒေါ်အောင်ဆန်းစုကြည် နောက်မှ ပြည်သူတရပ်လုံး ရှိနေပေလိမ့်မည်။ ဒီပဲယင်းအရေးအခင်းတွင် လက်နက်မဲ့ပြည်သူတို့မှာ ရက်ရက်စက်စက် အသတ်ခံခဲ့ရပါသည်။ ယခုအချိန်ထိ အဖမ်းဆီးခံနေကြရသည်။ တချို့ ထောင်ထဲတွင် ရှိနေကြတယ် ဆိုကြပါစို့ ။

ယခုသာ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ ၀င်ရန်အတွက် လမ်းပေါ်ထွက်ပြီး ရပ်ပြလိုက်လျှင် ဒေါ်သန်း သန်းနု၊ ဒေါ်ချိုချို ကျော်ငြိမ်း၊ ဒေါ်နေရီဘဆွေ တို့ထက်တော့ မဲဆွယ်စည်းရုံးရေးကောင်းမည်မှာ သေချာလှပါ သည်။ သူတို့လည်း ၀န်ကြီးဟောင်းများ၏ သား သမီးများ ဖြစ်ပါလျှက်ကယ်နှင့် မြန်မာနိုင်ငံအတွင်းတွင် ဒေါ်အောင်ဆန်းစုကြည်ထက် အနေများသူများဖြစ်ပါလျှက်ကယ်နှင့် ပြည်သူတွေ က ဘာကြောင့်များ သူတို့အပေါ် စိတ်မ၀င်စားပါ သနည်း။

စင်စစ်အားဖြင့် ဒီပဲယင်းအရေးအခင်းသည် ဒေါ်အောင်ဆန်းစုကြည်အား လုပ်ကြံသောအရေးအခင်းဖြစ်သည်။ သို့သော် သေကံမရောက် သက်မပျောက်ခဲ့။ ကံကြမ္မာသည် ဒေါ်အောင်ဆန်းစုကြည်အား မျက်နှာသာ မပေးခဲ့ သေးပါ။ အမေရိကန်မှ မဆီမဆိုင်ပုဂ္ဂိုလ်တဦးဖြစ်သူ မစ္စတာဂျွန်ယက်ထော ဆိုသူက အင်းယားကန်မှ ရေကူးပြီး ၀င်ရောက်သွားခဲ့သည်။ သူကား ပထမတကြိမ်က ၀င်ရောက်ခဲ့ပြီမို့ ယခု အကြိမ်မှာ ဒုတိယအကြိမ်ဖြစ်သည်။

ယင်းပြသနာကြောင့်ဒေါ်အောင်ဆန်းစုကြည်မှာ ဦးစွာအင်းစိန်ထောင်ရောက်သွားရပြီး နောက်မှ နေအိမ် အကျယ် ချုပ်ကျခံ နေရသည်။ ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေထုတ်သောအခါ အကျဉ်းကျနေသူများ၊ နေအိမ်အကျယ်ချုပ် ကျခံနေရသူများ မပါရဟု ထုတ်ထားသည်။ ကာယကံရှင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်မှာ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေသည် လူတယောက်ကိုသက်သက်ရည်ညွှန်းပြီး ထုတ်ထား ကြောင်း သိစေနိုင်ပါသည်။ ဒီတော့ ဤရွေး ကောက်ပွဲ ဥပဒေကို ဘာများ ပြောစရာလိုပါတော့မည်နည်း။

နောက်တချက်မှာ ၂၀၀ရ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုသည်ကိုလည်း ဒေါ်အောင်ဆန်းစကြည်မှာ တစက်ကလေးမျှ စဉ်းစားသူမဟုတ်။ အဓိကမှာ ၁၉၉၃ ခုနှစ်က အမျိုးသားညီလာခံဟု ခေါ်ဆိုသော ညောင်နှစ်ပင်မှ ဖြစ်ပေါ် လာသည့် ယင်းဖွဲ့စည်းပုံအခြေခံဥပဒေသည် အတုအယောင် အလိမ်အညာ ဥပဒေဖြစ်ကြောင်း ပြောဆိုထား သူလည်းဖြစ်သည်။ပြီးတော့ တကယ်တမ်း မြန်မာနိုင်ငံတော်အတွက် နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေ တရပ်ကို မည်သူက ရေးဆွဲ အကောင်အထည် ဖေါ်ဆောင်ရမည်နည်း ဆိုသည်ကိုလည်း သာမန်နိုင်ငံရေးသမား ပေါက်စ ကလေးများတောင် သိပါသည်။

ဤကဲ့သို့အနေအထားမှာ ယင်းဖွဲ့စည်းပုံအခြေခံဥပဒေကို အသိအမှတ်ပြုပါသည်ဟု ဒေါ်အောင်ဆန်းစုကြည်က မည်သို့ခံယူပါမည် နည်း။ ထို့ကြောင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံမတင်ခဲ့ခြင်း ဖြစ် သည်။ ပြောရလျှင် ၂၀၁၀ ရွေးကောက်ပွဲကို အသိအမှတ်မပြုဟု ကြေညာလိုက်သလို သပိတ်မှောက်သည်ဟု လည်း နိုင်ငံတကာကို ကြေညာလိုက်ခြင်းဖြစ်သည်။

ရွှေဂုံတိုင်ကြေညာစာတမ်းတွင် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖေါ်ပေးရန် တောင်းဆို ထား ပါသည်။ တနည်း နည်းအားဖြင့် အသိအမှတ်ပြုရန် တင်ပြထားပါသည်။ နအဖစစ်အစိုးရသည် တခါတခါ တုံးသလိုလိုနှင့် လည်လွန်းပါသည်။ သူတို့ အကြောင်း သိသာနိုင်သည်။ မည်သည့်အခါမျှ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုရေး သစ္စာရေသောက်ထားသလို ခပ်တင်းတင်းတောင့်ခံထားကြပါသည်။

စကားအနေဖြင့်တောင် သူတို့နှုတ်မှ ထုတ်ဖေါ်ပြောဆိုခြင်းမပြု။ တခါတလေ ယောင်ယမ်း၍ ၂၀၀ရ ခုနှစ် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ပြန်လည်ပြုပြင်လျှင် ပြည်သူ့လွှတ်တော်တွင် ပြုပြင်နိုင်ပါသေးသည်ဆိုသော စကား မျိုးကိုတောင် ဝေဖန်ပြောဆိုခွင့် ပြုလုပ် ပေးပါသေးသည်။ လက်တွေ့တွင်မူ သူတို့မှာ ယင်းဖွဲ့စည်းပုံကို အထိ မခံ ရွှေပုဂံဖြစ်သည့်အနေအထားဖြစ်သည်။ မည်သည့် အတွက် ဆိုလျှင် ယင်းမှာ စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်ရေး ဖြစ်နေသောကြောင့်ဖြစ်ပါသည်။

၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ရခြင်းမှာ ယင်းအချက်သည် အဓိကအနေဖြင့် ရှိနေသောအချက်တချို့ ထဲမှ တချက်ဖြစ်ပါ သည်။ စ်အစိုးရသည် ပထမအကြိမ်ကပင် ဂတိသစ္စာတည်ခဲ့သူမဟုတ်။ အကယ်၍ မြန်မာ နိုင်ငံကို ပြောင်းလဲလိုလျှင် ၉၀ ခုနှစ်ကပင် အာဏာ လွဲပြောင်း လိုက်သည်နှင့် လုံးဝပြောင်းလဲ သွားနိုင်သော လက္ခာများ ရှိသည်။ ထိုင်းနိုင်ငံကို လေ့လာကြည့်က သိသာနိုင်ပါသည်။ ကျနော်တို့ တခါတခါ ကြားနေရပါသည်။

ရန်ကုန်လေဆိပ်မှ ထွက်လိုက်သည်နှင့် ထိုင်းနိုင်ငံကိုရောက်ပြီဆိုလျှင် အရာခပ်သိမ်းတို့မှာ မည်သို့မျှ ပြော၍ မရတော့ဟု ဆိုသံကြား ရပါသည်။ အားလုံးကွဲပြား ခြားနေသည်မှာ ရှက်စရာဟု ပြောကြပါသည်။ လွန်ခဲ့သော ၁၉၆၃ ခုနှစ်က မြန်မာနိုင်ငံတွင် လေယဉ်လေးစီး ရှိသည်။ ယင်းအချိန်မှာ ထိုင်းနိုင်ငံတွင်လည်း လေယဉ်မှာ လေးစီး ရှိသည်။ နှစ်ပေါင်း ၃၀ အကြာ ၁၉၉၃ ခုနှစ်တွင်မူ ထိုင်းနိုင်ငံတွင် လေယဉ်ပျံတွေ ၁၅ မိနစ် တစီးကျ နိုင်ငံတကာကို ပျံသန်းနေပြီ။ ကမ္ဘာတ၀ှမ်းလုံးသို့ ပျံသန်းထွက်ခွါနေပုံကို တီဗွီမှာ ပြသနေသောအခါ ယပ်တောင် ဖြန့်သလို ဖြာသွားနေသော လေယဉ်လမ်းကြောင်းတို့မှာ အံ့သြလောက်အောင် များပြားလွန်းနေပါသည်။ မြန်မာ နိုင်ငံတွင်မူ ယခုအချိန်ထိလည်း လေယဉ်မှာ လေးစီးသာရှိနေပါသေးသည်။ ပြောချင်သည်မှာ မဆလ၏ စနစ်ဆိုး ကြောင့်ဖြစ်ပျက်နေသော စီးပွား ရေး ကြောင့်မည်သည့်အရာမျှ တိုးတက်ဖြစ် ထွန်းမူမရှိကြောင်း ပြောဆိုခြင်းဖြစ် သည်။

ယခုလည်းမည်သည့်အရာများ တိုးတက်ပြောင်းလဲမူ ရှိပါသနည်း။ လူမူအဆောက်အအုံတို့မှာ ပြောင်းလဲလာ သည်ဟု ယေဘူယျ ပြောလျှင် ရတတ်ပါသည်။ တံတားတွေ တိုက်တာတွေ တည်ဆောက်ထားသည်မှာ သူ့မြို့ သူ့ ရွာ အတိုင်းအတာနှင့် တည်ဆောက် ထား သည်မှာ ရှိနေပါသည်။သို့သော် ပြည်သူတရပ်လုံး၏ စီးပွားရေး ချွတ်ချုံ ကျနေမူကို ငြင်း၍တော့မရနိုင်။ ထို့ကြောင့်လည်း အမေရိကန်နှင့် ဥရောပနိုင်ငံတို့မှ စီးပွါးရေးပိတ်ဆို့မူ ကြောင့် စီးပွားရေးပြသနာဖြစ်ရသည်။ အလုပ်လက်မဲ့ပြသနာဖြစ်ရပါသည်။ ယင်းမှာ ဒေါ်အောင်ဆန်း စုကြည်ကြောင့် ဖြစ်ရ ပါသည်ဟု စစ်အစိုးရမှ ငြင်းချက်ထုတ်သည်။

မိမိတို့၏ စနစ်ဆိုးကြောင့်ဤသို့စီးပွါးရေးကပ်ဆိုက်၍ ကမ္ဘာတွင် အဆင်းရဲ ဆုံးနိုင်ငံဖြစ်ရသည်ကို ၀န်မခံ။ ပြော နိုင်သည်မှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည်သာ ၁၉၉၀ ခုနှစ်က အာဏာလွှဲပြောင်း ရရှိခဲ့လျှင် မည်သို့မျှ အဆင်းရဲဆုံး နိုင်ငံစာရင်း ၀င်မည်မဟုတ်။ အကြောင်းမှာ ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတကာမှ လုံးဝယုံကြည်ပြီး ထောက်ခံမူ ပေးနေကြခြင်းဖြစ်သည်။ ဥပမာပြောရလျှင် ဓနသဟာ နိုင်ငံများမှ သန်းပေါင်း ၁၀၀၀ ထောက်ပံ့ကူညီပါမည်။ ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံဆွေးနွေးပွဲ လုပ်ရန် တိုက်တွန်းပြီး ၉၀ ခုနှစ်ရွေေးကာက်ပွဲရလဒ်ကို အကောင်အထည်ဖေါ်ပါဟု တိုက်တွန်းခဲ့သည်။ လွန်ခဲ့သော ဆယ်စုနှစ်က တိုက်တွန်းခဲ့သော်လည်း နအဖစစ်အုပ်စုသည် ယင်းအချက်ကို လက်မခံချေ။

နိုင်ငံရေးသမားတို့မှာ နိုင်ငံကကောင်းစားရေးအတွက် ကိုယ်ကျိုးစွန့်အနစ်နာခံကြရပါသည်။ တိုင်းပြည်အုပ်ချုပ် မင်းလုပ်သောအခါ တွင်လည်း နိုင်ငံသူနိုင်ငံသားတို့အား အေးအတူပူအမျှ ရင်အုပ်နှင့်မကွာ စောင့်ရှောက် အုပ်ချုပ် ထိမ်းသိမ်းပေးရပါသည်။ ယင်းအမျိုးအစား ထဲမှာ ဒေါ်အောင်ဆန်းစုကြည်၏ အရည်အချင်းနှင့် ကိုက်ညီ နေသည်ကို တွေ့ရှိရပါလိမ့်မည်။ စစ်အစိုးရမှာမူ သူတို့၏ မိသားစု ကောင်း စားရေးနှင့် စစ်အာဏာရှင်စနစ် ရှည်ကြာဖို့အတွက် အာဏာကိုမည်သည့်အခါမျှ လွဲပြောင်းပေးရန် စိတ်ကူးထားမူမရှိချေ။ မြောက်ကိုး ရီးယား နိုင်ငံမှ နျူကလီးယားလက်နက်စက်ရုံတည်ဆောက်ထားမူကို ကမ္ဘာကြီးမှ သိရှိသွားပြီဖြစ်သည်။

ချမ်းသာကြွယ်ဝသောနိုင်ငံများအနေဖြင့် ယခင်က နျူကလီးယား လက်နက်စက်ရုံတည်ဆောက်ကြသည့်တိုင် နျူကလီးယားလက်နက် မပြန့်ပွါးရေးစာချုပ်ကို ချုပ်ဆကြရပါသည်။ ဆင်းရဲဆုံးသောနိုင်ငံပါဟု အသိအမှတ် ပြု ခြင်းခံရသော မြန်မာနိုင်ငံတွင် ဒေါ်လာပေါင်းများ စွာ ကုန်ကျသော နျူကလီးယား စက်ရုံတည်ဆောက်မူမှာ စဉ်း စားစရာဖြစ်ပါသည်။ ပြည်သူတို့ထမင်းငတ်နေကြချိန် နျူကလီးယား လက်နက် စက်ရုံတည်ဆောက်ရန် လိုအပ် နေပါသလားဟု မေးခွန်းတွေ ထုတ်နေကြပါသည်။

ပြည်သူတွေမှာထမင်းငတ်နေကြသော်လည်း နအဖစစ်အုပ်စုမှာ ကျိကျိတက်ချမ်းသာ ကြွယ်ဝနေကြပါသည်။ သားသမီးများကို နိုင်ငံခြားတွင် အဆင့်မြင့်ပညာများးကို သင်ကြားနေစေပါသည်။ ပြည်သူများ၏သားသမီးများမှာ တက္ကသိုလ်ကျောင်းများတွင် ကျောင်းတက်နိုင်ဖို့အရေး ကျောင်းကားခ ဈေးကြီးပေးမစီးနိုင်သောကြောင့်ဆန္ဒပြ တောင်းဆိုနေကြရပါသည်။ တပ်မတော်ထဲမှ အရာရှိအရာခံ အကြပ်တပ်သားတို့၏ သားသမီးတို့မှာ တက္ကသိုလ် ကျောင်းများကို တက်နိုင်သည့်အနေအထား မရှိကြချေ။

သို့သော် စစ်ဗိုလ်ချုပ်သားသမီးတို့မှာ အေးအေးဆေးဆေး တက္ကသိုလ်ကျောင်းကို ကိုယ်ပိုင်ကားနှင့် ကျောင်း တက်နေကြသည်။ နအဖစစ်တပ်တွင် စစ်မူထမ်းနေသော တပ်မတော်သားတို့မှာ တပ်မှထွက်ခွင့်တောင်း သော် လည်း ထွက်စာမရသော ကြောင့်ပြသနာ များဖြစ်နေကြသံ ကြားရပါသည်။တချို့မှာ တပ်မှထွက်ပြေး နေကြ ပါသည်။ နအဖစစ်တပ်၏ဖွဲ့စည်းပုံတွင် တပ်သားစစ်သည်အင်အား လေးသိန်းကျော်သည်ဟု ကြေညာထားသည်။ သို့သော်ယင်းလောက်မရှိကြောင်းလည်း ထောက်ပြကြပါသည်။ ထို့ကြောင့်လည်း အသက်မပြည့်သူ ကလေးငယ် များကို ဖမ်းဆီးပြီးလိမ်ညာပြီး စစ်တပ်ထဲ ဆွဲသွင်းနေသံများကို ကြားနေရပါသည်။

နအဖစစ်တပ်မှာ နျူကလီးယားလက်နက်များသာ ပိုင်ဆိုင်သွားပါက ၂၀၁၀ ရွေးကောက်ပွဲတွင် မဲအနိုင်ရရှိ သူများ ကို အာဏာလွဲပြောင်းသွားမည်ဟု မထင်ရချေ။ ၂၀၁၃ ခုနှစ်တွင် နျူကလီးယားလက်နက် စက်ရုံတည် ဆောက်မူ ပြီးစီးသွားနိုင်သည်ဟု ခန့်မှန်းထားကြပါသည်။ တချိန်တည်းမှာ သဘာဝဓါတ်ငွေ့မှ ရရှိမည့် အမေရိကန် ဒေါ်လာ ငွေ သန်းပေါင်း ၁၀၀၀ ကျော်သည်လည်း ၂၀၁၃ ခုနှစ်တွင်ပင် နှစ်စဉ်ရရှိမည်ဖြစ်ပြီး နှစ်ပေါင်း ၄၀ နှစ်ထိ ကြာမြင့် စွာရရှိမည်ဖြစ်ပါသည်။စစ်အစိုးရသည် ၈၈ ခုနှစ်က အာဏာသိမ်းသည့်အချိန်က နိုင်ငံခြားလိုငွေ ပြနေခဲ့သော် လည်း တိုင်းပြည်ကို သေနတ်ဖြင့် ခြိမ်းခြောက်အုပ်ချုပ်နိုင်ခဲ့သည်။

ယင်းအချိန်က ငွေကြေးတပြားတချပ်မျှ မရှိချိန်တွင်ပင် ရပ်တည်နိုင်ခဲ့ပါသည်။ ယခုလို အမေရိကန် ဒေါ်လာ သန်းပေါင်း ၁၀၀၀ ကျော်ကို ရရှိမည်ဆိုပါက မည်သူကများ အာဏာကို လွဲပြောင်းပေးပါမည်နည်း။ ဤအချက်မှာ အထူးစဉ်းစားရမည့်ပြသနာဖြစ်ပါသည်။

ဒီတော့ စစ်အစိုးရသက်ဆိုးရှည်စေဖို့ ကျနော်တို့က ရွေးကောက်ပွဲကို အသက်ဆက်ပေးရပါမည်လား။ ၂၀၁၀ ရွေးကောက်ပွဲတွင် စစ်အစိုးရက ကြောထောက်နေက်ခံပြုထားသော ကြံ့ဖွံနှင့် တစညပါတီတို့မှ အနိုင်ရရှိခဲ့လျင် သူတို့က အစိုးရဖွဲ့ရန်ထိ ကြိုတင်ပြင်ဆင်ထားပါသည်။ သူတို့မှာ ဖိနပ်သိန်းစိန်က ၀န်ကြီးချုပ် ဘ၀နှင့်ပင် ရွေး ကောက်ပွဲကို ၀င်ရန်ပြင်ဆင်ထားပါပြီ။ အကယ်၍ ဖိနပ်သိန်းစိန်တို့ အနိုင်ရရှိသွားလျှင် သမတမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဖြစ်ရန် သေချာနေပါသည်။ အကြောင်းကား သမ္မတမှာ စစ်မှူထမ်းအတွေ့အကြုံရှိရမည်ဟု ၂၀၀၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေက အတိအလင်းဖွင့်ဆိုထားပါသည်။ ယင်းဥပဒေကို မည်သည့်နိုင်ငံရေး
သမားတို့ကမျှ အရေင်ပြောင်း၍မရနိုင်။

ကျနော်တို့ထက်ဒေါ်အောင်ဆန်းစုကြည်က ပို၍သိပါသည်။ ပြီးတော့ နိုင်ငံရေးအကျဉ်းသားများကို မလွတ်ပေး လျှင် လက်မခံဟုလည်း ပြောထားသူဖြစ်ပါသည်။ စစ်မှန်သောဒိမိုကရေစီနှင့် လူ့အခွင့်အရေးကို သိရှိနားလည် သော ဒေါ်အောင်ဆန်းစုကြည်မှာ နေအိမ်အကျယ်ချုပ်မှ လွပ်မြောက်လာလျှင် ရွေးကောက်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်နိုင်ခွင့်ရှိသည်ဟု နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းပြောသောစကားကို ကြားရပါပြီ။ မြန်မာနိုင်ငံရေး လေ့လာရေးအဖွဲ့က ပုဂ္ဂိုလ်တဦးကမူ ဒေါ်အောင်ဆန်းစုကြည်အား တသီးပုဂ္ဂလအဖြစ် ရွေးကောက်ပွဲတွင် ပါဝင် သင့်သည်ဟု ခန့်မှန်းပြောဆိုသုံးသပ်ပြသည်ဟု ခေတ်ပြိုင်ဂျာနယ်၌ ဖတ်လိုက်ရသည်။

ဤမျှတုံးသော အသောပုဂ္ဂိုလ်က မြန်မာ့နိုင်ငံရေးလေ့လာရေးအဖွဲ့တွင် ရှိနေသည်ဆိုတော့ ကျနော်ဖြင့် နားမ လည်။ ကျနော် နားလည်သည်မှာ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုသော မိခင် ပါတီရှိသည်။ ယင်းပါတီကို ပြည်သူတွေကချစ်သည်။ ပြည်သူတွေက ရင်ထဲမှာ ယခုထက်ထိ လက်ခံထားသည်။ စစ်အုပ်စုထံတွင် မှတ်ပုံတင်ခြင်းမတင်ခြင်းက အကြောင်းမဟုတ်။ပြီးတော့ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင် ရရှိခဲ့သောအဖွဲ့ချုပ်ဖြစ်သည်။ဤအဖွဲ့ချုပ်သည် နှစ်ခါအလိမ်မခံနိုင်သလို နှစ်ခါလည်း ပြိုင်နေစရာ အကြောင်းမရှိ။

စင်စစ်အားဖြင့် ဒေါ်အောင်ဆန်းစုကြည်သာ တကိုယ်ကောင်းစိတ်ရှိမည်ဆိုပါက ပြည်သူတို့၏ ဒီမိုကရေစီ မိခင် အဖြစ် ဂုဏ်ပြုနေကြမည်မဟုတ်။ ကမ္ဘာကလည်း လေးစားမည်မထင်။ယခုတော့ ပြည်သူကကော ကမ္ဘာကကော လေးစားချစ်ခင်မြတ်နိုးကြသည်မှာ အံ့သြစရာဖြစ်သည်။ပြီးတော့ စစ်အစိုးရပြုလုပ်သော ၂၀၁၀ ရွေးကောက်ပွဲ ကကောမည်ကဲ့သို့များ ကြက်သရေရှိနေပါသနည်းဟုမေးစရာရှိသည်။ ထို့ကြောင့်လည်း ကျနော်ပြောချင်ပါ သည်။

ဒေါ်အောင်ဆန်းစုကြည်အား တသီးပုဂ္ဂလအဖြစ် ရွေးကောက်ပွဲဝင်သင့်သည်ဟု ပြောသူသည် စစ်အစိုးရ၏ ဒလံသူသျိုမှလွဲ၍ အခြားပုဂ္ဂိုလ်မျိုးတော့မဖြစ်နိုင်ကြောင်း ပြောဆိုရုံမှ အပ အခြားမရှိချေ။ အဘယ့်ကြောင့် ဆိုသော် ဒေါ်အောင်ဆန်းစုကြည်က မှတ်ပုံမတင်ခိုင်းသလို ပြည်သူတွေကိုလည်း မဲမပေးရန် တိုက်တွန်းထား သူ ဖြစ်သည်မို့ မည်သည့်အခါမျှ ဒီမိုကရေစီကို ကြောခိုင်းသွားမည့်သူမျိုးမဟုတ်မှန်း ပြောချင်ပါသည်။

Friday, July 23, 2010

ပဲဈေးကွက် ရောင်းအားကျဆင်း

မြင့်မောင်
ဇူလိုင်လ ၁၄ ရက်၊ ၂၀၁၀ ခုနှစ်။

နယူးဒေလီ ။ ။ နိုင်ငံခြား တင်ပို့သည့် ပဲမျိုးစုံဈေးကွက် တည်ငြိမ်မှု မရှိသဖြင့် ပဲကုမ္ပဏီများက ၀ယ်ယူလိုခြင်း မရှိသောကြောင့် ပြည်တွင်း ပဲဈေးများ ကျဆင်းနေကြောင်း ပဲလုပ်ငန်းရှင်များနှင့် ပဲအ၀ယ်ဒိုင်များက ပြောဆိုကြသည်။

မတ်ပဲ၊ ကုလားပဲ၊ ပဲတီစိမ်း၊ ပဲစိမ်းငုံ အပါအ၀င် ပဲမျိုးစုံများအား နိုင်ငံခြားသို့ တင်ပို့သည့် ပို့ဆောင်အား မကောင်းသဖြင့် ပဲသွင်းကုန်ထုတ်ကုန် ကုမ္ပဏီများဘက်က အ၀ယ်မလိုက်သောကြောင့် ပြည်တွင်း ပဲဈေးနှုန်းများ တရှိန်ထိုး ကျနေကြောင်း ပြောဆိုကြခြင်း ဖြစ်သည်။

“ရန်ကုန်မှာတော့ ၀ယ်လက် သိပ်မရှိဘူး။ ၀ယ်လက်ကတော့ အေးနေတယ်။ ပဲဈေးကွက်က ရန်ကုန်ဘက်မှာတော့ နှိမ့်တယ်။ နိုင်ငံခြား တင်ပို့မှုတွေ မရှိတော့ ဈေးက ကျနေတယ်။ တရုတ်ပြည်ကတော့ နည်းနည်းပါးပါး ၀ယ်တာတော့ ရှိတယ်” ဟု ရန်ကုန်မြို့ ဘုရင်နောင် ပွဲရုံမှ ပဲကုန်သည်ကြီး တဦးက မဇ္ဈိမကို ပြောသည်။

၃ တင်းဝင် ပဲစိမ်းငုံ အလုံး အိတ်တအိတ်လျှင် ကျပ်ငွေ ၆ သောင်း ၇ ထောင်နှင့် ၇ သောင်းကြား ရောင်းဈေးရှိနေသလို၊ အခြမ်း တပိဿလျှင် ကျပ် ၁၆၅၀ နှင့် ၁၇၀၀ ကြား ဈေးရှိနေကြောင်းနှင့် ယခင်က ကျပ် ၂၂၀၀ မှ ၂၃၀၀ ကျော်အထိ ရှိခဲ့ကြောင်း မန္တလေးတိုင်း ပဲကုန်သည် တဦးက ပြောသည်။

၃ တင်းဝင် ပဲတီစိမ်း တအိတ်သည် ယခင်ဈေးထက် ကျပ် ၅ သောင်းခန့်နှင့် ပဲစိမ်းငုံမှာ ၃ သောင်းခန့် ကျဆင်းသွားသည်ဟု သူက ဆိုသည်။

လက်ရှိတွင် အကောင်းစား ရွှေဝါ ပဲတီစိမ်း ၃ တင်းဝင် တအိတ်လျှင် ကျပ် ၁ သိန်း ၁ သောင်းခွဲ အထိရှိနေပြီး၊ ပဲတီစိမ်း အခြမ်းသည် ကျပ် ၁ သိန်း နီးပါးရှိကာ ပဲစိမ်းငုံ အကောင်းစားမှာမူ ၇ သောင်းနီးပါးနှင့် ကုလားပဲမှာ ၆ သောင်းခန့် ရှိကြောင်း သိရသည်။

ဇူလိုင်လ ၉ ရက်နေ့ ဘုရင့်နောင် ကုန်စည်ဒိုင်ပေါက်ဈေးများမှာ မတ်ပဲ RC တတန်လျှင် ကျပ် ၉၇၅၀၀၀ နှင့် ကျပ် ၉၈၀၀၀၀ ကြား၊ SQRC တတန်လျှင် ကျပ် ၁၀၇၅၀၀၀ နှင့် ပဲစင်းငုံတတန်လျှင် ကျပ် ၈၅၀၀၀၀၊ ပဲတီစိမ်း (ပိဿာ ၆၀) လျှင် ကျပ် ၁၃၀၀၀၀ နှင့် ကျပ် ၁၄၀၀၀၀ ကြား ရှိကြောင်း ယခုတပတ်ထုတ် Eleven ဂျာနယ်တွင် ဖော်ပြထားသည်။

ရွှေဝါပဲတီစိမ်း အကောင်းစားဆိုလျှင် ကျပ် ၁ သိန်း ၁ သောင်းမှ ၁ သိန်းခွဲ၊ အလတ်စားမှာ ၁ သိန်းကျော်၊ အညံ့စားမှာမူ ၉ သောင်းကျော်၊ ပဲစိမ်းငုံအနီ ၇ သောင်းကျော်နှင့် ပဲစိမ်ငုံအဖြူက ၆ သောင်းကျော် ပေါက်ဈေးရှိကြောင်း မန္တလေးတိုင်း ပဲကုန်သည် တဦးက ပြောသည်။

ပြီးခဲ့သည့် နှစ်အတွင်း ပဲဈေးကွက်ပျက်ပြီး ငွေမချေနိုင်မှုကြောင့် ပဲကုန်သည် အသိုင်းအဝိုင်းတွင် ငွေကြေး အရှုပ်အထွေး ဖြစ်ပေါ်ခဲ့ပြီးနောက် ယခုအခါ ပဲဈေးကွက်တွင် အကြွေးစနစ်ဖြင့် အရောင်းအ၀ယ် မလုပ်တော့ဘဲ လက်ငင်း ငွေချေစနစ်ဖြင့်သာ ရောင်းဝယ်နေကြောင်း မန္တလေးရှိ ပဲကုန်သည်များက ပြောဆိုသည်။

အာဏာပိုင်များက ဝင်ရောက်ထိန်းသိမ်းခြင်းမှာ ဈေးကစားသည့် ကုန်သည်များကို အခြားပဲကုန်သည်များက တိုင်ကြားသောကြောင့် ဖြစ်ကြောင်း၊ ပဲဈေးကွက် မရပ်ဆိုင်းမီက ပြည်ပသို့ တင်ပို့သည့် ပဲမျိုးစုံ တတန် ပေါက်ဈေးနှုန်းမှာ တရက်ထဲတွင်ပင် ကျပ်ငွေ သိန်းဂဏန်းနှင့်ချီ၍ အတက်အကျများ ဖြစ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

၂၀၀၉ ခုနှစ်အတွင်း ငွေစက္ကူ ၅၀၀၀ ကျပ်တန် ထုတ်ဝေခဲ့ပြီးနောက် နိုင်ငံခြားသို့ တင်ပို့နေသည့် ပဲမျိုးစုံ ဈေးနှုန်းများ ရုတ်တရက် မြင့်တက်သွားခဲ့သေးသည်။

ပြည်တွင်းထွက် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံတို့၏ ၇၀ ရာခိုင်နှုန်းကျော်ကို အိန္ဒိယသို့ တင်ပို့နေခဲ့ပြီး ကျန်ရှိသည်များထဲမှ အင်ဒိုနီးရှား၊ ပါကစ္စတန်၊ မလေးရှား၊ တရုတ်၊ စင်္ကာပူ၊ ဂျပန်နှင့် အရှေ့အလယ်ပိုင်း နိုင်ငံများသို့ တင်ပို့သည်။

ပြည်ပပို့ကုန် ပဲများကို ဟင်္သာတ၊ မုံရွာ၊ ပခုက္ကူ၊ ပြည်၊ မြင်းခြံ၊ ခရမ်း၊ သုံးခွ အစရှိသည့် မြို့နယ်များနှင့်ရှမ်းပြည်နယ်တွင် အဓိက စိုက်ပျိုးကြသည်။

ဘဏ္ဍာရေးနှစ်အလိုက် ပြည်ပသို့ ပဲတင်ပို့မှုကို Eleven ဂျာနယ်က အောက်ဖော်ပြပါအတိုင်း ရေးသားထားသည်။

ဘဏ္ဍာရေးနှစ် ပမာဏ(တန်ချိန်) တန်ဖိုး (အမေရိကန်ဒေါ်လာ)
၂၀၀၂-၂၀၀၃ ၂၆၈ သန်း
၂၀၀၃-၂၀၀၄ ၁၂.၁၀ သိန်း ၂၈၈ သန်း
၂၀၀၄-၂၀၀၅ ၈.၇ သိန်းကျော် ၂၂၄ သန်း
၂၀၀၅-၂၀၀၆ ၈.၇ သိန်းနီးပါး ၃၁၉ သန်း
၂၀၀၆-၂၀၀၇ ၁၁.၅ သိန်းကျော် ၆၀၉ သန်း
၂၀၀၇-၂၀၀၈ ၁၃.၄ သိန်းကျော် ၇၄၇.၄၂ သန်း
၂၀၀၈-၂၀၀၉ ၁၅.၄ သိန်းကျော် ၇၉၇.၀၉ သန်း
၂၀၀၉-၂၀၁၀ ၁၃ သိန်း ၉၈၀ သန်း

ဘုန်းကြီးသတ်ပြီး ဘုရားရှိခိုးမဲ့ လူသတ်သမားတဲ့လား ဗုဒ္ဒဂါယာ လာမှာဆိုတာ

ခိုင်အောင်ကျော် ( နယူးယောက် )

ဘာသာတရားဆိုသည်မှာ လူသားတိုင်းအဖို့ ကိုးကွယ်ရာ ဆည်းကပ်ရာ ၊ စည်းကမ်းကလနားတွေနှင့် ထိမ်းချုပ် ထားသည်မို့ မည်သို့ပင်ဖြစ်စေ လူဆိုသည်က ယဉ်ကျေးသိမ်မွေ့တတ်ပါသည်၊ ကမ္ဘာဦးအစကပင် လူတွေက နတ်ကိုးကွယ်ခြင်း၊ လ ကိုးကွယ်ခြင်း၊ တောကိုးကွယ်ခြင်း၊ တောင်ကိုးကွယ်ခြင်း၊ ပင်လယ် ကိုယ်ကွယ်ခြင်း၊ စတာတွေနှင့် ရှိနေခဲ့ကြသည်။

အကြောင်းအရာတခုကမူ တူညီကြပါသည်၊ ယင်းရိုးရာ ကိုယ်ကွယ်ခြင်းမှာ အကာအကွယ်ရရှိစေခြင်းနှင့် ယုံကြည် စိတ်ချရမူအပေါ်အလေးထားခြင်းဖြစ်ပြီး အားလုံးတူညီတတ်ကြပါသည်။ဘာသာတရားနှင့် ပါတ်သက်၍ ကိုးကွယ် ခြင်းကို ယင်းမျှသာပြောချင်ပါသည်။ ဗုဒ္ဒဘာသာတယောက်ဖြစ်သော ကျနော်တို့သည် ဗုဒ္ဒ၏ သားတော် ရဟန်း သင်္ဃာများကို စိတ်နှင့်တောင် မပြစ်မှားဖူးကြသည်မှာ ဗုဒ္ဒသာသနာတည် တန့်သည့် ကာလမှ စသည့် ကာလက ပင်ဖြစ်ပါသည်။ ယခုမူဗုဒ္ဒဘာသာဝင်ဖြစ်သော မြန်မာနိုင်ငံမှ နအဖစစ်ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ၂၀၀ရ ခုနှစ် စက်တင်ဘာလက ရဟန်းသင်္ဃာများကို ရက်ရက်စက်စက် ပစ်သတ်စေခဲ့ပါသည်။ ရဟန်းများ သေကြေခဲ့ ရပါ သည်။ မရှုမလှနှင့် ပျံလွန်တော်မူခဲ့ရပါသည်။

ဘုန်းကြီးသတ်သန်းရွှေသည် ယခုအချိန်တွင် အိန္ဒိယနိုင်ငံသို့ ခရီးထွက်ခွာလာမည်ဟု သိရပါသည်။ မြတ်စွာ ဘုရားပွင့်တော်မူရာ ဗုဒ္ဒဂါယာသို့ ဘုရားဖူးလာခြင်းဖြစ်သည်ဟုလည်း သိရှိရပါသည်။ သွေးစွန်းနေသော ဗိုလ်ချုပ် မှူးကြီး သန်းရွှေ၏ လက်သည် ဗုဒ္ဒဘုရားကို ဖူးမျှော်ရှိခိုးနေရာမှ ဆေးကြောသန့်စင်နေမည်ဟု မထင်။ သူ့လက် သည် မည်သည့်အခါမျှ မသန့်ရှင်းပါစေနှင့်ဟု ကျနော်တို့က ဆုတောင်းထားပြီးဖြစ်သည်။

တခါက ဗုဒ္ဒဂါယာမှာ နအဖဗိုလ်ချုပ်မှူးကြီးသန်းရွှေ လှူဒါန်းထားသော ၁၂ လက်မခန့်ရှိ ကျောက်ဆင်းထု ထိုင်တော်မူ တပါးကို ပြထားခဲ့ပါသည်။ အမိုးမရှိ အကာမရှိနှင့် ညစ်ပတ်စုတ်ပြတ်နေသော စားပွဲတလုံးမှာ ဖြစ် သလို တင်ထားပြီး အလှူရှင် သန်းရွှေနှင့် ဒေါ်ကြိုင်ကြိုင် နာမည်ကို ရေးထားသည်။ ထို့ကြောင့်လည်း ကျနော် သည် ဘုရားဖူးရာမှာလည်း သိက္ခာကျရပါပြီ ဆိုကာ ခေတ်ပြင်မှာ ဆောင်းပါးတပုဒ်ရေးဖူးခဲ့သည်။ ၁၉၉၉ ခုနှစ်က ထင်ပါသည်။

ဗုဒ္ဒဂါယာမှာ ယင်းသို့ဖြစ်သလိုလုပ်ထားသော်လည်း ပြည်တွင်းမှာ ဘုရားတည်ကျောင်းဆောက်နေသည့် သတင်း ကားကို တီဗွီမှာအမြဲတွေ့နေခဲ့သည့်အချိန်ဖြစ်သည်။ ဂျပန်နိုင်ငံမှ ထိုင်တော်မူဘုရားမှာ ခေါင်းမော့၍ကြည့် မျှော်ဖူး သည့်တိုင် လွန်စွာသပ္ပါယ်နေ၍ ဘုန်းကြီးသတ်သန်းရွှေ၏ အလှူနှင့် ကွာခြားလွန်းနေသည်။ ထို့ကြောင့် ယင်းသို့ ရေးသားခဲ့ခြင်းဖြစ်ပါသည်။ ကျနော်သည် ဗိုလ်ချုပ်မှူးကြီး ဦးဆောင်သော နအဖတဖွဲ့လုံးကို စစ်ရာဇ၀တ် တရားရုံး တွင် မြင်ချင်သူဖြစ်သည်။ သူတို့အားဆယ်သက်ဆယ်ကျွန်း ထောင်နန်းစံစေချင်သော သူဖြစ်သည်။

သို့သော် ဗုဒ္ဒဘာသာဖြစ်သော ကျနော့််အနေဖြင့်မူ ဗုဒ္ဒဆင်းထုတော်ကို ဤကဲ့သို့ မလှူစေချင်။ လှပသေသပ်စွာ ပြုပြင်လှူဒါန်းစေချင်သည်။ ယင်းသို့ကြောင့် ယင်းဆောင်းပါးကို ရေးသားခြင်းဖြစ်သည်။

ယခုတော့ ယင်းဗုဒ္ဒဆင်းထုတော်မှာ အမိုးနှင့်အကာနှင့် ပလ္လင်ပင်နားမှာ ကိန်းဝပ်စံပျော်နေပြီဖြစ်သည်။ သို့သော် ဘုန်းကြီးသတ်သန်းရွှေမှာ အလှူတစက်မျှရရှိမည်မထင်။ သူ့မှာမစ္ဆိရိယစိတ်တွေရှိနေသည်။ မည်သည့်အခါမျှ လူများကို ကောင်းကျိုးပေးချင်သည့်သူမဟုတ်။

၂၀၀ရ ခုနှစ်မှာ ဘုန်းကြီးရဟန်းသင်္ဃာတွေကို သတ်ဖြတ်တော့ ရာဇ၀င်မှာ စာတင်ခဲ့ပြီ။ မည်သည့်အလှူနှင့် ကြေစေသော်လည်း အစားထိုးကုသိုလ်ရမည်မထင်။ ၂၀၀၄ ခုနှစ်ကတခါ သူလာခဲ့ပြီ။ ယင်းအချိန်ကလည်း အိန္ဒိယရောက် ဒီမိုကရေစီအင်အားစုများက ပြတ်ပြတ်သားသား မောင်းထုတ်ခဲ့ကြပြီ။ သူကိုရောက်လေရာ နိုင်ငံတိုင်းမှာ မြန်မာနိုင်ငံသားတွေက လှပစွာ နှင်ထုတ်ဆန္ဒပြနေကြသည်။ ဤသည်မှာ သူနှင့်ထိုက်တန်သော ဆုလာဘ်ဖြစ်သည်။

မြန်မာနိုင်ငံအတွင်းတွင်သာ အပြစ်မဲ့ပြည်သူများကို ရက်စက်စွာနှိမ်နှင်း သတ်ဖြတ်၍ ရမည်ဖြစ်သော်လည်း ပြည်ပတွင်မူ စစ်အာဏာရှင်ကြီးမှာ ကြွက်စုတ်တကောင်လိုလို ခွေးဝဲစားလိုလို ဖြစ်နေရပါသည်။ သူ့ကိုဆန္ဒပြနေသောသူများသည် အမှန်တကယ်ပင် မြန်မာနိုင်ငံသားများဖြစ်ကြပါသည်။ သူတို့ဘာကြောင့်် အာဏာရှင်အပေါ် ဆန့်ကျင်နေကြပါသနည်း ။

အိန္ဒိယနိုင်ငံသည် ကမ္ဘာပေါ်တွင် ဒီမိုကရေစီစနစ် အထွန်းကားဆုံးနိုင်ငံဖြစ်ပါသည်။ ကျင့်သုံးသော နိုင်ငံလည်း ဖြစ်ပါသည်။ ၁၉၈၈ ခုနှစ်က မြန်မာနိုင်ငံတွင် အရေးအခင်းဖြစ်ချိန် ကျောင်းသားပြည်သူရဟန်းသင်္ဃာများ ပြည်ပနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်ရသည်။ ယင်းအချိန်က အိန္ဒိယနိုင်ငံမှ ၀န်ကြီးချုပ် မစ္စတာရာဂျစ်ဂန္ဒီသည် ၈၈ ကျောင်းသားများအား အိန္ဒိယနိုင်ငံတွင် လက်ခံကာ နေထိုင်ခွင့်ပြုထားခဲ့သည်။

ကာကွယ်ရေးဝန်ကြီးမစ္စတာဂျော့ဖါနန်ဒက်ကမူ သူ၏ခြံဝင်းအတွင်းတွင် တည်ရှိသော သူ၏ရုံးခမ်းနှင့် တွဲလျှက် ကျောင်းသားများရုံးခမ်းကို ဖွင့်လှစ်ပေးစေခဲ့သည်။ ယခုထက်ထိ ၈၈ ကျောင်းသားများရုံးခမ်းသည် ယင်းခြံဝင်း အတွင်းတွင် ဖွင့်လှစ်ထားရှိသည်။ အကယ်၍ မစ္စတာရာဂျစ်ဂန္ဒီသာ လုပ်ကြံမခံရခဲ့လျင် သူ၏အကူအညီသည် မြန်မာနိုင်ငံဒီမိုကရေစီရရှိရေးတွင် လုံးဝအထောက်အကူပြုမည်မှာ သေချာသည်။ အကြောင်းမှာ သူနှင့် ဒေါ်အောင်ဆန်းစုကြည်မှာ အလွန်ရင်းနှီးသော မိတ်ဆွေသူငယ်ချင်းဖြစ်သောကြောင့်ပင်။

ဒုတိယကမ္ဘာစစ်မတိုင်ခင် ဗြိတိသျှအင်္ဂလိပ်လက်အောက်မှ လွပ်လွပ်ရေးအတွက် လက်နက်ကိုင်တော်လှန်ရေးကို မြန်မာနိုင်ငံမှ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော ရဲဘော်သုံးကျိပ်တို့ ဂျပန်နိုင်ငံတွင် စစ်သင်တန်းတက်ရောက် ကြသည် ။

သို့အတူအိန္ဒိယနိုင်ငံမှ မစ္စတာနာတာဂျီ ဆူဘေ့ချှန်ဒရာဘို့စ်က ဦးဆောင်ကာ အိန္ဒိယနိုင်ငံလွပ်လွပ်ရေးအတွက် တက်ရောက်ခဲ့ကြသည်။ မြန်မာနိုင်ငံမှ လက်နက်ကိုင်အဖွဲ့မှာ BURMA INDEPENDENT ARMY (B I A ) ဖြစ်ပြီး အိန္ဒိယနိုင်ငံမှ လက်နက်ကိုင်အဖွဲ့မှာ INDIA NATIONAL ARMY - I N A- ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် နာတာဂျီမှာ အလွန်ရင်းနှီးသူများဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းက လုပ်ကြံခံရပြီး နာတာဂျီးမှာ ဂျပန်နိုင်ငံသို့ ရန်ကုန်မှအသွား လေယဉ်ပျက်ကျသေဆုံးသွားရသည်။

လုပ်ကြံခံရခြင်းဟု သူ၏ပါတီက ယနေ့ထက်ထိ ထင်မြင်နေဆဲဖြစ်သည်။ မစ္စတာနာတာဂျီဆူဘေ့ချန်ဒရာဘို့စ် ပါတီသည် အိန္ဒိယနိုင်ငံတွင် အစိုးရအဖွဲ့ဝင်အမြဲဖြစ်သည်။ ၂၀၀ရ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူး ဆောင် ဆုချီးမြှင့်ခဲ့သည်။

အိန္ဒိယနိုင်ငံ၏နိုင်ငံရေးသည် အစိုးရကတဖက် ပြည်သူကတဖက်ဖြစ်တတ်သည်။ ပြည်သူတွေကကော အတိုက် အခံပါတီတွေကပါ တရားသဖြင့် မှန်ကန်နေသည်ဟု ထင်မြင်ယူဆသော်လည်း သူတို့၏ နိုင်ငံတကာ အစိုးရ ဆက်ဆံရေးမူ နှင့်ပါတ်သက်သောအခါ ဝေဖန်ရေးအားကောင်းလွန်းလှပါသည်။ သတင်းစာများမှ ဝေဖန်ခြင်း၊ ဆန္ဒပြ၍ဝေဖန်ခြင်း၊ ရေဒီယို တီဗွီများမှ တိုက်ရိုက်ဝေဖန်ဆွေးနွေးခြင်းများကို အမြဲကြားနေမြင်နေရပါသည်။

သမ္မတ ကအစ ၀န်ကြီးချုပ်အထိ ရုပ်ပြောင်ကာတွန်းများဖြင့် ဝေဖန်ရေးသား ဆွဲပြနေကြခြင်းမှာ ထိမိလွန်း ကြပါ သည်။ သို့သော် မည်သူမျှ အရေးယူဖမ်းဆီးခြင်းမခံရ။ လမ်းပေါ်တွင် ပြည်သူများကို ဆန္ဒပြရန် နေရာအကန့် အသတ်ပေးထားပါသည်။ ညအိပ်ညနေပြခွင့် ပေးပါသည်။ မိမိတို့တင်ပြချင်သည်ကို လွပ်လွပ်စွာ တင်ပြစေပါ သည်။ သတင်းစာများတွင် လွပ်လွပ်စွာ ရေးသားစေပါသည်။ ယင်းသို့ဆန္ဒပြနေကြခြင်းမှ ၀န်ကြီးချုပ်ထံသို့ပို့သော စာများကို လုံခြုံရေးများမှ သေချာစွာယူဆောင်ကာ လိုက်လံပို့ဆောင်ပေးပါသည်။

အကယ်၍ ယင်းဆန္ဒပြချက်များမှ ရရှိသောအကြောင်းအရာများကို ဆန်းစစ်ပြီး လုပ်ဆောင်စေခဲ့လျှင် သတင်းစာများမှ လုပ်ဆောင်ပြီးကြောင်းလည်း ကြေညာပေးပါသည်။ မည်သူမျှ အရေးယူခြင်းလည်း မကြားဖူးရ။

မြန်မာနိုင်ငံအတွင်းတွင် ပြည်သူများက ဆန္ဒပြ၍ မရတော့ ယခုဘုန်းကြီးသတ်သန်းရွှေကို နယူဒေလီမှာ ၀မ်းပမ်း တသာ ဆန္ဒပြကြရတော့မည်။ ဤအခါ အိန္ဒိယနိုင်ငံမှ သမ္မတရော ၀န်ကြီးချုပ်ပါ အစိုးရတဖွဲ့လုံးတို့ နားလည် နိုင်သွားကြပါပြီ။ စစ်အာဏာရှင်သည် ပြည်ပနိုင်ငံတွင် ခွေးဝဲစားတကောင်လို နေရာအငြိမ်မရှိ ဟိုပြေးဒီပြေး ပြေးနေရလောက်အောင် ထွက်ပြေးနေသည်ကို ကမ္ဘာတ၀ှမ်း မြင်တွေ့ကြရတော့မည်ဖြစ်ပါသည်။ လက်နက်မရှိ လျှင် ဘာမျှ သတ္တိအရာမရှိသော ဘုန်းကြီးသတ်သန်းရွှေသည် အိန္ဒိယနိုင်ငံတွင် ခါးကြား၌ သေနတ်ကိုချိတ်၍ မသွားရသောကြောင့် သနားစရာကောင်းသော သတ္တ၀ါတကောင်လိုဖြစ်နေပါသည်။

လူသတ်သမားသည် မည်သည့်အခါမျှ တဦးတည်း နေ၍မရ။ အစောင့်နှင့် အပေါင်းအသင်းနှင့် နေမှ ရသည်။ သူတို့အဖွဲ့မှာ လူသတ်သမားအဖွဲ့ဖြစ်၍ ကမ္ဘာတ၀ှမ်းက အကြမ်းဖက်သမားဟု ခေါ်ဝေါ်ကြသည်။ ဒီမိုကရေစီနိုင်ငံ ဖြစ်သော ရွေးကောက်ပွဲမှ အစိုးရဖြစ်နေသည့် ပုဂ္ဂိုလ်များကို အရှက်မရှိ လာရောက်ပြီး တွေ့ဆုံလာနေသည်မှာ သိက္ခာမဲ့၍သာဖြစ်သည်။

အိန္ဒိယနိုင်ငံမှလည်း မြန်မာနိုင်ငံအား ဒီမိုကရေစီနိုင်ငံသို့ အသွင်ကူးပြောင်းရအောင် ရွေးကောက်ပွဲအကြောင်းကို ရှင်းပြရန်တာဝန်ရှိသည်။ မိမိတို့နိုင်ငံ၏အမျိုးသားကိုယ်ကျိုးစီးပွါးကာကွယ်ရေးမူအရ နှစ်နိုင်ငံဆက်ဆံရေးမူဝါဒကို ကျင့်သုံးသည်မှာ မှန်ကန်ပါသည်။ သို့သော် မူဝါဒလမ်းစဉ်တူညီသော နိုင်ငံများနှင့် စီးပွါးရေးကို ချဲ့ထွင်ခြင်းက ပို၍ အကျိုးကျေးဇူးရှိပါသည်။ အာရှမှကျားတကောင်အဖြစ် စီးပွားရေးအားကောင်းနေသော အိန္ဒိယနိုင်ငံသည် နဂါးဖြစ်သော တရုပ်နိုင်ငံနှင့် စီးပွါးရေးတွင် နိုင်ငံငယ်များအား ချယ်လှယ်နိုင်စွမ်း ရှိကြပါသည်။

မြန်မာနိုင်ငံသည်လည်း တရုပ်နိုင်ငံနှင့် ကူးလူးဆက်ဆံနေရာမှ အိန္ဒိယနိုင်ငံဖက်သို့ လှည့်လာသည်မှာ စစ်တွေ ဆိပ်ကန်းစီမံကိန်းကြောင့် မဖြစ်နိုင်။ သဘာဝဂါတ်စီမံကိန်းကြောင့် မဖြစ်နိုင်ချေ။ အကြောင်းမှာ တရုပ်နိုင်ငံသည် လုံခြုံရေးကောင်စီတွင် နအဖအတွက် ဗီတိုအာဏာသုံးထားသော နိုင်ငံဖြစ်သောကြောင့် နာမည်ပျက်ဖြစ် နေသည်။ ၂၀၁၀ ရွေးကောက်ပွဲတွင် တရုပ်ကိုနာမည်ပျက်စာရင်းထဲ ထည့်နေကြရာမှ တဖက်လှည့်ဖြင့် မျှားဦးလှည့်ခြင်းည်း ဖြစ်နိုင်စရာရှိသည်။ အခြေအနေတခုမှာ သူခိုးသေဘော် ညှိနေခြင်းဟု ထင်မြင်ယူဆနိုင်ပါသည်။

ဖြစ်နိုင်ခြေအများဆုံးမှာ အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံနှင့် ပါတ်သက်လျှင် နောက်ဆုံးမှစကားပြောသော နိုင်ငံဖြစ်သည်။ အကယ်၍ ကမ္ဘာကြီးက တောင်းဆိုလာလျှင် မြန်မာနိုင်ငံဒီမိုကရေစီ အသွင်ကူးပြောင်းရေး အတွက် ရွေးကောက်ပွဲကို အသိအမှတ်မပြုပါဟု အိန္ဒိယနိုင်ငံအနေဖြင့် ပြောရမည့်ကိန်း ရှိနေနိုင်သည်။ တချိန်တည်းမှာပင် အတိုက်အခံ အင်အားစုများမှ အကြပ်ကိုင်လာပြီး ၂၀၁၀ ရွေးကောက်ပွဲကို အသိအမှတ်မပြုပါဟု ပြောဆိုခိုင်းလျှင်လည်း နည်းအမျိုးအမျိုးနှင့် မရှောင်ကြည်နိုင်အောင် ပြုလုပ်ရန်လိုနေပါသည်။

စစ်အစိုးရ၏ အကောင်းဆုံးဆင်ခြေဆင်လက်မှာ နိုင်ငံပိုင် သယံဇါတများ၊ စီးပွါးရေးအချက်အချာများကို ရောင်းချ ခြင်းဖြင့် မက်လုံးတို့နှင့် နှုတ်ပိတ်စေမည်ဖြစ်သည်။သို့သော်လည်း ကာယကဲရှင်ဖြစ်သော ပြည်သူတို့အနေဖြင့် စစ်အာဏာရှင်တို့၏ စီးပွါးရေးစာချုပ်များကို အသိအမှတ်မပြုကြောင်း နှစ်နိုင်ငံစလုံးကို ကြေညာထားရတော့မည် ဖြစ်သည်။ သို့မှသာ လူဆိုးတွေနှင့် မောင်တိုင်ပင်လုပ်နေသော အိန္ဒိယနိုင်ငံသည် အခြေအနေကို ရိပ်စားမိ မည်ဖြစ်သည်။

ယင်းမှာ အဓိကပြသနာဖြစ်ပါသည်။ နှစ်နိုင်ငံစီးပွါးရေးစာချုပ်များသည် အာဏာလက်ရှိအချိန်တွင်သာ အကျူံဝင် သည်။ မည်သည့်နည်းနှင့်မျှ ရာသက်ပန်မဖြစ်စေရ။ ထို့ကြောင့် ရွှေဂတ်စ်စီမံကိန်းသည်၎င်း ၊ မည်သည့် စီမံကိန်း များကိုမဆို ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော အရပ်သားဒီမိုကရေစီအစိုးရ လက်ထက်တွင် ပျက်ပြယ် ပြီးသား ဖြစ်ကြောင်း ကျနော်တို့ ကြေညာထားရမည်ဖြစ်သည်။ ယင်းသို့ကြေညာချက်များကို အိန္ဒိယအစိုးရမှ အမြန်ဆုံး သိရှိစေရန်လိုအပ်ပါသည်။ ဘုန်းကြီးသတ်သန်းရွှေသည် လူသတ်သမားအဖွဲ့များနှင့် နိုင်ငံတော် ဂုဏ်ကြက်သရေကို သိက္ခာမရှိ ပြသရန် လာနေပါပြီ။ ကမ္ဘာကြီးတခုလုံးမှ စစ်အာဏာရှင်ဟု ပြောဆိုနေသော လူ့အခွင့်အရေးချိုးဖေါက်နေသော ဘုန်းကြီးသတ် သန်းရွှေလို လူမျိုးကို အိန္ဒိယနိုင်ငံမှ လက်မခံရန် နိုင်ငံတကာမှ စာတွေ ရေးနေကြပါပြီ။

ရွေးကောက်ပွဲဆိုသည်မှာ ဒီမိုကရေစီနိုင်ငံတခုအတွက် ခြေလှမ်း တခုအဖြစ် ဖြစ်ကြောင်း အိန္ဒိယနိုင်ငံမှ ပြောဆို ပါလိမ့်မည်။ သို့သော် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲကို ချန်လှပ်ထား၍ မရကြောင်းကိုမူ ထည့်ပြောရမည်ဖြစ် ပါသည်။ စစ်အစိုးရသည် ရွေးကောက်ပွဲကို နှစ်ကြိမ်ပြုလုပ်ခြင်းဖြစ်ပါသည်။ ပထမအကြိမ်က ပြုလုပ်သော ရွေးကောက်ပွဲကို မည်သို့မျှ အကောင်အထည် မဖေါ်ဆောင်ခြင်းကို အိန္ဒိယနိုင်ငံမှ နုတ်ပိတ်ပြီးမနေသင့်။ မြန်မာနိုင်ငံသားတို့သည် ၂၀၁၀ ရွေးကောက်ပွဲကို အလိုမရှိချေ ၊ သပိတ်မှောက်ကြသူများဖြစ်သည်။

သူတို့အဘယ့်ကြောင့် သပိတ်မှောက်ကြသနည်း ဆိုသည်ကို အိန္ဒိယအစိုးရမှ နားလည်ရန်လိုပါသည်။ မြန်မာ နိုင်ငံသားတို့သည် ၂၀၁၀ ရွေးကောက်ပွဲကို ပါတီပေါင်းစုံ ပါဝင်ရေး၊ လူပေါင်းစုံ ပါဝင်ရေး ကို တောင်ဆို နေခြင်းမဟုတ်။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲကို အကောင်အထည်ဖေါ်ရေးသာ တောင်းဆိုနေကြခြင်း ဖြစ်သည်၊ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလာဒ်ကို လိုချင်သူများသာဖြစ်သည်။

၂၀၀၇ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကိုလည်း မြန်မာနိုင်ငံသားတို့မှာ မထောက်ခံသလို လက်လဲမခံကြောင်း အိန္ဒိယအစိုးရမှ သိစေရန်လိုသည်။ အကြောင်းမှာ ဘုန်းကြီးသတ် သန်းရွှေတို့ အုပ်စုသည် သူတို့မှာ ဖွဲ့စည်းပုံ ဥပဒေရှိနေပြီဖြစ်ကြောင်း ပြောဆိုရန် သေချာသည်။ ၂၀၁၀ ရွေးကောက်ပွဲတွင် ပါတီပေါင်းစုံ မှတ်ပုံတင်ထားပြီ ဖြစ်ကြောင်း တင်ပြကြမည်ဖြစ်သည်။ သူတို့၏ တင်ပြချက်ကိုလည်း ယုံနိုင်လောက်ပါသည်။ ပါတီပေါင်းစုံများက လည်း မှတ်ပုံတင်ထားကြပြီးဖြစ်သည်မို့ ယင်းအချက်ကို ငြင်းဆိုရန် ခက်နေတတ်ပါသည်။ ပြီးတော့ EBO ဟန်ညောင်ရွှေတို့က နယူးဒေလီမှာ ရုံးခမ်းဖွင့်ပြီး ရွေးကောက်ပွဲကို ၀င်သင့်ကြောင်း အိန္ဒိယပါလီမန် လွှတ်တော် အမတ်များကို ဆွေးနွေးတင်ပြထားပြီးဖြစ်ရာ သူတို့ယုံလောက်ပါသည်။ ထို့ကြောင့် ဒီမိုကရေစီအင်အားစုများမှ ဤအချက်ကို သတိထားပြီး အထူးဖြေရှင်းကြရမည်ဖြစ်သည်။

သို့သော် ကမ္ဘာကြီးကို စစ်အာဏာရှင်တို့ လိမ်၍မရသည်မှာ အထင်အရှားဖြစ်ပါသည်။ ယင်းမှာ ပြည်သူတွေနှင့် နယူးဒေလီတွင် နဖူးတွေ့ ဒူးတွေ့ နေကြပြီဖြစ်ရာ ၂၀၁၀ ရွေးကောက်ပွဲကို ပြည်သူတို့ လက်မခံသည်မှာ ထင်ရှား နေပြီဖြစ်ကြောင်း သိသွားနိုင်ပါသည်။ ဤသည်ကိုမျက်စိမှတ်၍ အိန္ဒိယနိုင်ငံမှ ပါတီပေါင်းစုံပါဝင်ရေး ၊နိုင်ငံရေး အကဉ်းသားလွပ်မြောက်ရေး၊ တရားမျှတပြီး လွပ်လွပ်သော ရွေးကောက်ပွဲကျင်းပရေးကို ပြော၍ မရချေ။ ယင်း ပြောဆိုချက်မှာ ကျနော်တို့နှင့် ကွဲပြားနေပါသည်။ အဓိကအားဖြင့် ၂၀၁၀ ရွေးကောက်ပွဲကို စကားလုပ်ပြီး မပြော ရေးဖြစ်သည်။

ကျနော်တို့လိုချင်သည်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အာဏာလွဲပြောင်းပေးရေးဖြစ်သည်။ ၁၉၉၀ ခုနှစ်မှာ ရွေးကောက်ပွဲကို ပြုလုပ်ခဲ့ပြီးပြီ။ ယင်းရွေးကောက်ပွဲမှ အနိုင်ရရှိခဲ့သော ပါတီကို အာဏာလွဲပြောင်းပေး ရမည်ဖြစ် သည်။ ဤသည်ကို ဒီမိုကရေစီနိုင်ငံဖြစ်သော အိန္ဒိယယအစိုးရသည်၎င်း ၊ ပြည်သူတို့သည်၎င်း သိနားလည်ပေးရ မည်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသော စကားတခွန်း ရှိပါသည်။

ယင်းမှာ သင်တို့၏ လွပ်လွပ်ရေးကို အခွင့်အရေးတရပ်အနေဖြင့် အသုံးချပြီး မြန်မာနိုင်ငံလွပ်လွပ်ရေးအတွက် အကူအညီပေးကြပါလို့ ပြောဆိုသော စကားဖြစ်သည်။ ယင်းစကားကို အိန္ဒိယနိုင်ငံသားတို့ နားလည် ပေးကြ လိမ့်မည် ထင်ပါသည်။ သို့အတူ ဘုန်းကြီးသတ် သန်းရွှေသည်လည်း ဘုန်းးကြီးသတ်သောလက်နှင့် ဗုဒ္ဒဂါယာ တွင် ရှိခိုးနေသည့်တိုင် ၀ဋ်ကြီးဆယ်ပါးမှ သံသရာအဆက်ဆက် မလွပ်ကင်းနိုင်ကြောင်း ထင်မြင်ယူဆမိသည်။ အကြောင်းမှာ ရဟန်းတို့ဦးခေါင်းတော်မှ သွေးမြေများ မြေကျခဲ့ရခြင်းကြောင်းဖြစ်သည်။

Thursday, July 22, 2010

၁၉၉၀ ရွေးကောက်ပွဲမှ ၂၀၁၀ ရွေးကောက်ပွဲသို့

ဗိုလ်မှူး အောင်လင်းထွဋ်


ကျွန်တော့်အနေဖြင့် အခုတစ်လော ပြည်တွင်း ၊ ပြည်ပမှာ ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး စိတ်ကူးယU်နေသူများကို ယခင် အတွေ့အကြုံ နဲ့ ယခုလက်ရှိ နေပြည်တော်လို့ခေါ်တဲ့ ကြပ်ပြေးမြို့တော်က သူငယ်ချင်းများရဲ့  ပေးပို့နေတဲ့ သတင်းများ ကိုအခြေခံကာ သုံးသပ်တင်ပြ ချင်ပါတယ် ။

၁၉၈၈ ခု စက်တင်ဘာလ (၁၈)ရက်နေ့ နံနက်ပိုင်းမှာ AD လမ်းမှာနေတဲ့ ဗိုလ်ချုပ်နေ၀င်းရဲ့  အိမ်တွင်ပြုလုပ်ခဲ့သော အရေးပေါ်အစည်း အဝေးတစိတ်တပိုင်းကို အရင်ဦးဆုံးပြောပြချင်ပါတယ်။ အဲဒီအစည်းအဝေးမှာဦးနေ၀င်းနဲ့ သူ့ရဲ့လက်ရုံး တင်မဲ့ လက်သားတွေဖြစ်ကြတဲ့ ဦးစန်းယု၊ ဦးအေးကို၊ ဒေါက်တာမောင်မောင်၊ ဗိုလ်ချုပ်ကြီးသူရကျော်ထင် အပါအ၀င် ထိပ်ပိုင်း ခေါင်းဆောင်များ ရှိခဲ့ကြပါတယ်။

လက်ရှိတပ်မတော်ရဲ့ တာဝန်ရှိသူတွေထဲမှာ ထိုစဉ်က စစ်ဦးစီးချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးစောမောင်နဲ့ တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီးခင်ညွှန့်တို့လည်း တက်ရောက်ခဲ့ကြပါတယ်။ အဲဒီအစည်းအဝေးမှာ ဦးနေ၀င်း က နေပြီး “စောမောင်နဲ့ ခင်ညွှန့် တိုင်းပြည်ရဲ့ အခြေအနေကို အားလုံးသိအောင်ရှင်းပြ”လို့ အမိန့်ပေးတော့ ဗိုလ်မှူးကြီး ခင်ညွှန့်က တစ်နိုင်ငံလုံး ဆူပူအုံကြွပြီး အုပ်ချုပ်ရေး ယန္တရား လုံးဝရပ်ဆိုင်းနေပြီဖြစ်တာရယ်၊ ကုန်သွယ်ရေးဝန်ကြီးရုံးမှာ ပြည်သူလူထုနဲ့စစ်တပ် နားလည်မှုရသွားတာရယ်၊ တပ်မတော်တွင်းမှာ စစ် သည်များမကြေမနပ်ဖြစ်ပြီး ဘာဆက်လုပ်ရမှန်း မသိဖြစ်နေတာတွေ၊ ထင်ရှားတဲ့ နိုင်ငံရေးခေါင်းဆောင်များရဲ့လှုပ်ရှားမှုတွေ၊ ဖမ်းဆီးရမိ မှုအခြေအနေအလုံးစုံကို တင်ပြခဲ့ တယ်လို့သိရပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ ဦးနေ၀င်းက ဗိုလ်မှူးကြီးခင်ညွှန့်ရဲ့ တင်ပြချက်အပေါ် တက်ရောက်နားထောင်ကြတဲ့ အစိုးရ ခေါင်းဆောင်များရဲ့ သဘောထားကိုမေးခဲ့ပါတယ်။ မည်သူတစ်ဦး တစ်ယောက်ကမျှ ထုံးစံအတိုင်း ဘာသဘောထား မှတ်ချက်ကိုမှ ဦးနေ၀င်းရဲ့ရှေ့မှာမပေး ရဲခဲ့ကြပါဘူး။ ဒီတော့ ဦးနေ၀င်းက မဆလပါတီနဲ့ ပတ်သက်ပြီး ပြည်သူလူထု ထောက်ခံမှု၊ ဘယ်လောက်ရာနှုန်းလောက် ရှိနိုင်လဲဆိုတာ ကိုတက်ရောက်လာတဲ့ ပုဂ္ဂိုလ်ကြီးတွေကိုမေးတော့ သူတို့က အဲဒီအချိန်မှာ တပ်မတော်သားတွေကို သူတို့ရဲ့ထောက်ခံမဲလို့ အပိုင်တွက် ထားပုံပေါ်ပါတယ်။ ဒါကြောင့် တပ်မတော် မိသားစု နဲ့ မဆလပါတီဝင်အင်အားစုတွေကို ပေါင်းပြီးတော့ ပြည်သူလူထုထောက်ခံမှု အနည်းဆုံး ၆၀%အထက်မှ ရှိကြလိမ့်မည် လို့တွက် ခဲ့ကြပါတယ်။

အဲဒီနောက် ဦးနေ၀င်းက အဲဒီ အစည်းအဝေးမှာ လက်ရှိအာဏာယူထားတဲ့ လူကြီးတွေကို “မင်းတို့ စောမောင်နဲ့ ခင်ညွှန့်တို့ကို အာဏာ လွှဲပေးလိုက်တော့”လို့ အမိန့်ပေးခဲ့ပါတယ်။ဆက်လက်ညွှန်ကြားတာကတော့ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက် ရေး အဖွဲ့ဆိုပြီး ဖွဲ့ဖို့ရယ် ဥက္ကဋ္ဌက စောမောင်၊ အတွင်းရေးမှူးက ခင်ညွှန့်ကိုထားပြီး တပ်မတော်က ထိပ်ပိုင်းခေါင်းဆောင် တွေနဲ့ စစ်တိုင်းမှူးတွေကို အဖွဲ့ ၀င်တွေထားပြီးဖွဲ့ဖို့ ဦးနေ၀င်းက အမိန့်ပေးခဲ့ပါတယ်။ အာဏာလွှဲယူပြီး စစ်အစိုးရဲ့ကြေငြာချက် လမ်းညွှန်မှုအနေနဲ့ကတော့ ဒို့တာဝန်အ ရေးသုံးပါးကိုအခြေခံပြီး ရွေးကောက်ပွဲတစ်ရပ်ကို ကျင်းပမည်ဆိုတဲ့ (Guide Line) အား ဦးနေ၀င်းက အဲဒီအစည်းအဝေးမှာ ချမှတ်ပေးခဲ့ ပါတယ်။

ဦးနေ၀င်းရဲ့  Guide Line တွေကို စာသားအဖြစ်ရေးပေးခဲ့ရသူက ဒေါက်တာမောင်မောင် ဖြစ်ပါတယ်။ အစိုးရသစ်ရဲ့  ပြည်သူ လူထုထံ ပြောကြားသည့် ကြေငြာချက်ကို အဲဒီအစည်းအဝေးမှာဘဲ ဒေါက်တာမောင်မောင်က လက်ရေးမူနဲ့ရေးသားခဲ့ပါတယ်။ န၀တ ဖွဲ့စည်းတာနဲ့ ပတ်သက်လို့ကတော့ ဗိုလ်ချုပ်ကြီးစောမောင်နဲ့ ဗိုလ်မှူးကြီးခင်ညွှန့်တို့က အဲဒီအစည်းအဝေးမှာဘဲ ဘယ်သူတွေ ပါဝင်ဖွဲ့စည်းမည်ဆိုတာ ကို ဦးနေ၀င်းကို တင်ပြခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ လက်ရေးမှုတွေနဲ့ ရေးထားတဲ့စာရွက်တွေကို ထိုစU်က တပ်မတော်ဆက်သွယ်ရေး ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး မျိုးသန့်(နောင် ပြန်ကြားရေးဝန်ကြီး) ဒုတိယတပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူး ဒုတိယဗိုလ်မှူး ကြီးသန်းထွန်း (နောင်ဘဏ္ဍာ ရေး ဒုတိယ၀န်ကြီး)တို့ (၂)ဦးက မြန်မာ့အသံကိုသွားရောက်ပြီး စက်တင်ဘာလ(၁၈)ရက်နေ့ ညနေ(၄)နာရီမှာ နိုင်ငံတော်ကို ထုတ်ပြန် ကြေငြာခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အမိန့်ကြေငြာချက်တွေ ဆက်တိုက်ထုတ်ပြန်လာပြီး နိုင်ငံရေးသမားတွေ နဲ့ ပြည်သူ လူထုတွေကို ဆူပူဆန္ဒပြနေရာက ရွေးကောက်ပွဲလမ်းကြောင်းပေါ် တင်ပေးခဲ့ပါတယ်။ အဲဒီအချိန်က ဗိုလ်ချုပ်ကြီး စောမောင် အနေနဲ့ အ မှန်တကယ်ဘဲ ရွေးကောက်ပွဲပြီးရင် ပြည်သူလူထုကို အာဏာလွှဲပေးမယ်ဆိုတာကို တရားဝင်ပြောကြား ခဲ့ပါတယ်။

ကျွန်တော်တို့သိသလောက် ဗိုလ်ချုပ်စောမောင် အဲဒီအချိန်က ယုံကြည်ခဲ့တာက တစညနဲ့စစ်တပ်ကို ထောက်ခံတဲ့ နိုင်ငံရေး ပါတီတွေ သည်ရွေးကောက်ပွဲမှာ ရှုံးရင်တောင်မှ အပြတ်အသက် မရှုံးနိုင်ဟုလျော့တွက်ခဲ့ပါတယ်။ ဒါကြောင့်လဲ ရွေးကောက်ပွဲ ကို သမာသမတ်နဲ့ လုပ်ဖို့လက်အောက်ကို အမိန့်ပေးခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီးစောမောင် မသိတာကတော့ တစညပါတီကို ပြည်သူတွေ ဘယ်လောက်မုန်း တီးနေတယ်ဆိုတာနဲ့ တစညအမတ်လောင်းတွေ (Golf) ရိုက်ပြီးစည်းရုံးရေးဆင်း နေတာတွေကိုပါ။

ဒီ့အပြင် ဗိုလ်စောမောင်ဟာ ဦးနေ၀င်းနဲ့အစည်းအဝေးမှာ သူ့ရဲ့  ဆရာသမား မဆလ ခေါင်းဆောင်တွေရဲ့  ပြောစကားတွေကို ယုံကြည်မိ ခဲ့တာတွေကြောင့်ဖြစ်ပါတယ်။ ဒါကြောင့်စစ်တပ်ကို ကျောထောက်နောက်ခံလုပ်မဲ့ အစိုးရကသာ အာဏာရ လိမ့်မယ်လို့ သူ့အနေနဲ့ လျော့တွက်ခဲ့ပါတယ်။ အားလုံးသိကြတဲ့အတိုင်းပါဘဲ။ ၁၉၉၀ ရွေးကောက်ပွဲပြီးတော့ န၀တ တဖွဲ့လုံး မျက်လုံးပြူး မျက်ဆံပြူးဖြစ်ခဲ့ကြ ပါတယ်။ခြေမကိုင်မိ၊လက်မကိုင်မိကြိတ်မနိုင်ခဲမရဖြစ်ခဲ့ကြတယ်။

ဒီအထဲမှာ ရွေးကောက်ပွဲမှာနိုင်တဲ့အမတ်အချို့က စစ်တပ်ကို ပြုပြင်ပြောင်းလဲရမယ်၊ အရေးအခင်းမှာ ပြည်သူတွေကို သတ်ခဲ့သူတွေ ဖေါ်ထုတ်အရေးယူရမယ်၊ စစ်တပ်တွင်းမှာလဲ ဗိုလ်မှူးကြီးအဆင့်နဲ့ အထက်ပုဂ္ဂိုလ်များကို ဖယ်ရှားပစ်ရမယ်၊ စတဲ့အချက်တွေကိုကြွေး ကြော်လာခဲ့တာတွေ့ရှိလာပါတယ်။ စစ်တပ်အတွင်းမှာလဲ တပ်မတော်ရဲ့အနာဂါတ် ဘယ်လိုဖြစ်လာ နိုင်မလဲဆိုတာကို စိုးရိမ်လာခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီးစောမောင်ကိုလဲ ကျန်တဲ့ဗိုလ်ချုပ်မှူးကြီးသန်းရွှေအပါအ၀င် န၀တအဖွဲ့ဝင် တချို့က ဖိအားပေးလာခဲ့တာတွေ့ရှိရပါတယ်။

အဲဒီအချိန်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ပုဂ္ဂိုလ်ရေးအရ ပိုမိုရင်းနှီးတဲ့ ဗိုလ်ချုပ်ချစ်ဆွေ၊ ဗိုလ်ချုပ်ဖုန်းမြင့်၊ ဗိုလ်ချုပ် မောင်မောင်ခင်(ရေ)၊ ဗိုလ်ချုပ်တင်ထွန်း(လေ)၊ ဗိုလ်ချုပ်မြင့်အောင်၊ ဗိုလ်ချုပ်ထွန်းကြည်၊ ဗိုလ်ချုပ်ကျော်ဘ၊ ဗိုလ်ချုပ် မောင်အေး၊ ဗိုလ်ချုပ်တင်ဦး တို့ရဲ့  ဖိအားကိုလည်း ဗိုလ်ချုပ်ကြီးစောမောင်ရခဲ့ပါတယ်။ ဒါကြောင့်လည်း ဗိုလ်ချုပ်ကြီးစောမောင် အရက်တွေ ဖိသောက်လိုက်၊ ပုတီးစိပ်လိုက် နဲ့ဂယောင်ချောက်ခြားဖြစ်ခဲ့ရပါတယ်။

NLD ကလည်း ရွေးကောက်ပွဲနိုင်တဲ့ အမတ်တွေစုပြီး စစ်တပ်ကိုအာဏာလွှဲပေးဖို့ ဂန္ဒီခမ်းမမှာစုဝေးပြီး တောင်းဆိုမဲ့ ကြေငြာ ချက်စာ တမ်းတွေထုတ်မယ်လို့ သတင်းတွေလဲရခဲ့ပါတယ်။ နောက်ဆုံးတော့ NLD ကို အာဏာလွှဲမပေးဖို့ ဗိုလ်ချုပ်သန်းရွှေနဲ့ အပေါင်းအပါတွေ သဘောထားတင်းမာတဲ့သူတွေရဲ့တောင်းဆိုချက်ကို ဗိုလ်ချုပ်ခင်ညွှန့်တို့ပါပူးတွဲပြီး ဗိုလ်ချုပ်ကြီးစောမောင် ကို တင်ပြလာတဲ့အခါမှာတော့ NLD ကို အာဏာလွှဲမပေးဖို့နဲ့ ရွေးကောက်ပွဲနိုင်အမတ်တွေဟာ အခြေခံဥပဒေအသစ် ရေးဆွဲ ဖို့သာ ဖြစ်တယ်ဆိုတဲ့ န၀တရဲ့၁/၉၀ ကြေငြာချက်ကိုထုတ်ပြန်ခဲ့ပြီး ရွေးကောက်ပွဲကတိကို လွယ်လွယ်လေးလက်နဲ့ ရေးပြီး ခြေနဲ့ဖျက်ခဲ့တာကို အားလုံးအမှတ်ရလိမ့်မယ် ထင်ပါတယ်။

၁၉၉၀ခုနှစ် ရွေးကောက်ပွဲရဲ့ သင်ခန်းစာကို ဗိုလ်ချုပ်ကြီးသန်းရွှေ ကောင်းကောင်းကြီး ရရှိခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီး စောမောင်လဲ ရွေးကောက်ပွဲမှာ ကတိဖျက်ခဲ့ရတာရယ်၊ လက်အောက်က လုပ်ဖေါ်ကိုင်ဖက်များရဲ့ Pressure တွေရယ်၊ ပြည်တွင်း နိုင်ငံရေးအင်အား စုတွေရဲ့ Pressure တွေရယ်၊ ပြည်ပနိုင်ငံများရဲ့ Pressure တွေရဲ့ဒဏ်ကို အကြီးအကျယ်ခံခဲ့ ရပြီး နောက်ဆုံး ယU်ယU်လေးနဲ့ ရူးခဲ့ရတဲ့ အရှုးတပိုင်းလိုဖြစ်သွားခဲ့ရပါတယ်။
အဲဒီတုန်းက ဗိုလ်ချုပ်ခင်ညွှန့်ကိုယ်တိုင် ဗိုလ်ချုပ်သန်းရွှေဘက်ကို ဘက်ပြောင်းခဲ့ပြီး ဗိုလ်ချုပ်ကြီးစောမောင် ဖယ်ရှားရေးကို တိုးတိုး တိတ်တိတ် ကြိတ်ပြီးစီစU်ခဲ့ပါတယ်။ တစ်ပြိုင်တည်းမှာဘဲ ဗိုလ်ချုပ်ကြီးစောမောင်နဲ့ ၁၉၉၀ ရွေးကောက်ပွဲကို တသားတည်း ဥပက္ခာပြု ဖယ်ရှားခဲ့ပါတယ်။ နောက် ဗိုလ်ချုပ်ကြီးသန်းရွှေတက်လာပြီး အမျိုးသားညီလာခံဆိုတဲ့ နိုင်ငံရေးခေါင်းစU်တပ်ကာ နိုင်ငံရေးပါတီတွေနဲ့ ပြည်သူလူထုကို လှည့်စားခဲ့ပြန်ပါတယ်။ လက်နက်ကိုင် တိုင်းရင်းသားတွေကို ဟိုလိုလို ဒီလိုလိုလုပ်ပြီး နိုင်ငံရေးလှည့်ကွက်အမျိုးမျိုးနဲ့ အယုံသွင်းခဲ့တယ်ဆိုတာကိုလည်း ကျွန်တော့်အနေနဲ့ သတိပေးချင် ပါတယ်။

ဒီနေ့ ၂၀၁၀ ရွေးကောက်ပွဲကို ရှေ့တန်းကအော်နေရှာတဲ့ ကိုအေးလွင်(၈၈ကျောင်းသား)နဲ့ အဖွဲ့တွေကို အကျU်းကျနေစU် ထောက်လှမ်း ရေးအဖွဲ့တွေက ကြိမ်ဖန်များစွာနားချ စည်းရုံးမှုနဲ့အတူ အမျိုးသားညီလာခံဆိုတာကြီးကို ဘုမသိဘမသိ အချိန်ကတည်းက သဘောတ ရားရိုက်သွင်းနိုင်ခဲ့ပါတယ်။ NLD ဖြိုခွဲရေးဆိုတဲ့ Plan အရလည်း NLD ထဲက စိုးလင်း၊ ကြည်ဝင်းတို့ အဖွဲ့တွေကို ထောက်လှမ်းရေး အဖွဲ့ တွေကဘဲ ဖဲ့ထုတ်စည်းရုံးနိုင်ခဲ့ပါတယ်။ ဒါကြောင့် ယနေ့ ထောက်လှမ်းရေး ပျောက်သွားပေမဲ့ ဒီအဖွဲ့တွေကတော့ဗိုလ်ချုပ်မှူးကြီး သန်း ရွှေရဲ့ (Psy War) မှာ အသုံးချဖို့လက်ကွက်ကျန်ရစ်နေဆဲပါ။

ပြည်ပမှာဆိုရင် နိုင်ငံခြားသားတွေနဲ့ ပေါက်ရောက်တဲ့ အထူးသဖြင့်အနောက်နိုင်ငံတွေကို ထိုးဖောက်ဝင်ရောက်နိုင်မဲ့ ဒေါက်တာကျော် ရင်လှိုင်တို့၊ ဒေါက်တာဇာနည်တို့အား ထောက်လှမ်းရေးကဘဲ အသိမဲ့သတင်းပေး Unconscious Informer အဖြစ် သုံးခဲ့သလို ယခုလဲ ဒေါက်တာကျော်ရင်လှိုင် အပါအ၀င် English လို ဘိုလိုပြောနိုင်တဲ့သူတွေကို အများကြီး ပြန်လည် အသုံးချနေတာတွေကို တွေ့ရမှာဖြစ် ပါတယ်။နအဖရဲ့  စည်းရုံးမှုကို ခံသွားရရှာသော အေးလွင်ကို ကျွန်တော့်အနေနဲ့ ပြောချင် တာက ယခင်၊ ယခု အသုံးချနေတဲ့သူတွေကို မျိုးချစ်စိတ်ဓာတ်တွေသွင်းပြီး ထင်ရောင်ထင်မှားဖြစ်စေမဲ့ အကြောင်းအရာများ ကို အခြေခံကာ မြှောက်ပင့်ပေးလိုက်သည့်အတွက် Brain Wash လုပ်ခံရမှန်းမသိ လုပ်ခံလိုက်ရတာကို သတိထားစေချင်ပါ တယ်။ အဲဒီသူတွေကိုယ်တိုင်ကတော့ သူတို့ကိုယ်သူတို့ မသိဖြစ်နေပါ တယ်။ ဒါကြောင့်သူတို့ကိုလည်း အမြင်မှန်တွေ ပြန်ရအောင် Brain Wash ပြန်လုပ်ပေးဖို့လိုလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။

ဒါကြောင့်ယနေ့ နေပြည်တော်ကနေ သတင်းပေးပို့လာတဲ့ အတွင်းသတင်း တစ်ခု ကိုအသိပေးချင်ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်လို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ယခင်၁၉၉၀ ရွေးကောက်ပွဲကဲ့သို့ မဖြစ် စေရန်၊ (Plan) များ ရေးဆွဲထားတယ်လို့သိရပါတယ် ၂၀၁၀ခုနှစ်ရွေးကောက်ပွဲကိုမဖြစ်မနေလုပ်မှာဖြစ်ပါတယ်။

*(A - Plan) အနေနဲ့ကတော့ ရွေးကောက်ပွဲမှာ စစ်တပ်ထောက်ခံတဲ့ အုပ်စုက ပြတ်ပြတ်သားသားနိုင်ခဲ့မည်ဆိုလျှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေအနေဖြင့် အစိုးရဖွဲ့၍ အာဏာလွှဲပြီးပါက ၄င်းအနေဖြင့် တရုတ်နိုင်ငံကခေါင်းဆောင် တိန့်ရှောင်ပိန်၊ အီရန်နိုင်ငံကဘာသာရေး ခေါင်းဆောင်အရာတိုလာခိုမေနီတို့လို၊ ရှိနေမည်ဖြစ်ပြီးနေရာတိုင်း၊ အစိုးရအဖွဲ့ကိုဝင်စွက်တော့ မည်မဟုတ်ပါ။

*(B Plan) အနေနဲ့ကတော့ ရွေးကောက်ပွဲမှာ စစ်တပ်ထောက်ခံတဲ့သူများ ပြတ်ပြတ်သားသားမနိုင်ခဲ့ရင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ အတူ လက်ရှိ SPDC သို့)အလားတူ စစ်ကောင်စီတစ်ခုသည် အစိုးရ၏နောက်ကွယ်တွင် ရှိနေမည်ဖြစ်ပါတယ်။ Uပမာအနေဖြင့် မြောက်ကိုးရီး ယား၊ကျူးဘားနိုင်ငံတို့လို၊ယခင်မဆလဥက္ကဋ္ဌဦးနေ၀င်းလိုပုံစံမျိုး၊ဆက်ရှိသွားမည်ဖြစ်ပါတယ်။

*(C Plan) အနေဖြင့် ရွေးကောက်ပွဲမှာ စစ်တပ်ထောက်ခံသူများ ရှုံးနိမ့်ခဲ့ပါက နောက်တစ်ကြိမ် စစ်တပ်က အာဏာပြန်သိမ်းဖို့ဆိုပြီး Plအn(၃)ခုရေးဆွဲထားပြီးဖြစ်တယ်ဆိုတာကိုသိရပါတယ်။

ဒီ Planတွေ မတိုင်မီ ထောက်လှမ်းရေးတပ်ဖွဲ့ဝင်တွေ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ထမ်းတွေမှနေ၍ နိုင်ငံတကာမှာရှိတဲ့ နိုင်ငံတွေရဲ့ အုပ်ချုပ်ပုံအုပ်ချုပ်နည်းတွေကို သတင်းစုဆောင်းပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ရုံးကို အစီရင်ခံခဲ့ရပါတယ်။ ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ နည်းဥပဒေကိုရေးဆွဲဖို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အမျိုးသားညီလာခံ ဗဟိုကော်မတီဝင်၊ ညွှန်ကြားရေးမှူးချုပ် ဦးသောင်းညွှန့်ကို တိုက် ရိုက်လမ်းညွှန်ပြီး ရေးခိုင်းတယ်လို့သိရပါတယ်။ ၂၀၀၈ ခုမကုန်မှီ ဦးသောင်းညွှန့် ကိုယ်တိုင် အချောသတ်ပြီး ဗိုလ်ချုပ်ကြီးသန်းရွှေထံ လက်မှတ်ထိုးဖို့၊တင်ပြထားတယ်လို့သိရပါတယ်။
မူလက ၂၀၀၉ ခုနှစ် ဇန်န၀ါရီ လွတ်လပ်ရေးနေ့မှာ Election Low ထုတ်ဖို့လက်အောက်က စီစU်ခဲ့ပေမဲ့ ဗိုလ်ချုပ်မှူး ကြီးသန်းရွှေက ခွင့်မပြုခဲ့ဘူးလို့သိရပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ရုံးကထွက်လာတဲ့ သတင်းအရကတော့ ရွေးကောက်ပွဲ မတိုင်မှီ (၆)လလောက် လိုမှအမိန့်ထွက်မယ်။ ပါတီတွေကို လွတ်လွတ်လပ်လပ် မလှုပ်ရှားနိုင်အောင် အချိန်ကန့် သတ်ထား တာ ဖြစ်တယ်။ ဒီ့ပြင်စစ်တပ်ထောက်ခံမည့် ကြံ့ဖွတ်အပါအ၀င်အခြား နိုင်ငံရေးပါတီတွေအပေါ် လက်ရှိအခြေအနေကို အားမရ သေးဘူးလို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက မှတ်ချက်ပြုထားကြောင်းသိရပါတယ်။ ဒါကြောင့် ဒီအဖွဲ့တွေကို ရက်တိုနိုင်ငံရေး မွမ်းမံသင်တန်းတွေပေးဖို့ ကြံ့ဖွတ်ဝန်ကြီးတွေကို ဆူပူနေတယ်လို့သိရပါတယ်။

နိုင်ငံတကာနဲ့ ပတ်သက်ရင်တော့ ဗိုလ်ချုပ်သန်းရွှေအနေနဲ့ နာဂစ်မုန်တိုင်းအပြီး ပြုလုပ်ခဲ့တဲ့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေသစ်ကို အနောက်နိုင်ငံတွေက လက်ခံလာအောင်လုပ်ဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ထောက်လှမ်းရေးအဖွဲ့ တွေကို Pressure ပေးနေ တယ်လို့ သိရပါတယ်။

၂၀၁၀ ရွေးကောက်ပွဲပြီးသွားပေမဲ့ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုမရဘူးဆိုရင် ဘယ်လိုအစိုးရမျိုးဘဲ ပေါ်လာပေါ်လာ ထူးခြားမှု မရှိနိုင်ဘူးဆိုတာကို ဗိုလ်ချုပ်သန်းရွှေအနေနဲ့ သဘောပေါက်တယ်လို့ သိရပါတယ်။ဒါပေမဲ့ သူ့အနေနဲ့ မထူးဇာတ် ခင်းပြီး ဖြစ်ချင်ရာဖြစ် ဆိုတာမျိုးလဲ လုပ်သွားနိုင်တယ်လို့ နေပြည်တော် ဗိုလ်ချုပ်မှူးကြီးရုံးက ထွက်လာတဲ့ သတင်းတွေအရ သိရပါတယ်။ယခုနောက်ဆုံးရတဲ့သတင်းကတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဘယ်တော့မှ အာဏာကို လက်လွှတ်မှာ မဟုတ်၊ သေရင်တောင်သရဲဘ၀ကနေ အာဏာကို ယူထားမှာဟု ၎င်းနှင့်နီးစပ်သော ဆွေမျိုး အသိုင်းအ၀ိုင်းက တဆင့်သိရပါတယ်။

ဒါကြောင့် ကျွန်တော်တို့ အားလုံးနားလည်ထားရမှာကတော့ ၂၀၁၀ ရွေးကောက်ပွဲရဲ့ရလဒ်ဟာ ကျွန်တော်တို့ ခင်ဗျားတို့ မြန်မာနိုင်ငံအတွက် ဘာတစ်ခုမှ အကျိုးဖြစ်ထွန်းလာမှာမဟုတ်ဘူး ဆိုတာကိုသေသေချာချာနားလည်ထားစေချင်ပါတယ်။

ယနေ့ မြန်မာနိုင်ငံဟာ သာမန်အရပ်သူ အရပ်သားများတင်မကပါဘူး။ တပ်မတော်သားများအားလုံးလည်း ကျေးကျွန်ဘ၀ကို ရောက်နေ ကြရတာပါ။ ဒီဖွဲ့စည်းပုံ၊ ဒီရွေးကောက်ပွဲနဲ့ ဆက်လက်သွားနေလို့ကတော့ “ကျွန်” ဘ၀ကလွတ်မြောက်မှာ မဟုတ် ပါဘူး။ ဒါကြောင့် မြန်မာနိုင်ငံကို စစ်ကျွန်ပြုမည့် ဒီဖွဲ့စည်းပုံ အခြေခံဥပဒေ ဒီရွေးကောက်ပွဲကို လက်မခံဖို့ လိုပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အားလုံးအနေနဲ့ မြန်မာနိုင်ငံကို တကယ်ဂုဏ်သိက္ခာရှိရှိနဲ့ နိုင်ငံတကာမှာ မြန်မာလူမျိုးရယ်လို့ ဖြစ်စေ ချင်ရင် လက်ရှိစစ်အစိုးရကို ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မှီ၊ တိုင်းရင်းသားလူမျိုး တွေရယ်၊ အတိုက်အခံ အင်အားစု တွေရယ်၊ လယ်သမား၊ အလုပ်သမားများရဲ့ကိုယ်စားလှယ်တွေရယ်နဲ့ တွေ့ ဆုံဆွေးနွေးဖို့ ၀ိုင်းဝန်းဖိအားပေးဖို့ လိုပါတယ်။ ဒီလိုဖိအားကို အားလုံးတက်ညီလက်ညီသာ လုပ်ပေးမည်ဆိုလျှင်တပ်မတော်တွင်းမှာရှိ နေသောပုဂ္ဂိုလ်များလည်း၊ပါဝင် လာနိုင် လိမ့်မည်ဖြစ် ပါတယ်။

နိဂုံးချုပ်အနေဖြင့် တင်ပြချင်တာကတော့ စစ်တပ်အတွင်းမှာလည်း မြန်မာနိုင်ငံကောင်းကျိုးအတွက် ပြုလုပ်ချင်နေတဲ့ အစုအဖွဲ့တစ်ခု ရှိ ကိုရှိနေပါတယ်။ ကျွန်တော်တို့ အားလုံးသာ သဘောထားကွဲတာတွေ တခြားကိစ္စတွေကိုဘေးဖယ်ထားပြီး “ကျွန်တော်တို့ နိုင်ငံအတွက်” ဆိုတဲ့ ဦးတည်ချက်တစ်ခုထားကာ ညီညီညွတ်ညွတ် စုပေါင်းလိုက်ကြရင် စစ်တပ်ထဲကလည်း ပါဝင်လာပါလိမ့်မယ်။ ၂၀၁၀ ရွေးကောက် ပွဲကြီးဟာ ကျွန်တော်တို့လိုချင်တဲ့ ပုံစံမျိုး၊ရွေးကောက်ပွဲဖြစ်လာလိမ့်မယ် ဆိုတာ၊ တင်ပြလိုက်ရပါတယ်။

“ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊လိမ်လည်လှည့်ဖျားမှုကိုသတိပြုကြပါ”

* (ဆောင်းပါးသည် တနှစ်ကျော်ကရသော သတင်းအပေါ် အခြေခံထားသော်လည်း နအဖသည် ဆက်လျှောက်နေဆဲဖြစ်သည် )

ရွေးကောက်ပွဲ လုံးဝပျက်စီးစေဖို့ ဖျက်ဆီးရေးမှာ သင့်တာဝန်ဟုတ်ပါရဲ့ လား

ခိုင်အောင်ကျော် ( နယူးယောက် )

သူတော်ချင်းချင်း သတင်းလွေလွေ့ စကားပုံကို လူတိုင်းသိကြပါသည် ။ အရပ်သားစကားပြောရလျှင် သန်ရာ တွေစုကြသည့်သဘောဖြစ်သည် ၊ အနှစ်နှစ်ဆယ်လုံးလုံး သန်ရာချည်းစုမိကြသောအခါ ဤကဲ့သို့သောအချိန်ထိ တော်လှန်ရေးကာလ ကြာမြင့်ခဲ့ရပါပြီ ။ နှမျှောတတ်ကြဖို့တော့ လိုသည်။ အသိတရားတွေ ရရှိကြဖို့လိုသည် ၊ ကျနော်တို့ အမှန်တကယ်ပင် အသိတရား ရကြပါပြီလား ၊ မထင်ပါ ။ အကြောင်းမှာ ရန်ငါစည်းမပြတ်၍ ယခုထိပင် ပြသနာတွ ရှိနေပါသေးသည်ဟု တချို့ က ပြောကြပါသည် ။ အသွင်ကူးပြောင်းရေးကာလတခုအတွက် ပေးဆပ် ခဲ့ကြသော အချိန်များ၌ ခြင်္သေ့ကဲ့သို့သော ဟိန်းဟောက်နေခဲ့ကြသည့် ပုဂ္ဂိုလ်များသည် ကြွက်စုတ်လည်း ဖြစ် သွားကြပြီ။

ပြည်ပသို့ထွက်ခွာလာကြစဉ်က အားလုံးသောရင်ထဲမှာ တဂူထဲ၌သာရှိသော ခြင်္သေ့ကဲ့သို့ သတ္တိအရာများ ပြည့်စုံသော တော်လှန်ရေးခေါင်းဆောင်များ ဖြစ်ကြပါသည် ။ သည်လိုနှင့် တော်လှန်ရေးရေစီးကြောင်းတွင် မျောပါယင်း NGOs တို့၏ ရေစီးကြောင်းနှင့် ဆက်လက်မျှောသွားသောအခါ ပုံစံခွက်ထဲမှာသာ ဘ၀ပြောင်းသွား ခဲ့ကြပါသည်။ ထို့ကြောင့်ဤမျှအချိန်ကာလ ကြာမြင့်ခဲ့ပါသည်ဟု တချို့ က သုံးသပ်ကြပါသည် ။

တချို့မှာ တတိယနိုင်ငံများသို့ ရောက်ရှိသွားကြသောအခါ တော်လှန်ရေးအရှိန်လျော့ပါးခြင်းဂယက်တွင် ပါဝင် သွားသည်ဟု စောဒကတက်ပြကြပါသည် ။ မည်သို့ပင်ဆိုစေ လူတိုင်းလိုလို စိတ်ဆန္ဒတခု ရှိနေသည် ကိုတော့ ၀န်ခံပြောနိုင်ကြပါသည်။ သို့သော် ထိရောက်စွာ မလုပ်နိုင်ကြခြင်းနှင့် ထိရောက်စွာသိမ်းသွင်း စည်းရုံးမှု မရှိနိုင်ခြင်း ကြောင့်ဟု ယေဘူယျပြောဆိုကြပါသည် ။

ကံကောင်းသည်ဟု ပြောရမည်လားမသိ။ ကျနော်နှင့် ဆက်စပ်နေသောသူများတို့မှာ ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ရေးအတွက် နည်းလမ်းများရှာကြံနေသူများဖြစ်သည်။ ဒ်ီတော့ ကျနော်တို့မှာ ပေါ်လီစီများ ရှာကြံ ရပါတော့မည်။ နည်းလမ်းများချမှတ် အကောင်အထည်ဖေါ်ရပါတော့မည်။ အစီအစဉ်များကို စနစ်တကျ ပြုလုပ်ရန်လိုပါသည်။ အကြောင်းမှာ စစ်အစိုးရသည် ဤရွေးကောက်ပွဲကို သေချာစွာပြုလုပ်စီမံထားခြင်း ကြောင့် ဖြစ် ပါသည် ။

ကျနော်တို့၏အင်အားနှင့် စစ်အစိုးရ၏အင်အားကို ချိန်ကြည့်ရန်လိုပါသည် ။ သည်အခါ ပြော၍မရနိုင် လောက် အောင်ပင် ကွာခြားနေမှန်း သတိပြုမိကြမည် ထင်ပါသည် ။ ပြည်တွင်းမီဒီယာများသည် ကျနော်တို့အတွက် အဓိကမဟာမိတ်မဖြစ်သေး။ သို့အတူပြည်ပမှ မီဒီယာအသံလွှင့်များသည်ပင် ဒီမိုကရေစီအင်အားစုများအတွက် မီဒီယာမဟုတ် ။ ဤအချက်ကို နားလည်ရန်လိုပါသည်။ အသံလွှင့်မီဒီယာများသည်၎င်း ၊ ဂျာနယ်များသည်၎င်း အတိုက်အခံအင်အားစုများ၏ အသံများ ၊ဆောင်းပါးများကို ဖေါ်ပြခြင်းထက် ရွေးကောက်ပွဲဝင်မည့်ပါတီများ အကြောင်း နှင့် ယင်းပုဂ္ဂိုလ်များ၏ အင်တာဗျူးများကိုပင် ထာဝစဉ်ဖေါ်ပြနေသေးသည်။ အတိုက်အခံများ၏ ဆောင်းပါးများ ၊ အသံများကို ထည့်သွင်းဖေါ်ပြရာ၌ နည်းပါးလွန်းလှနေပါသည်။

ကုန်ခဲ့သောတပါတ်က ရှမ်းပြည်တပ်မတော်မှ ဗိုလ်မှူးယောဆပ်၏ ဆောင်းပါးတပုဒ်ကိုတွေ့ရသည်။ မည်သူမျှ လိုက်နာလက်ခံထားခြင်း မရှိကြသေး ။ နအဖတပ်မတော်သည် အတိုက်အခံတို့၏ လက်နက်ကိုင်များနှင့် မည်မျှ ကွာခြားနေသနည်းဆိုသည်ကို ထောက်ပြထားကြောင်း တွေ့ရသည်။နအဖတပ်မတော်တွင် တသွေးတသံ တမိန့် တည်း ရှိသည် ။ ဒီမိုကရေစီအတိုက်အခံများမှ လက်နက်ကိုင်အင်အားစုများမှာ အများအပြားရှိသည်။
ထို့ကြောင့် ရန်သူသည် ထာဝရကောက်စားနိုင်သည်ဟု ရေးသားဖေါ်ပြထားပါသည်။ ယင်းမှာအဓိကအချက် အနေဖြင့် ရန်သူ နအဖတပ်မတော်က စည်းလုံးညီညွတ်စွာရှိနေသော်လည်း အတိုက်အခံတော်လှန်ရေး လက်နက်ကိုင်အဖွဲ့ တို့မှာ ကွဲပြဲနေသည်ဟု ဆိုလိုရင်းဖြစ်သည်။ ရန်သူပြိုကွဲစေရေးအတွက် ဤသို့မဖြစ်နေသင့်ဟု လက်နက်ကိုင် တော်လှန် ရေး ဗိုလ်မှူးယောဆပ်က အသိပေးပါသည်။ တခုတည်းသောတပ်တော်ရှိသည့် နအဖကို တခုတည်းသော တော်လှန်ရေးတပ်မတော် ရှိသင့်သည်ဟု ထောက်ပြခြင်းဖြစ်သည်။

ဤသည်မှာမဖြစ်နိုင်စရာလည်း မမြင်။ ပြည်ထောင်စုတပ်မတော်ဖွဲ့စည်းရန် စိတ်ဆန္ဒရှိကြဖို့သာလိုပါသည်။ ရခိုင်ကတမျိုး ၊ရှမ်းကတဖုံ၊ မွန်ကတမှောင့် ချင်းကတသွယ်နှင့် ကရင်က တလမ်းဆိုနေလျှင်တော့ မည်သို့မျှ ခိုင်မာတောင့်တင်းသော နအဖစစ်အုပ်စုကို ခုခံတိုက်ခိုက်တွန်းလှန်နိုင်မည် မဟုတ်ချေ။

တသွေးတသံတမိန့်တည်းပြုလုပ်ရန်အတွက် ပြည်ထောင်စုတပ်မတော်ကို အမြန်ဆုံးဆောင်ရွက်ကြဖို့လိုသည်။ ယခုလက်ရှိကြားသိနေရသော မဟာမိတ်အဖွဲ့များ၊ တပ်ပေါင်းစုစသည်များမှာ လက်တွေ့မဆန်လှ။ ကျနော်ပြောလိုသည်မှာ တပ်ရင်းတခုထဲတွင် လူမျိုးပေါင်းစုံ ပူးပေါင်းပါဝင်သော ပြည်ထောင်စုတပ်မတော်ကို ဆိုလိုရင်းဖြစ်သည်။ ကျနော်တို့သည် လွန်ခဲ့သော အလုပ်မဖြစ်သည့် ပုံစံခွက်များကို လုံးဝပြောင်းပစ်ရ မည်ဖြစ်သည်။ လက်သင့်ခံထားရန်လည်း အချိန်မဟုတ်တော့။ ထိုတလောက ကရင်အမျိုးသားစည်းရုံးရေး တပ်ဖွဲ့မှ နအဖစစ်ကြောင်းတခုအား အောင်မြင်စွာတိုက်ခိုက်နေခြင်းကို ဗီဒီယိုကြည့်ရှုလိုက်ရပါသည်။ ကျနော်တို့ တော်တော်ပင် စိတ်ဓါတ်တက်ကြွဖြစ်ကြပါသည်။

ယင်းသို့ပါဘဲ အခြားသော တိုင်းရင်သားလူမျိုးများ လက်နက်ကိုင်အဖွဲ့ကလည်း ခုလိုတိုက်ခိုက်တာများ ရှိခဲ့ လျှင်ဖြင့် မည်သို့ပျော်ရွှင်ရမည်လဲလို့ စိတ်ကိုခန့်မှန်းမိပါသည်။ လူသတ်နေခြင်းကို လက်ခုပ်လက်ဝါး တီးပေးနေ သည်မှာ သဘာဝမကျသလိုတော့အမှန်။ မတတ်နိုင်ပါ ။ စစ်ပွဲဆိုသည်က တရားသဖြင့် အနိုင် ယူကြ သည်မို့ ကိုယ်မသတ်လျှင် သူကသတ်သွားမည့်ပွဲဖြစ်သည်။ စစ်မြေပြင်မဟုတ်ပါဘဲ နအဖစစ်တပ်၏ လူသတ်ခြင်းကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသော မြန်မာနိုင်ငံသားဒုက္ခသည်များမှာ သိန်းကျော်၍ သန်းနီးကပါး တိုင်နေပါပြီ။ တဖက်သတ်ခံနေရသော ယင်းနေ့တဓူဝပြသနာများကို ဖြေရှင်းရန် တခုတည်းသော နည်းလမ်းမှာ အင်အား ချိန်ခွင်လျှာ တူညီနေရေးဖြစ်သည်။ ယင်းအင်အားချင်းတူညီနေမူကို ဗိုလ်မှူးကြီးယောဆပ်က ပြောဆိုခြင်းဖြစ် သည်။ ဤအချက်မှာ ပကတိမျက်မှောက်ကာလ လိုအပ်ချက်တခုဖြစ်သည်။

တချိန်တည်းမှာ နိုင်ငံရေးအရ ကျနော်တို့မှာ အဖွဲ့ပေါင်းများစွာ ရှိနေသည်။ စုစည်း၍မရ။ သေချာသည်မှာ ရန်ငါစည်းမပြတ်၍ဖြစ်နေရခြင်းဟု ဂျာမဏီမှ ဦးဆံနီက သုံးသပ်ပြပါသည်။ ရန်သူကိုရန်သူလို့မြင်ပြီး မိမိတို့ အတွင်းမှ ရန်သူများကိုလည်း ခုအချိန်မှာ ထုတ်ဖေါ်ဆုံးဖြတ်တိုက်ပွဲရမည်ဟုဆိုသည်။ ကျနော်သည်ပင် ပေါ်လီစီ များကို ချမှတ်ထုတ်ဖေါ်အသိပေးနေသည့်ကြားမှ အရေးတယူ ဆွေးနွေးကြသည့် အင်အားစုမှာ လက်ချိုးရေတွက် ၍ ရနေသည်ကို သတိထားမိပါသည်။ ကံကောင်းသည်ဟုလား မပြောတတ်ချေ။

အားလုံေးသာသူတို့မှာ ရန်သူနှင့် အသေအကြေတိုက်ပွဲဝင်နေသူများဖြစ်သည်။ ချစ်စရာအကွက်လေးတခု ကတော့ ယင်းသို့ရှိနေပါသည်။ ကျန်နေသည့်အစိတ်အပိုင်းတွေမှာတော့ အားမရလှ။ အဘယ့်ကြောင့်ဆိုသော် လူကြီးတန်မဲ့ စကားပြောနေကြခြင်းနှင့် အတင်းပြောနေကြသလိုဖြစ်နေသော နိုင်ငံရေး သီအိုရီချပြနေကြခြင်း ဖြစ်ပါသည်။ ကျနော်ပြောချင်သည်မှာ နိုင်ငံရေး ဂုဏ်သိက္ခာရှိစေချင်ကြပါသည်။

အားလုံးသောပုဂ္ဂိုလ်တို့မှာ သမိုင်းနှင့်လာသော ရာဇ၀င်နှင့်လာသော နိုင်ငံရေးသမားများ ၊ တော်လှန်ရေးသမား များဖြစ်ပါသည်။ ဆင်မှာလည်းဆင်အထွာ ၊ ဆိတ်မှာလည်း ဆိတ်အထွာနှင့် မို့ ခွဲ့ခြားပြောဖို့အချိန်လည်း မဟုတ်။ သဘောက နိုင်ငံရေးအကျဉ်းသားများက သူတို့၏ ဂုဏ်ပုဒ်သိက္ခာကို အကျဉ်းထောင်နှစ်ကြာမြင့်မူပေတံနှင့် တိုင်းသလို တော်လှန်ရေးသမားတွေကလည်း လက်နက်ကိုင်ခဲ့မူအချိန်ကာလနှင့် ပေတံဖြင့်တိုင်းတာနေသည်မှာ တော့ မလိုအပ်တော့။

အဖွဲ့အစည်းကြီးတွေမှာလည်း ဆင်အရေခွံကိုခွါချကာ သူလိုကိုယ်လို လုပ်ပြရတော့မည့်ကာလဖြစ်ပါသည်။ သေသေချာချာ ရှင်းပြချင်ပါသည်။ နအဖမှာ အင်မတန်ခိုင်မာစွာ အဖွဲ့အစည်းကြီးနှစ်ခုရှိသည်.။ယင်းမှာ တစညနှင့် ကြံ့ဖွံ့ဖြစ်သည်။ သူတို့သည် နအဖအသက်ရှင်ရပ်တည်ရေးအတွက် ပေးအပ်သောအမိန့်တာဝန်များကို မြေ၀ယ်မကျ နားထောင် လိုက်နာကြပါသည်။ နောက်ပြီး စွမ်းအားရှင်ဆိုသော အင်အားစုမှာ လူသတ်ခိုင်းလျင် ၀ါးရင်းတုတ်ဖြင့် လူသတ်သည်အထိ အမိန့်ကို လုပ်နာသည့် လက်ပါးစေသမားများဖြစ်ပါသည်။ ပြောရလျှင် နအဖ၏သေနတ်မကိုင်သော အကြမ်းဖက်အဖွဲ့အစည်းဖြစ်ပါသည်။ နအဖသည်အကြမ်းဖက်အဖွဲ့ဖြစ်ကြောင်း ကမ္ဘာကသိရှိပါသည်။

သူတို့၏ရွေးကောက်ပွဲတွင် သူတို့၏အင်အားစုများ အနိုင်ရရှိရေးအတွက် အစွမ်းကုန်ကာကွယ်ကြပါလိမ့်မည်။ ယင်းမှာလည်း သဘာဝကျပါသည်။ အကြောင်းမှာ သူတို့သာရွေးကောက်ပွဲမှာ ရှုံးခဲ့လျှင် သက်ဆိုးမရှည် နိုင်တော့ ဟု ထင်ကောင်းထင်နေမိမည်ဖြစ်ပါသည်။ အထက်ကဆရာကြီးတို့က မည်သို့နည်းနှင့်မျှ မရှုံးအောင် ဖန်တီးထား ပြီး ပြီ ဆိုသည်ကို သူတို့ ဦးဏှောက်ဖြင့် တွက်ဆ၍ ဥာဏ်မမှီလှပါ။

ထို့ကြောင့် ရုံးမည်ထင်လျှင် ပွဲကြမ်းရအောင် သူတို့မှာ အဓိကရုဏ်းသင်တန်းများ တက်ပြီးနေပါပြီ။ တခုသာ ရှိပါသည်။ ရွေးကောက်ပွဲအပေါ် သစ္စာရှိစွာဖြင့် အသက်ပေးကာကွယ် စောင့်ရှောက်သွားကြပါလိမ့်မည်။ ယင်းမှာ ယုံမှားစရာ သံသယပွါးစရာ မဟုတ်တော့ပါ။ သည်လိုဆိုလျှင် ကျနော်တို့ အတိုက်အခံများဘက်မှ လှုပ်ရှားမှူများကို တဖန်ပြန်၍ သုံးသပ်ကြည့်ရန်လိုလာပါပြီ။

ကျနော်တို့မှာ ရွေးကောက်ပွဲ ဖျက်ဆီးရေးအတွက် ပျက်စီးစေရေးကို မည်သူက တာဝန်ယူနေပါသနည်း။ မည်သူမျှ တာဝန်ခံခြင်း မရှိသေးမှန်း သိသာနိုင်ပါသည်။ အခန်းအနားပြုလုပ်ပြီး ကြေညာချက်ထုတ်ရုံနှင့် လိုက်မမှီတော့မှန်း သိဖို့လိုပါသည်။ သစ္စာရှိစွာဖြင့် လုပ်ငန်းဆောင်ရွက်မည့်သူများ လိုအပ်နေပါပြီ။ သို့သော် ပေါ်လီစီမရှိ၍ မည်သူမျှ မလုပ်ဆောင်ရသေးပါ။ ပေါ်လီစီဆိုသည်မှာ တခုပြီးတခု ချမှတ်ပြီး အစီအစဉ်တကျ လုပ်ဆောင်ရန်လိုပါသည်။ ရွေးကောက်ပွဲကို မပျက်ပျက်အောင် လုပ်ကြရပါလိမ့်မည်။

ဒီအခါ လူပေါင်းများစွာကို တွေ့ဆုံပြီး စကားစမည်ပြောဆ ဆွေးနွေးကြည့်ပါသည်။ အမြင်ချင်းတူနေသောသူများ ၊ အတွေးအခေါ်တူနေကြသူများကို အုပ်စုအလိုက် ဆန္ဒသဘောထားများနှင့် ပါတ်သက်၍ ဆွေးနွေးကြည့်ပါသည်။

မြောက်ကာရိုလိုင်းနားပြည်နယ်တွင် နေထိုင်သည့် ဒေါက်တာခင်စိန်ပြောသော ပုံပြင်ကလေးတပုဒ်ကို ဤနေရာ မှာ အမှတ်ရလာမိပါသည်။ ဗမာလူမျိုးတယောက်နှင့် ကရင်လူမျိုးတယောက် ငါးရှာထွက်ကြသည့် ဇတ်လမ်း ကလေးဖြစ်ပါသည်။ ဗမာကောင်လေး၏ပလိုင်းတွင် ပုဇွန်တုပ်များမှာ ထွက်ပြေးရန်အတွက် ပလိုင်းပေါက်သို့ ခုန်တက်သည်ဟု ဆိုပါသည်။ ယင်းသို့တကောင်က သူလွပ်မြောက်ရန်အတွက် ခုန်တက်လျှင် ကျန်သည့် လူများက ခြေထောက်ကိုဆွဲတဲ့ လူကဆွဲ ၊ လက်မကိုကိုက်ဖြတ်သည့် သူကဖြတ်နှင့် ၊ တက်သည့်အကောင်တိုင်း ကျန်သည့်လူက လက်မဖြတ်လိုက် ကိုက်လိုက် နှင့် နောက်ဆုံးတွင် မည်သည့်လူမှ ပလိုင်းပေါက်နားသို့ မရောက်ခဲ့ကြရ။

ကရင်ကောင်လေးပလိုင်းတွင်မူ ပုဇွန်တကောင်က ခုန်ကျော်ပြီးတက်လာလျှင် မမှီသည့်အကောင်ကို နောက်ကအကောင်က ဆွဲတင်သွား၍ နောက်ဆုံးမှာ ပလိုင်းထဲမှ ပုဇွန်တုပ်တွေလွပ်မြောက်ပြီး အသက်ချမ်းသာ ရသွားရသည်ဟု ဆိုပါသည်။

ဗမာကောင်လေး၏ပလိုင်းတွင်မူ ပုဇွန်တုပ်များမှ ဖွင့်ကြည့်လိုက်သောအခါ ခြေထောက်အကိုက်ခံရ၍ ခြေကျိုးသူကကျိုးနှင့် တချို့ မှာ လက်ပြတ်သူကပြတ်နှင့် အားလုံးပြေးနိုင်စွမ်း မရှိတော့။ ထို့ကြောင့် ဟင်းအိုး ထဲရောက် သွားကြရသည်ဟု ဆိုပါသည်။ ဥပမာပြသည်ကတော့ ၈၈ လွန်နိုင်ငံရေးလောကတွင် ဗမာအချင်းချင်း ချလိုက်ဖြတ်လိုက် ခုတ်လိုက်နှင့် နောက်ဆုံးမှာ ပလိုင်းထဲက ပုဇွန်တုပ်ဘ၀လိုဖြစ်သွားကြရသည်ဟု ပုံပြင်လေး ကို အဆုံးသတ်ပြောပြပါသည်။


ထိုသို့ဖြစ်နေ၍လည်း ယခုလိုသာ အသွင်ကူးပြောင်းရေးက ကြာမြင့်နေသည်ဆိုလျင် ကျနော်တို့ ဘာများ လုပ်စရာရှိပါမည်နည်း။ ရှင်းပါသည်။ ပြန်လည်ညှိနိုင်းစေ့စပ်ရပါလိမ့်မည်။ လာတုံးကကဲ့သို့ ခြင်္သေ့များကို သူ့ဂူနှင့် သူ နေစေချင်ပါသည်။ ဆင်များကိုရော ဆိတ်များကိုရော အထွာတွေနှင့် ရှိစေချင်ပါသည်။ တလွှဲဆံပင် ကောင်းစွာနှင့် ကိုယ့်အချင်းချင်း ကွဲသွားရန် မပြုလုပ်သင့်တော့။ ကိုယ့်အချင်းချင်း ပွဲကြမ်းအောင် မဆောင်ရွက်သင့်ချေ။ အားလုံးသောပုဂ္ဂိုလ်တို့မှာ စစ်အစိုးရကို ဖြုတ်ချချင်၍ တိုက်ပွဲဝင်နေကြသူများဖြစ်သည်။ သို့ကြောင့် မည်သို့ ဖြုတ်ချရမည်ကို ပေါ်လီစီများချမှတ်ရန်သာလိုပါသည်။ ဆိုကြပါစို့။

နိုင်ငံတကာအစိုးရများက ၂၀၁၀ ရွေးကောက်ပွဲကို အသိအမှတ်မပြုဆိုသောစကားကို ပြောအောင် လုပ်ပြဖို့လိုပါ သည်။ တချိန်တည်းမှာ ပြည်တွင်း မှာလည်း သပိတ်မှောက်ကြောင်း ကြေညာချက်များ ထုတ်ပြန်ထားဖို့ အမြဲလိုပါ သည်။ နိုင်ငံတကာသံရုံးများသို့ အိပ်ဖွင့်ပေးစာများ ပေးကမ်းနေဖို့လိုပါသည်။

ကြံ့ဖွံ့ပါတီမှ ဖိနပ်သိန်းစိန်အား လက်ဆောင်ပေးရန် ဖိနပ်ကမ်ပိမ်းကို ပြည်တွင်းမှာ ပြုလုပ်ရန်အမြဲလိုအပ် နေပါ သည်။ လမ်းဘေးမှ ဖိနပ်စုတ်များကို ကြံ့ဖွံ့ပါတီရုံးများသို့ နေ့စဉ်ပို့ပေးရန်လိုပါသည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအား ထမီစုတ်များကို စာတိုက်မှတဆင့် နေပြည်တော်သို့ အမြဲလက်ဆောင်ပေးပို့နေရန် လိုပါသည်။

ပြည်ပတွင် နိုင်ငံတကာအစိုးရများမှ ပုဂ္ဂိုလ်များ ၊ သတင်းစာဆရာများကို တွေ့ဆုံတိုင်း သပိတ်မှောက်ကြောင်း ပြောပြကြရန်လိုလာပါပြီ။၁၉၉၀ ခုနှစ် ရွေးကောက်ပွဲကိုရလဒ်ကိုသာ အလိုရှိကြောင်း ၊စင်ပြိုင်အစိုးဖွဲ့စည်းရေးကို သာ လုပ်ဆောင်ရန်ဖြစ်ကြောင်းနှင့် စင်ပြိုင်အစိုးရဖွဲ့စည်းရန် ဖြစ်မြောက်ရေးအဖွဲ့ ဖွဲ့မည်ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ရန်လိုပါပြီ။

ယင်းကမှတဆင့် ပြည်တွင်းရှိပြည်သူတရပ်လုံးအား သတင်းကောင်းများပေးရန် ကြိုးစား ပြကြ ရပါတော့မည်။ ဤသည်မှာ ဒေါ်အောင်ဆန်းစုကြည်ကြားချင်သော သတင်းကောင်းလည်း ဖြစ်ပါလိမ့်မည် ။ သည်တော့ ၂၀၁၀ ရွေးကောက်ပွဲဖျက်ဆီးရေးအတွက် ပျက်စီးစေရေးမှာ လူတိုင်းတာဝန်ရှိသည်မဟုတ်လား။ ကျနော့််မှာလည်း တာဝန်ရှိသလို သင့်မှာလည်းတာဝန်ရှိပါပြီ။

ဝေလည်ကြောင်ပတ် မြန်မာ့နိုင်ငံရေးအကြောင်း ဆွေးနွေးပြကြရတော့မှာလား

ခိုင်အောင်ကျော် ( နယူးယောက် )

တခုခုကတော့ လွှဲနေပါပြီ ။ ကိုယ်ကဘဲ မှားနေသလား ။ သူတို့ကဘဲ မှားနေသလား မသိ။ ကောက်ချက် ချလျှင်လည်း သူ့အမြင်ကိုယ့်အမြင် ၊ ယေဘူယျကွဲပြဲနေသည်။ အာဆီယံညီလာခံကို ဗီယက်နာမ် နိုင်ငံ ဟနွိုင်းမှာ ကျင်းပပြီးပြီ။။ နိုင်ငံခြားဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါပြီ။ မေးစရာတွေ မေး၍ ပြောစရာတွေလဲ ပြောကြပြီးပါပြီ။ အာဆီယံက ရှေ့ဆက်ရမဲ့ ကိစ္စ ရင်ဆိုင်ရမဲ့ ကိစ္စတွေကို ပြောလိုက်ကြပြီ။ ရွေးကောက်ပွဲဥပဒေကို ပြင်ဆင်ဖို့ စစ်အစိုးရကို အချိန်ဘယ်လောက်ထိ ဆက်ပြီးစောင့်နေရအုံးမှာလဲ ဆိုတာတွေ ပြောလိုက်ကြပြီ။ သည်တော့ မလိုက်နာလျှင် အာဆီယံက ဘာလုပ်မှာလဲ ဆိုသောမေးခွန်းက တပါတည်းရှိလာနေပြီဟု မေးခွန်းထုတ် လာကြပြီ။ ASEAN - Inter+Parliamentary Myanmar Caucus ( AIPMC ) မှ ဒါရိုက်တာ ရိုရှန် ဂျေဆန်က မေးခွန်းထုတ်သွားခြင်းဖြစ်သည်။

သူပြောသည့်စကားမှာ ထူးခြားမူတွေရှိနေသည်။ သတိမထား၍မရ။ ယခုအချိန်မှာ အလွန်ဂရုပြုရမည့် အချိန်ဖြစ် နေသည်။ မလိုက်နာလျှင် ဘာလုပ်မည်နည်းဆိုသော မေးခွန်းမှာ စစ်အစိုးရအဖို ငယ်ထိပ်မြွေပေါက်သလို ဖြစ်မည့် ကိန်းဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဥာဏ်ဝင်းကမူ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှာ ယခုထက်ထိ မြန်မာနိုင်ငံရေးကို သိပုံမပေါ်သေးဟု ကောက်ချက်ချလိုက်သည်။ အဲဒီတော့ ကျနော်တို့ စဉ်းစားရကြပ်သွား ပါပြီ။ အဟုတ်ကြီးဟုတ်နေခဲ့သော ကျနော်တို့မှာ ဦးးဥာဏ်ဝင်းပြောသလို အာဆီယံသိအောင်ပင် မစွမ်းဆောင်နိုင် ခဲ့ခြင်းများ ရှိပါသေးသလားဟု ဆန်းစစ်ရမည့် အခြေအနေကို ဆိုက်ရောက်သွားပါပြီ။ နှစ်ပေါင်း နှစ်ဆယ် ကာလ သည် တော်တော်ခရီးမဟုတ်။ လူသားတယောက်အနေဖြင့်ဆိုလျှင် လူပျိုပေါက်အရွယ်ရောက်သည့် အချိန် ကာလဖြစ်သည်။

တော်ပါသေးတယ် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတလာ ဂါဝါက မြန်မာနိုင်ငံသူ နိုင်ငံသားတွေက ရွေးကောက်ပွဲပေါ် မည်သို့သဘောထားသနည်း ဆိုသည်ကို လေ့လာဖို့အရေးကြီးသည်ဟု ဆိုထားသည်။သို့ဖြစ်၍ ကျနော်တို့မှာ ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ကြောင်း ပြည်တွင်းမှာပါ ပြည်ပမှာပါ ဆန္ဒတွေ ရှိသည်ဟု ထုတ်ဖေါ်လှုပ်ရှားရန် အခွင့်အရေး ရှိနေပါသေးသည်။ အချိန်မနှောင်းသေးဟုလည်းး ထင်သည်။ ကျနော်တို့မှာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် ရန်သူတွေ များလှပါသည်။ စစ်အစိုးရတခုတည်းသာဆှိုပါက ခုလောက် ဆို အောင်ပွဲရလောက်ပြီဟုထင်သည်။

ယခုက စစ်အစိုးရတဦးတည်းမဟုတ်။ သူ၏ခြံပေါက်ကြက်နှင့် ငယ်တော်ကျွန်များဖြစ်သောကြံ့ဖွံ့များ၊ မဆလ ပြုတ် တစညများ၊ ၀န်ထမ်းများ၊ စစ်တပ်အတွင်းမှ တပ်မတော်သားများ။ ဗဟိုသင်္ဃာ့နာယာကမှ ရဟန်းသင်္ဃာ များအပြင် နိုင်ငံရေးမလုပ်ရလျှင် ခေါင်းကိုက်တတ်သော ခါတော်မှီသမားများနှင့် ဒေါ်အောင်ဆန်းစုကြည်ကို ခြေတော်ရာတိုင်းချင်ကြသော ၀န်ကြီးသားသမီးများမှာ နံပါတ်စဉ် အလိုက် တန်းစီနေပါသည်။

ပြည်ပမှာကြည့်လျှင် အာဆီယံနိုင်ငံများနှင့် တရုပ်နိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့နှင့် ဆက်ဆံရေး မပြေပြစ်သော နိုင်ငံများလည်း ရှိနေသေးသည်။ ပြည်ပမှာကျတော့ မီဒီယာတွေက အလွန်အရေးပါသည်မို့ နအဖစစ်အစိုးရသည် မီဒီယာသမားများကို ကြေးကြီးပေး၍ ငှားထားသည်။ ပြောရလျှင် ကုလသမဂ္ဂအထဲတွင် ၎င်းး၊ အမေရိကန်အစိုးရအထဲတွင်၎င်း နအဖစစ်အစိုးရအတွက် ပြောပေး ရေးပေးသူများ ရှိသည်။ အမေရိကန် နိုင်ငံထုတ်သတင်းစာများတွင် စီနီယာသတင်းစာဆရာများသည် နအဖစစ်အစိုးရအတွက် အကောင်းဆုံး ကော်လံ စား သတင်းများကို ရေးသားနိုင်ကြသူများဖြစ်သည်။ တခါက ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း လုပ်ခဲ့သူ ဦးသန့်၏ မြေးဒေါက်တာသန်းမြင့်ဦးသည် အမေရိကန်ဆီးနိတ်လွှတ်တော်ထဲမှာပင် မြန်မာနိုင်ငံရေးနှင့် ပါတ်သက် ၍ ဆွေးနွေးခွင့်ရရှိသူဖြစ်ပြီး စစ်အစိုးရအတွက် အကောင်းဆုံးဝါဒဖြန့်ချီနေသူဖြစ်သည်။

တခါတခါ ဥရောပမှ ဟန်ညောင်ရွှေတို့ ဆလိုင်းလျှံမှုန်းတို့အုပ်စုသည်။ နိုင်ငံတကာတွေမှာ လှည့်လည်ပြီး ရွေးကောက်ပွဲကိုဝင်သင့်ကြောင်း ပြောဆိုနေကြသေးသည်။ အိန္ဒိယနိုင်ငံအခြေစိုက်NCGUBမှ ဒေါက်တာတင့်ဆွေ က ၂၀၁၀ရွေးကောက်ပွဲကို သပိတ်မှောက်သင့်ကြောင့်း ဆွေးနွေးနေရစဉ် ယင်းအခန်းအနားမှာ ဟန်ညောင်ရွှေ တို့က ရွေးကောက်ပွဲကို ၀င်သင့်ကြောင်း ဆွေးနွေးတင်ပြသည်ကို သိရှိရသည်။ ပြီးတော့ နယူးဒေလီမှာ ရုံးခမ်း တောင် သေသေချာချာ ဖွင့်လှစ်ထားလိုက်သေးသည်။

EBO ရုံးခမ်းအဖြစ် ဖွင့်လှစ်ထားသော ယင်းရုံးခမ်းမှာ နယူးဒေလီ၌ လုံးဝမလိုအပ်ပေ။ အဘယ့်ကြောင့်ဆိုသော် ဒီမိုကရေစီအင်အားစုများသည် နယူးဒေလီ၌ ၂၀၁၀ ရွေးကောက်ပွဲကို လုံးဝလက်သင့်ခံကြသူများမဟုတ်။ ပြီးတော့ မြန်မာ့နိုင်ငံအရေးနှင့် ပါတ်သက်၍ ယင်း EBO ရုံးခမ်းနှင့် မည်သူမျှ ပူးပေါင်းလုပ်ဆောင်ခြင်းမရှိ။ ထို့ကြောင့် ဟန်ညောင်ရွှေဘာလုပ်နေသနည်း ဆိုသည်ကို သိသာနိုင်ပါသည်။

ဤရွေးကောက်ပွဲမှပင် မြန်မာနိုင်ငံမှာ ဒီမိုကရစီအခြေခံအဆောက်အအုံတခုကို ဖန်တီးသွားမည်ဟု ဦးဖြိုး မင်းသိန်း တို့က ပြောနေသေးသည်။ မာရှယ်လောမရှိတော့ဟုလည်း ဆိုသည်။ ပါလီမန်အတွင်းတွင် ဒီမိုက ရေစီရှိလာမည်ဟုလည်း မျှော်တော်မူ ရွှေရည်စိမ်ဒီမိုကရေစီကို မှန်းဆပြောနေပါသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်သူမဟုတ် ။ သို့သော် ယခုထက်ထိ မည်သူ့မှာ အာဏာအရှိဆုံးဟု ပြေးကြည့်လျှင် သူ့ကိုဘဲ ပြောစရာဖြစ်သည်။ သည်လိုဆိုလျှင် သူအာဏာ စွန့်မည်ထင်ပါသလား။ တနည်းအားဖြင့် သမတနေရာကိုလည်း သူရရှိနိုင်သလို စစ်ဗိုလ်ချုပ်မှူးကြီး ရာထူးကို လည်း သူစွန့်မည်မဟုတ်။ သည်တော့ စစ်အာဏာရှင်စနစ် ပပျေက်သွားမည်လား။ မာရှယ်လောပပျေက်သွား မည်လား။ ဗိုလ်သန်းရွှေရှိနေသမျှ မြန်မာနိုင်ငံသည် ဒီမိုကရေစီနိုင်ငံ မည်သည့်အခါမျှ မဖြစ်။ အရိပ်အရောင် လည်း မသန်း။ အာရုဏ်ဦးလည်း မပေါ်လာနိုင်ချ ။

မောင်စူးစမ်း၊ နေ၀င်းမောင်တို့က နအဖစစ်အစိုးရ၏ ရွေးကောက်ပွဲကို ၀င်သင့်ကြောင်း ဆောင်းပါးတွေရေး နေကြသည်။ သူတို့ဆောင်းပါးတွေရေးလို့များ နအဖက သူတို့ကြောင့် ရွေးကောက်ပွဲ ဖြစ်မြောက်သွားသည်ဟု ထင်ချင်ထင်သွားလေမည်လား မပြောတတ်။ ကျနော်တို့ကတော့ ယင်းသို့မဟုတ်။ ပြည်တွင်းမှာ မည်သူတွေက မည်သို့ပင် ရေးနေသားနေ သူတို့ကြောင့် ရွေးကောက်ပွဲကို သိကြသည်ဟုမထင်။ အကြောင်းမှာ စစ်အစိုးရသည် လက်နက်အားကိုးဖြင့် မဲကိုရအောင်ယူမည့် အစီအစဉ်များပြုလုပ်ထားပြီး ဖြစ်နေသည်ချည်း။ အကယ်၍ ဦးသုဝေ တို့ကသာ ပြော၍ ပြည်ပမှာရွေးကောက်ပွဲကိုဝင်ကြရန် မဲဆွယ်စည်းရုံးပြောကြားသည့်အပေါ် ကျေးဇူးများ တင်နေ သည်ဆိုလျှင် သူတို့ပါတီအနေအထားမှာ ယခုလောက် အကျဉ်းအကြပ်တွေ့မည် မဟုတ်ချေ။

လွပ်လွပ်လပ်လပ် အခွင့်အရေးတခုခုတော့ ရရှိနေမည်ဖြစ်သည်။ ထို့ကြောင့် စစ်အစိုးရသည် မည်သူ့ကိုမျှ ကျေးဇူးတော်ခံ သစ္စာခ သွေးသောက်စိတ် ရှိသူမဟုတ်မှန်း ခန့်မှန်းသိသာနိုင်သည်။ ဦးသုဝေ ၊ ဦးဖြိုးမင်းသိန်း ၊ ဦးအေးလွင် ၊ ဦးနေမျိုးဝေ တို့သည် မကြာခင် ကောက်စားခံရပါက သူတို့အား နိုင်ငံရေးအကျဉ်းသားလို့တော့ မည်သူကမျှ လွပ်မြောက်ရေးတောင်းဆိုကြမည်မထင်။

သို့သော် ဟန်ညောင်ရွှေတို့၏ လုပ်ရပ်သည် ကုလသမဂ္ဂထိပင် ထိုးဖေါက်ဝင်ရောက် နေရာယူသွားသည်။ ၂၀၁၀ ရွေးကောက်ပွဲတွင် နိုင်ငံရေးအကျဉ်းသားများပါဝင်ရေး။ ပါတီပေါင်းစုံပါဝင်ရေးဆိုသည်မှာ ဟန်ညောင်ရွှေတို့အုပ်စု ကောင်းမူကြောင့် ဖြစ်သွားရပြီ။ ပြည်တွင်းမှာရှိသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ရွှေဂုံတိုင်ကြေညာချက် မထုတ်ပြန်ခင်မှာပင် ၂၀၁၀ ရွေးကောက်ပွဲ၌ ပါတိပေါင်းစုံ ပါဝင်ရေးဆိုသည်မှာ နိုင်ငံတကာ၌ အသံဗလံ ထွက်သွားပြီ။ အဆိုးဆုံးမှာ ပြည်တွင်းမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြတ်သားသော ကြေညာချက်များ မရှိခဲ့ ဘဲ ရွေးကောက်ပွဲကို ၂၀၀၇ ခုနှစ် ဖွဲ့စည်းပုံဥပဒေနှင့် ရောထွေးလိုက်သေးသည်။

စင်စစ် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲကို ရလဒ်ကို အကောင်အထည်ဖေါ်ရန်သာ တောင်းဆိုနေမည်ဆိုပါက ယခု လောက်ဇတ်က ရှုပ်လာမည်မထင်။ တဖက်မှာ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို လက်ကိုင်ပြုထားပြီး ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ကြောင်း ကြေညာထားလျှင် ပြည်သူတွေကိုလည်း ပြတ်သားစွာ ပြောမှဖြစ် မည် ထင် သည်။ အပြောနောက်ကျသွားသောအခါ အလုပ်တွေက နောက်ကျသွားပါသည်။

ဒေါ်အောင်ဆန်းစုကြည်က မဲမပေးလျှင်လည်း ရပါသည်ဟု ပြောသောစကားမှာ ပြည်သူများစွာကို ပြောရမှာ လက်ဝင်လှပါသည်။ သပိတ်မှောက်သည်ဟု ပြောလိုက်လျှင် ပွဲကပြတ်နေပါသည်။ တချိန်တည်းမှာပင် ပြည်ပမှာ လည်း စကားကို တန်ဆာမဆင်ဘဲ သပိတ်မှောက်သည်ဟု အသံထွက်ပေးလိုက်က ရှင်းနေပါသည်။အတိုက်အခံ အင်အားစုများရှိနေသော နိုင်ငံများတွင် ရွေးကောက်ပွဲကို ၀င်မည်ဟုပြောသော သူတို့အားလုံးဝ ဆန့်ကျင်ကြရ မည် ဖြစ်ပါသည်။ တိုက်ဖျက်ပစ်ရမည်ဖြစ်သည်။ နှင်ထုတ်ရမည်ဖြစ်သည်။

ယခုအချိန်တွင် မီဒီယာသမားတွေကော ဂျာနယ်များကကော ရွေးကောက်ပွဲဝင်မည့်သူများအား အင်တာဗျူး လုပ်နေကြခြင်း၊ သတင်းများအဖြစ်ရေးသားနေကြခြင်းမှာ နေ့စဉ်မြင်တွေ့ ကြားသိနေရသည်။ နောက်ဆုံးမှာ အတိုက်အခံတို့ဖက်က မီဒီယာကို အသုံးမချနိုင်ဖြစ်ကာ ငုံ့ခံနားထောင် တန်ပြန်မရေးသားကြဘဲ ရင်ထုမနာဖြစ် နေကြရခြင်းသာ အဖတ်တင်နေကြရသည်။

စင်စစ်အားဖြင့် စစ်အစိုးရ၏ မီဒီယာကို တန်ပြန်ရေးသား တိုက်ခိုက်ရန် အထူးအာရုဏ်စိုက်ရန်လိုပါပြီ။ လောလောဆယ်မှာ နအဖ မီဒီယာများမှ မဲဆွယ်စည်းရုံးရေး သီချင်းများ ထုတ်လွှင့်ရန် အစီအစဉ်များ ရှိနေသည်။ ယင်းမှာ ၁၉၇၄ ခုနှစ်က မဆလပါတီ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ထောက်ခဲမဲပေးကြရန် မဲဆွယ်စည်းရုံး ရေး သီချင်းများ လွှင့်ထုတ်ခဲ့ကြသည်။ ယင်းအချိန်က စတီရီယို အဆိုကျော် အောင်ကိုလတ်တို့ကို စည်းရုံး သိမ်းသွင်း ဆိုခိုင်းခဲ့ကြသည်။ ယခုလည်း သူတို့တွေက ပြည်သူချစ်သော အနုပညာသည်တွေကို အသုံးချ ကြတော့ မည်ဖြစ်သည်။

ကမ္ဘာကြီးတွင် မြန်မာနိုင်ငံ့အရေးကို အမှန်တကယ် မသိကြခြင်းလား ဆိုသောပြသနာကို ဆန်းစစ်ကြည့်ရန် လိုလာကြပါပြီ။ သို့အတူ အာဆီယံနိုင်ငံများမှလည်း အမှန်တကယ် မြန်မာနိုင်ငံအကြောင်းကို တိတိကျကျ မသိကြခြင်းလားဆိုသည်မှာ ပဟေဋိဖြစ်နေပြီ။ မီဒီယာများမှ ကျနော်တို့အကြောင်းကို မသိကြခြင်းမှာ ဟုတ်ပါရဲ့ လား ဆိုသည်ကို တွေးတောကြည့်ရန်လိုလာသည်။ အမေရိကန်နိုင်တွင် ကျနော်တို့ကို မသိသူများစွာ ရှိပါသည်။

ကံကောင်းထောက်မစွာဖြင့် သူတို့၏ သမတနှင့် နာမည်ချင်း ခပ်ဆင်ဆင် တူနေသောကြောင့် ဖြေရှင်းရ လွယ် ကူနေသည်။ သို့မဟုတ်က မြေပုံကားချပ်ကိုချကာ တနေကုန်ရှင်းပြရမည်ထင်သည်။ ကျနော်ပြောချင် သည်မှာ သာမန်ပြည်သူတို့သည်ပင် ကျနော်တို့နိုင်ငံကို မည်သူမျှ မသိကြဟု ဆိုလျှင် နိုင်ငံရေးသမားတွေကကော မသိကြ ပေ ဘူးလားဟု စဉ်းစားစရာ ဖြစ်နေသည်။

သို့သော် နှစ်ဆယ်ကာလအတွင်း ကျနော်တို့နိုင်ငံမှာ မည်သို့မျှအပြောင်းအလဲမရှိခဲ့။ တဖက်တွင် အာဆီယံနိုင်ငံ များတွင် လေးနှစ်တကြိမ်ကျစီ သမတတွေ ၀န်ကြီးချုပ်တွေ ပြောင်းလဲသွားကြသောအခါ မြန်မာ့နိုင်ငံရေး သည် သူတို့၏ အပြောင်းအလဲများနှင့် ကပ်ပါသွားသည်ဟုထင်သည်။

အဲဒီတော့ စစ်အစိုးရနှင့် အလွမ်းသင့်သူများက စစ်အစိုးရကို ထောက်ခံသွားကြသော နိုင်ငံရေးသီဝရီ။ အမျိုးသား ဒီမိုကရေစီကို ထောက်ခံသောသူများက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ခံသော သီအိုရီတွေနှင့်ပင် အာဆီယံနိုင်ငံများ၏ အပြောင်းအလဲများတွင် အရောင်မျိုးစုံဖြင့် ပြောင်းပါသွားသည်။ ဆိုရလျှင် တသမတ်တည်း ရှိနေသော အနေအထားမဟုတ်။ အခြားတဖက်မှာ ကျနော်တို့သည် အာဆီယံနိုင်ငံများကြား တွင် ထိုးဖောက် နိုင်စွမ်း မရှိကြောင်း သိသာနိုင်သည်။

ဦးဥာဏ်ဝင်း၏ ကောက်ချက်ချသော စကးအတိုင်းကိုကြည့်လျှင် အာဆီယံနိုင်ငံများနှင့် ပါတ်သက်၍ ကျနော်တို့ မှာ သတ်သတ်မှတ်မှတ် တင်ပြနေသော ခိုင်မာသည့်အဖွဲ့အစည်း မရှိချေ။

အာဆီယံနိုင်ငံတွေကို ပြောဆိုဖို့ ကျနော်တို့မှာ ရာဇသံပေးနိုင်သောသူတွေ လိုလာပြီ။ အဘယ့်ကြောင့်ဆိုသော် စစ်အစိုးရကမလိုက်နာလျှင် ဘာလုပ်မှာလဲ ဆိုသော မေးခွန်းကို အာဆီယံအဖွဲ့ကြီးအား မေးခွန်းထုတ်နေပြီဖြစ် သည်။ အဲဒီအခါ ကျနော်တို့က ပြင်းထန်သော ရာဇာသံတွေနှင့် မေးခွန်း ထုတ်မနေသင့်ပေဘူးလားဟု စဉ်းစားရ မည်ဖြစ်တော့သည်။ ညောင်ညာညာအသံတွေနှင့် ပြော၍ နေမည့်အချိန် မဟုတ်တော့။ အဆိုကျော်တွေက သီချင်းတွေဆိုပြီး မဲမပေးရေးနှင့် ရွေးကောက်ပွဲကို သပိတ်မှောက်ရေး ဆိုကြဖို့ အချိန်ကျရောက်နေပြီ။ ကမ္ဘာမှာ ရောက်ရှိ နေကြသော နိုင်ငံရေးသမားတွေက ကမ္ဘာကြီးက ဘာလုပ်မှာလဲဆိုသော မေးခွန်းကိုပါ တိတိကျကျ မေးရတော့မည်လည်း ဖြစ်သည်။

အကယ်၍ ၂၀၁၀ ရွေးကောက်ပွဲကို အသိအမှတ် မပြုကြပါဟု ပြောသောနိုင်ငံများကို မြန်မာနိုင်ငံရေး အကြောင်း များနှင့် ပါတ်သက်၍ ရှင်းပြစရာမလိုတော့ ။ ခုအချိန်ကျမှဘဲ ဝေလည်လည် မြန်မာနိုင်ငံရေးကို ဆွေးနွေးပြစရာ မလိုတော့ ။ မိမိတို့လိုချင်သောတိုက်ပွဲအတွက်သာ တိုက်ပွဲဝင်ရန်သာ ရှိတော့သည်။ အာဆီယံနိုင်ငံများကလည်း ယခုအချိန်ထိ မြန်မာနိုင်ငံအကြောင်းကို မသိကြသေးဟု သံသယရှိနေကြသည်ဆိုလျှင် လူထုတိုက်ပွဲ ကော်မီတီ များမှ အမြန်ဆုံးဖွဲ့စည်းပြီး အရေးယူဆောင်ရွက်သင့်သည်။

ယင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဥာဏ်ဝင်း၏ သတိပေးသောစကားကို အခြေခံခြင်းအဖြစ် ပြောဆို ရခြင်းဖြစ်သည်။ တနည်းအားဖြင့် အာဆီယံနိုင်ငံတွေကိုကော နိုင်ငံတကာတွေကိုရော စစ်အစိုးရမှ တောင်းဆို ထားကြသမျှ မလိုက်နာကြလျှင် ဘာများလုပ်ကြမည်နည်းဆိုသော မေးခွန်းကို အဖြေရှာဖို့ လုပ်ပြ ရတော့မည် ဖြစ်သည်။

စစ်အစိုးရမှ တောင်းဆိုနေခြင်းများကို မလိုက်နာလျှင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူများက တောင်းဆို ထားခြင်းကို အာဆီယံနိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံအသီးသီးက လိုက်နာရန် တခုသာရှိသည်။ ယင်းသို့ လုပ်မှသာ ၂၀၁၀ ရွေးကောက်ပွဲသည် မုချပျက်စီးစေမည့် နည်းလမ်းတခုဖြစ်ကြောင်း သိသာနိုင်ပါသည်။ သေသေချာချာ ပြောရလျှင်တော့ ဤသည်မှာ မြန်မာနိုင်ငံ၌ ဒီမိုကရေစီ ပြည်သူ့အစိုးရပေါ်ထွန်းရေးကို ဦးတည်စေခြင်းလည်း ဖြစ်သည်။

Tuesday, July 20, 2010

အာဇာနည်နေ့





ထောင်ကျနေသည့် ဖခင်အတွက် သမီးဖြစ်သူ စိုးရိမ်

မြင့်မောင် | သောကြာနေ့၊ ဇူလိုင်လ ၁၆ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၄၂ မိနစ်

နယူးဒေလီ (မဇ္ဈိမ)။ ။ ရှမ်းပြည်နယ် တောင်ကြီးထောင်တွင် ထောင်ဒဏ် ၆၅ နှစ် ကျနေသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေး၏ နှလုံးရောဂါ အခြေအနေ ဆိုးရွားနေသဖြင့် ဗြိတိန်တွင် ပညာသင်နေသည့် သမီးဖြစ်သူက စိုးရိမ်ကြောင်း ပြောသည်။

“ကျန်းမာရေး မကောင်းသေးဘူး။ ဆေးကုသမှုနဲ့ ဆေးရုံကို ခေါ်သွားတာမျိုး မရှိဘူး။ တလတခါတော့ ရိုးရိုးဆရာဝန်ကို ခေါ်ပြီး သွေးပေါင်ချိန် တိုင်းတာတို့ လုပ်တယ်။ စိတ်ကူးပေါက်တဲ့ အချိန်မှာ လုပ်ပေးတယ်။ မြို့နဲ့ ထောင်နဲ့ မိုင် ၂ဝ လောက် ဝေးတော့ ကားခတွေဘာတွေ၊ ကုန်မှာစိုးလို့လား မသိဘူး။ လုပ်မပေးဘူး။ အဲဒီအတွက် အဖေ့ရဲ့ ကျန်းမာရေး အခြေအနေအရ အသက်အန္တရာယ်ကို စိုးရိမ်နေရတယ်” ဟု ကိုမြအေး၏ သမီး မဝေနှင်းပွင့်သုန်က ပြောသည်။

မဝေနှင်းပွင့်သုန်သည် ဗြိတိန်နိုင်ငံ၌ လူမှုသိပ္ပံဘာသာရပ်ကို ပထမနှစ်တွင် သင်ကြားနေပြီး ဘားမားကင်ပိန်း (ဗြိတိန်) နှင့် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် AI အဖွဲ့တို့နှင့်အတူ မြန်မာပြည် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် လုပ်ကိုင်နေသူ ဖြစ်သည်။

ကိုမြအေးအပြင် ကိုမင်းကိုနိုင်နှင့် ကိုကိုကြီး အပါအဝင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ၁၇ ဦးသည် ၂ဝဝ၇ ခုနှစ် သြဂုတ်လအတွင်း လောင်စာဆီဈေးနှုန်း ကျဆင်းရေးအတွက် ဆန္ဒပြသဖြင့် ဖမ်းဆီးခံရကာ၊ ထိုနှစ် သြဂုတ်လထဲတွင် ၆၅ နှစ်စီ ပြစ်ဒဏ်ချခံခဲ့ရသည်။

မြန်မာပြည် အကျဉ်းထောင်များထဲတွင် နိုင်ငံရေး အကျဉ်းသား ၂၁၈၄ ဦး ရှိကြောင်းနှင့် ၁၉၈၈ ခုနှစ်မှစ၍ ယနေ့အချိန်ထိ ထောင်တွင်း၌ သေဆုံးခဲ့ရသော နိုင်ငံရေး အကျဉ်းသူ၊ အကျဉ်းသားပေါင်း ၁၄၃ ဦးရှိပြီဖြစ်ကြောင်း ထိုင်းနိုင်ငံရှိ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) AAPP (B) ပြောဆိုထားသည်။

နိုင်ငံတဝှမ်း အကျဉ်းထောင် ၄၂ ထောင်နှင့် ရဲဘက်စခန်း ၁ဝ၉ ခုတွင် အကျဉ်းသားနှင့် အချူပ်သား ဦးရေ ၂ သိန်းခွဲခန့်ရှိပြီး ၎င်းတို့ကို ကျန်းမာရေး စောင့်ရှောက်ရန် အကျဉ်းဦးစီးဌာနတွင် ဆရာဝန် ၃၄ ဦး၊ ကျန်းမာရေးမှူး ၁၉ ဦး၊ သူနာပြုဝန်ထမ်း ၂၂ ဦး ရှိကြောင်း အကျဉ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်းက ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင် အင်းစိန်ထောင်၌ ကျင်းပခဲ့သည့် အကျဉ်းသား ကျန်းမာရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတွင် ထုတ်ဖော်ပြောကြားခဲ့သည်။

အန်အယ်ဒီအဖွဲ့ဝင် သန်းမြင့်အောင်ကို ထောင်ဒဏ် ၁ဝ နှစ် ထပ်တိုး

မြင့်မောင်
သောကြာနေ့၊ ဇူလိုင်လ ၁၆ ရက် ၂၀၁၀ ခုနှစ် ၁၅ နာရီ ၅၇ မိနစ်


နယူးဒေလီ(မဇ္ဈိမ) ။ ။ ရန်ကုန်မြို့ အင်းစိန်ထောင်တွင် ပြစ်ဒဏ် ၅ နှစ် ကျခံနေရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ - မလေးရှားဌာနခွဲ) အဖွဲ့ဝင် ကိုသန်းမြင့်အောင်ကို အီလက်ထရောနစ် ပုဒ်မဖြင့် ယမန်နေ့က ထောင်ဒဏ် ၁ဝ နှစ် ထပ်မံချမှတ်လိုက်သည်။

ပြီးခဲ့သည့်လ ၁ ရက်နေ့တွင် သင်္ကန်းကျွန်းမြို့နယ် တရားရုံးက တရားမဝင် နယ်စပ်ဖြတ်ကျော်မှု၊ တရားမဝင် အဖွဲ့အစည်းနှင့် ဆက်သွယ်မှုတို့ဖြင့် ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့ပြီးနောက် ယမန်နေ့တွင် ကျောက်တံတား မြို့နယ်ရှိ အနောက်ပိုင်းခရိုင် တရားရုံး တရားသူကြီး ဒေါ်နုနုခင်က ထပ်တိုးအမှု ပုဒ်မ ၃၃ (က) ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁ဝ နှစ် ထပ်မံ၍ ချမှတ်ခြင်း ဖြစ်သည်။

“ထောင်ဒဏ်ချအပြီး အင်းစိန်ထောင်ကို ပြန်ခေါ်သွားတယ်။ ကျန်းမာရေးကောင်းတော့ ပြည့်ပြည့်ဖြိုးဖြိုးနဲ့၊ ရွှင်ရွှင်လန်းလန်းနဲ့၊ တက်တက်ကြွကြွပဲ။ သူများတွေ ၆၅ နှစ်နဲ့စာရင် သူ အများကြီးတော်သေးတယ်၊ ဘာမှ ဝမ်းနည်းစရာ အကြောင်းမရှိဘူးလို့ပဲ ပြောတယ်” ဟု တရားရုံး တက်ရောက်ခဲ့သည့် မိသားစုဝင်နှင့် နီးစပ်သူတဦးက မဇ္ဈိမကို ပြောသည်။

သူသည် မလေးရှားတွင် ၂ဝဝ၂ ခုနှစ်မှ ၂ဝဝ၈ ခုနှစ် နှောင်းပိုင်းအထိ အလုပ်လုပ်ကိုင်ခဲ့ပြီး နာဂစ်မုန်တိုင်းသင့် ပြည်သူများကို ကူညီရန်အတွက် မြန်မာပြည်သို့ ပြန်လည်ရောက်ရှိလာကာ ပြီးခဲ့သည့်နှစ် မတ်လ ၄ ရက်နေ့တွင် မလေးရှားနိုင်ငံသို့ ပြန်လည်ထွက်ခွာရန် နိုင်ငံကူးလက်မှတ် လျှောက်ထားစဉ် တာမွေမြို့နယ် ဘတ်စ်ကား မှတ်တိုင်တခု၌ ရဲက ဖမ်းဆီးခဲ့သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ - မလေးရှားဌာနခွဲ) တွင် အလုပ်လုပ်ပြီး တရားမဝင် ပြန်လည်ဝင်ရောက်လာသူအဖြစ် ရဲက တရားစွဲဆိုခဲ့သည်။

ပြီးခဲ့သည့်လ ၁ ရက်နေ့တွင် မတရားအသင်း အက်ဥပဒေ ပုဒ်မ ၁၇ (၁) ဖြင့် ၂ နှစ်၊ လဝက အက်ဥပဒေပုဒ်မ ၁၃ (၁) ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ကာ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၅ နှစ်အဖြစ် တပေါင်းတည်းကျခံရန် သင်္ကန်းကျွန်းမြို့နယ် တရားရုံး တရားသူကြီး ဒေါ်ညွန့်ညွန့်ဝင်းက ချမှတ်ခဲ့သည်။

ပြီးခဲ့သည့် ဇွန်လ ၄ ရက်နေ့တွင် အနောက်ပိုင်းခရိုင် တရားရုံးက အီလက်ထရောနစ် အက်ဥပဒေ ပုဒ်မ ၃၃ (က) ဖြင့် ထပ်မံအမှုတင်ခဲ့ပြီး ယမန်နေ့တွင် နောက်ထပ် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁ဝ နှစ် စီရင်လိုက်ကာ ယခင် ပြစ်ဒဏ် ၅ နှစ်နှင့် တပေါင်းတည်း ကျခံရမည် ဖြစ်သည်။

ထိုဥပေဒသည် နိုင်ငံတော် တည်ငြိမ်ရေးနှင့် လုံခြုံရေးကို ထိခိုက်စေနိုင်သော သတင်းအချက်အလက်များကို အင်တာနက်မှ ပေးပို့ဖြန့်ချိမှုဖြစ်ကာ ဒီမိုကရေစီ လိုလားသူ အတိုက်အခံများကို ထောင်ချရာတွင် စစ်အစိုးရက တွင်ကျယ်စွာ အသုံးပြုသော ဥပဒေ ဖြစ်သည်။

ကိုသန်းမြင့်အောင် အမှုအတွက် လိုက်ပါဆောင်ပေးသည့် ရှေ့နေ ဒေါ်စိုးစိုးမာက ယခင် ၂ မှုအတွက် အယူခံဝင်ထားသလို၊ ယခုအမှုအတွက်ပါ အယူခံဝင်သွားမည်ဟု သိရသည်။

ပါတီရန်ပုံငွေ ဈေးထဲကောက် စည်ပင်က တရားစွဲရန်ပြင်

မြင့်မောင်
ကြာသပတေးနေ့၊ ဇူလိုင်လ ၀၈ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၁၁ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ ရန်ကုန်တိုင်း မြောက်ဥက္ကလာ ရတနာသိင်္ဂီဈေးအတွင်း ယခုလ ၁ ရက်နေ့တွင် ပါတီရံပုံငွေ ကောက်ခံခဲ့သဖြင့် ၂ဝ၁ဝ ရွေးကောက်ပွဲဝင်မည့် ပါတီ ၂ ခုမှ ဗဟိုကော်မတီဝင် ၁ဝ ဦးကို အရှေ့ပိုင်းခရိုင် စည်ပင်သာယာရေး ကော်မတီက တရားစွဲဆိုရန် ပြင်ဆင်နေသည်။

၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) ဗဟိုဦးစီးအဖွဲ့ဝင် ဦးခင်မောင်ဝင်း အပါအဝင် ၅ ဦးနှင့် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ် UMFMP ဗဟိုဦးစီးအဖွဲ့ဝင် ဦးအောင်မင်းသူ အပါအဝင် ၅ ဦးကို တရားစွဲဆိုမည်ဟုဆိုကာ ခရိုင်စည်ပင်ရုံးသို့ ယခုလ ၉ ရက်နေ့တွင် လာတွေ့ရန် ခရိုင်အုပ်ချုပ်ရေးမှူး လက်မှတ်ဖြင့် ယမန်နေ့က စာပို့ကာ ခေါ်ယူခြင်း ဖြစ်သည်။

“စည်ပင်သာယာ ဥပဒေအရ တရားစွဲဆိုမယ့်အကြောင်း အရှေ့ပိုင်းခရိုင် အုပ်ချုပ်ရေးမှူးရဲ့ လက်မှတ်နဲ့ ဒီလ ၉ ရက်နေ့ မနက် ၁ဝ နာရီမှာ လာဖို့ အကြောင်းကြားပါတယ်။ သူတို့ ပြောချင်ရာပြောဖို့ ပထမဆုံးအကြိမ် ခေါ်တွေ့တဲ့ သဘောပါပဲ။ အရှေ့ပိုင်းခရိုင် (တောင်ဥက္ကလာမြို့နယ်ရှိ) စည်ပင်ရုံးကို သွားရမှာပါ” ဟု UMFMP ပါတီ ဗဟိုဦးစီအဖွဲ့ဝင် ဦးအောင်မင်းသူက မဇ္ဈိမကို ပြောသည်။

စည်ပင်အုပ်ချုပ်ရေးမှူး၏ စာထဲတွင် “မြောက်ဥက္ကလာပ (ဋ္ဌ) ရပ်ကွက်နေ ဦးအောင်မင်းသူသည် မြောက်ဥက္ကလာ ရတနာသိင်္ဂီဈေးအတွင်း၌ ကော်မတီ၏ ခွင့်ပြုချက်မရရှိဘဲ အလှူငွေကောက်ခံခဲ့ကြောင်း တွေ့ရှိရပါသဖြင့် စည်ပင်သာယာရေး ဥပဒေအရ တရားစွဲဆိုမည်ဖြစ်၍ ၎င်းတို့အနေဖြင့် အရှေ့ပိုင်းခရိုင် စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ရုံးသို့ ၉ ရက် ၇ လ ၂ဝ၁ဝ နံနက် ၁ဝ နာရီတွင် လာရောက်ပါရန် အကြောင်းကြားအပ်ပါသည်” ဟု ရေးသားထားသည်။

UMFMP ဥက္ကဋ္ဌ ဦးအေးလွင်ကလည်း ၎င်းတို့ ပါတီ ၂ ခုမှ ဗဟိုဦးစီအဖွဲ့ဝင် ၁ဝ ဦးကို ပြီးခဲ့သည့်နှစ်တွင် ပြဋ္ဌာန်းခဲ့သည့် စည်ပင်သာယာ အက်ဥပဒေ ၃၃/ဝ၉ အရ တာမွေမြို့နယ် အရှေ့ပိုင်းခရိုင် တရားရုံးတွင် တရားဆွဲဆိုရန် ခရိုင်စည်ပင်က စီစဉ်နေသည်ဟု ပြောသည်။

ဈေးအတွင်း အလှူခံသည့်ကိစ္စနှင့်ပတ်သက်၍ အသေးစိတ် အချက်အလက်များ သိရှိနိုင်ရန်အတွက် မဇ္ဈိမက အရှေ့ပိုင်းခရိုင် စည်ပင်ရုံသို့ ဆက်သွယ်မေးမြန်းသော်လည်း တာဝန်ရှိသူများက ဖြေကြားခြင်း မရှိကြပါ။
ယင်း ပါတီ ၂ ရပ် ရံပုံငွေ အလှူခံဆိုင်ရာ တာဝန်ခံ ဦးအောင်ဇော်ဦးက ကောက်ခံမည့် နေရာနှင့် အလှူခံရာတွင် ပါဝင်မည့်သူ စာရင်းများကို သက်ဆိုင်ရာ နယ်မြေခံ ရဲအထူးသတင်းတပ်ဖွဲ့ထံ တင်ပြပြီးမှ ကောက်ခံကြောင်းနှင့် ပါတီအလှူငွေ ဖြတ်ပိုင်းများကို အလှူရှင်များကို ပေးလေ့ရှိကြောင်း ပြောသည်။

ဈေးတွင် အလှူခံသည့် ယခုလ ၁ ရက်နေ့တွင် ပါတီခေါင်းဆောင် ၁ဝ ဦးကို ရတနာသိင်္ဂီဈေး တာဝန်ခံရုံး ဝန်ထမ်းများက ဈေးအတွင်း အလှူခံခွင့် မရှိကြောင်းနှင့် အလှူခံပါက စည်ပင်ဥပဒေ ၂ဝဝ၉ အရ အရေးယူခံရနိုင်ကြောင်း ကြိုတင်တားမြစ်ခဲ့သည်။

သို့သော် ပါတီဝင်များက ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ၂ဝ၁ဝ ရွေးကောက်ပွဲ ဥပဒေကို အကောင်အထည် ဖော်နေသဖြင့် ယင်းဥပဒေထက် စည်ပင်ဥပဒေက ပိုကြီးသလားဟု မေးမြန်းခဲ့ပြီးနောက် ဆက်လက်ကောက်ခံခဲ့သည်။ အလှူခံနေစဉ် စည်ပင်နှင့် ရပ်ကွက်အာဏာပိုင်များက အမည်နှင့် နေရပ်လိပ်စာများ တောင်းယူကာ လှုပ်ရှားမှုများကို ဓာတ်ပုံရိုက်ကာ မှတ်တမ်းယူခဲ့ကြသေးသည်။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ အခန်း ၄ ပုဒ်မ ၁၅ (က) ပါတီပိုင် ရန်ပုံငွေကို အောက်ပါအတိုင်း ကောက်ခံစုစည်း၍ စာရင်းပြုစုထားရမည်ဟု ဆိုထားသည်။

ပုဒ်မခွဲ (က) ပုဒ်မခွဲငယ် (၁) အရ ကောက်ခံရရှိထားသော ပါတီဝင်ကြေးနှင့် ပါတီလစဉ်ကြေး၊ ပုဒ်မခွဲငယ် (၂) တွင် ပြည်တွင်းရှိ နိုင်ငံသားတဦးချင်းကဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ၊ နိုင်ငံသားပိုင် ကုမ္ပဏီ သို့မဟုတ် ကုမ္ပဏီအစုအဖွဲ့ကဖြစ်စေ ၎င်းတို့ တရားဝင် ရရှိထားသော ငွေကြေးပစ္စည်းများထဲမှ ပါတီသို့ လှူဒါန်းထည့်ဝင်သည့် ငွေကြေး သို့မဟုတ် ပစ္စည်းဟု ပြဋ္ဌာန်းထားသည်။

ပုဒ်မခွဲငယ် (၃) တွင်မူ ပါတီပိုင် စီးပွားရေး လုပ်ငန်းများမှ တရားဝင် ရရှိသော ငွေနှင့် အမြတ်အစွန်း၊ ပုဒ်မခွဲ (ခ) တွင် ပုဒ်မခွဲ (က) ပုဒ်မခွဲငယ် (၁) (၂) တို့အရ ရရှိသော ငွေကြေး၊ ပစ္စည်းများပေါ်တွင် ထမ်းဆောင်ရမည့် အခွန်အခများကို ကင်းလွတ်ခွင့် ပြုသည်ဟု ပြဋ္ဌာန်းထားသည်။

’’ဈေးမှာ အလှူငွေ ကောက်ခံတယ်ဆိုပေမယ့်၊ နိုင်ငံရေးပါတီက ခွင့်ပြုထားတယ်ဆိုပေမယ့် စည်ပင်သာယာ ဥပဒေဆိုတာ ရှိတယ်။ မြန်မာပြည်မှာ တခါတလေကျတော့ ဥပဒေတခုထဲ ကြည့်လို့မရဘူး။ ဥပဒေတိုင်းမှာ ပြဿနာတွေ ရှိတယ်။ စည်ပင်နဲ့ပတ်သက်ရင် စည်ပင်ဥပဒေမှာ ပါတဲ့အတိုင်း စည်ပင်ကို လျှောက်ရတာတွေ ရှိတယ်။ စည်ပင်ဥပဒေကလည်း နိုင်ငံရေးပါတီ ဥပဒေလိုပဲ ဥပဒေတရပ် ဖြစ်တယ်။ ဒါတွေက ဘာဖြစ်လဲဆိုရင် ဥပဒေချင်း ပဋိပက္ခ ဖြစ်နေတာပေါ့’’ ဟု ရန်ကုန်ရှိ ရှေ့နေ ဦးသိန်းညွန့်က မဇ္ဈိမကို ပြောသည်။

နိုင်ငံရေး အကျဉ်းသားများအတွက် NLD ငွေလှူ

မြင့်မောင် |
အင်္ဂါနေ့၊ ဇူလိုင်လ ၀၆ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၀၀ မိနစ်


နယူးဒေလီ (မဇ္ဈိမ) ။ ။ နိုင်ငံရေး အကျဉ်းသား ၆ဝ၇ ဦး၏ မိသားစုများအား ထောက်ပံ့ရန်အတွက် ကျပ်ငွေ ၂၅ သိန်းခွဲခန့်ကို အတိုက်အခံပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုက တိုင်း/ပြည်နယ် အဖွဲ့ဝင်များထံ ယမန်နေ့က လွှဲပြောင်းပေးအပ်လိုက်သည်။

မြန်မာနိုင်ငံ အကျဉ်းထောင်များတွင် နိုင်ငံရေး အကျဉ်းသား ၂၁၀၀ ကျော်ရှိသည့်အနက်မှ ဆင်းရဲနွမ်းပါးသော မိသားစုဝင်များအား ကူညီထောက်ပံ့သည့် အဆိုပါ အစီအစဉ်ကို အန်အယ်ဒီ၏ လူမှုအထောက်အကူပြု လုပ်ငန်းမှတဆင့် ပေးအပ်ခြင်းဖြစ်ပြီး ပြည်သူများက လှူတန်းသောငွေဖြစ်သည်ဟု ပါတီဒုဥက္ကဌ ဦးတင်ဦးက ပြောသည်။

“ နယ်က လူဦးရေ ၂၀၀ ကျော် ရှိတယ်။ ကျန်တာက ရန်ကုန်တိုင်းက သက်ဆိုင်ရာ မြို့နယ်တွေကနေ စာရင်းတွေထဲက ပေးသင့်ပေးထိုက်သူတွေကို ပေးဖို့အတွက်ပါ” ဟု NLD လူမှုအထောက်အကူပြုအဖွဲ့၏ ခေါင်းဆောင်တဦးလည်းဖြစ်သူ ဦးတင်ဦးက ပြောသည်။

ထောက်ပံ့ကြေးရသူများထဲတွင် NLD ပါတီဝင်များသာမက လူ့အခွင့်အရေး လှုပ်ရှားသူများ၊ ကုန်ဈေးနှုန်း ကျဆင်းရေး ဆန္ဒပြသူများ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ကျောင်းသားလူငယ်များလည်း ပါဝင်သည်။

NLD ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းတင်ကလည်း “အရင်တုန်းကတော့ ဗဟိုကနေ အားလုံးကိုင်ပြီးတော့ လုပ်တယ်။ အခု ဗဟိုက ကိုင်လုပ်မယ့်အစား တိုင်းအတွင်းမှာ ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေအတွက် တိုင်းကပဲ တာဝန်ယူမယ်။ ကိုယ့်အဖွဲ့ဝင်တွေတင် မကဘူး။ ကျန်တဲ့လူတွေကိုပါ လုပ်တယ်။ ကိုယ့်ဘာသာ ငွေရှာ၊ ကိုယ့်ဘာသာ ငွေပေးဝေရေးတွေ လုပ်ကြ၊ ကိုယ့်ဘာသာ ဖြန့်ဖြူးဆိုတဲ့ ဟာကို လုပ်ဖို့ပါ” ဟု ပြောသည်။

၁၉၉၆ ခုနှစ်မှ စတင်ကာ ဆင်းရဲချို့တဲ့ကာ ထောင်ဝင်စာ မတွေ့နိုင်သည့် မိသားစုဝင်အတွက် ထောင်ဝင်စာ တွေ့နိုင်ရန် ခရီးစရိတ်နှင့် ဆေးဖိုးဝါးခများကို လစဉ် ထောက်ပံ့လာခဲ့ရာ၊ တဦးလျှင် ကျပ် ၅ဝဝဝ နှုန်းဖြင့် တလလျှင် ကျပ်သိန်း ၃ဝ ကျော် ကုန်ကျသည်ဟု အန်အယ်ဒီအပြောအရ သိရသည်။

သို့သော် ယခုနှစ် မေလ ၆ ရက်နေ့တွင် အဆိုပါ လုပ်ငန်း ခေတ္တရပ်ဆိုင်းခဲ့ပြီးနောက် ယခုတဖန် ပြန်လည် စတင်လိုက်ခြင်း ဖြစ်သည်။

နိုင်ငံရေး အကျဉ်းသားများထံ မိသားစုဝင်များအနေဖြင့် ထောင်ဝင်စာ တွေ့ရှိနိုင်ရန် ယခုလို ကူညီထောက်ပံ့မှုမျိုး သာမက ၎င်းတို့၏ မိသားစုဝင် ကျောင်းသား/ကျောင်းသားများအတွက် ပညာသင်စရိတ်ကို ၁၉၉၆ ခုနှစ်မှစတင်ကာ NLD က နှစ်စဉ် ပေးအပ်လာခဲ့သည်။

နိုင်ငံရေး အကျဉ်းသားများအတွက် NLD ငွေလှူ

မြင့်မောင်
အင်္ဂါနေ့၊ ဇူလိုင်လ ၀၆ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၀၀ မိနစ်


နယူးဒေလီ (မဇ္ဈိမ) ။ ။ နိုင်ငံရေး အကျဉ်းသား ၆ဝ၇ ဦး၏ မိသားစုများအား ထောက်ပံ့ရန်အတွက် ကျပ်ငွေ ၂၅ သိန်းခွဲခန့်ကို အတိုက်အခံပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုက တိုင်း/ပြည်နယ် အဖွဲ့ဝင်များထံ ယမန်နေ့က လွှဲပြောင်းပေးအပ်လိုက်သည်။

မြန်မာနိုင်ငံ အကျဉ်းထောင်များတွင် နိုင်ငံရေး အကျဉ်းသား ၂၁၀၀ ကျော်ရှိသည့်အနက်မှ ဆင်းရဲနွမ်းပါးသော မိသားစုဝင်များအား ကူညီထောက်ပံ့သည့် အဆိုပါ အစီအစဉ်ကို အန်အယ်ဒီ၏ လူမှုအထောက်အကူပြု လုပ်ငန်းမှတဆင့် ပေးအပ်ခြင်းဖြစ်ပြီး ပြည်သူများက လှူတန်းသောငွေဖြစ်သည်ဟု ပါတီဒုဥက္ကဌ ဦးတင်ဦးက ပြောသည်။

“ နယ်က လူဦးရေ ၂၀၀ ကျော် ရှိတယ်။ ကျန်တာက ရန်ကုန်တိုင်းက သက်ဆိုင်ရာ မြို့နယ်တွေကနေ စာရင်းတွေထဲက ပေးသင့်ပေးထိုက်သူတွေကို ပေးဖို့အတွက်ပါ” ဟု NLD လူမှုအထောက်အကူပြုအဖွဲ့၏ ခေါင်းဆောင်တဦးလည်းဖြစ်သူ ဦးတင်ဦးက ပြောသည်။

ထောက်ပံ့ကြေးရသူများထဲတွင် NLD ပါတီဝင်များသာမက လူ့အခွင့်အရေး လှုပ်ရှားသူများ၊ ကုန်ဈေးနှုန်း ကျဆင်းရေး ဆန္ဒပြသူများ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ကျောင်းသားလူငယ်များလည်း ပါဝင်သည်။

NLD ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းတင်ကလည်း “အရင်တုန်းကတော့ ဗဟိုကနေ အားလုံးကိုင်ပြီးတော့ လုပ်တယ်။ အခု ဗဟိုက ကိုင်လုပ်မယ့်အစား တိုင်းအတွင်းမှာ ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေအတွက် တိုင်းကပဲ တာဝန်ယူမယ်။ ကိုယ့်အဖွဲ့ဝင်တွေတင် မကဘူး။ ကျန်တဲ့လူတွေကိုပါ လုပ်တယ်။ ကိုယ့်ဘာသာ ငွေရှာ၊ ကိုယ့်ဘာသာ ငွေပေးဝေရေးတွေ လုပ်ကြ၊ ကိုယ့်ဘာသာ ဖြန့်ဖြူးဆိုတဲ့ ဟာကို လုပ်ဖို့ပါ” ဟု ပြောသည်။

၁၉၉၆ ခုနှစ်မှ စတင်ကာ ဆင်းရဲချို့တဲ့ကာ ထောင်ဝင်စာ မတွေ့နိုင်သည့် မိသားစုဝင်အတွက် ထောင်ဝင်စာ တွေ့နိုင်ရန် ခရီးစရိတ်နှင့် ဆေးဖိုးဝါးခများကို လစဉ် ထောက်ပံ့လာခဲ့ရာ၊ တဦးလျှင် ကျပ် ၅ဝဝဝ နှုန်းဖြင့် တလလျှင် ကျပ်သိန်း ၃ဝ ကျော် ကုန်ကျသည်ဟု အန်အယ်ဒီအပြောအရ သိရသည်။

သို့သော် ယခုနှစ် မေလ ၆ ရက်နေ့တွင် အဆိုပါ လုပ်ငန်း ခေတ္တရပ်ဆိုင်းခဲ့ပြီးနောက် ယခုတဖန် ပြန်လည် စတင်လိုက်ခြင်း ဖြစ်သည်။

နိုင်ငံရေး အကျဉ်းသားများထံ မိသားစုဝင်များအနေဖြင့် ထောင်ဝင်စာ တွေ့ရှိနိုင်ရန် ယခုလို ကူညီထောက်ပံ့မှုမျိုး သာမက ၎င်းတို့၏ မိသားစုဝင် ကျောင်းသား/ကျောင်းသားများအတွက် ပညာသင်စရိတ်ကို ၁၉၉၆ ခုနှစ်မှစတင်ကာ NLD က နှစ်စဉ် ပေးအပ်လာခဲ့သည်။

Sunday, July 4, 2010

ခမောက်အငြင်းပွားမှု နယ် NLD များ ပါဝင်လာ

မြင့်မောင် | သောကြာနေ့၊ ဂျူလိုင်လ ၀၂ ရက် ၂၀၁၀ ခုနှစ်

နယူးဒလီ (မဇ္ဈိမ) ။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်များနှင့် ခွဲထွက်အုပ်စု အမျိုးသား ဒီမိုကရေစီ အင်အားစု၏ ပါတီအမှတ်အသား ခမောက်ပုံ အငြင်းပွားမှုကို နောက်ထပ် အင်အားပြင်းလာသည့် ကိစ္စမှာ အနည်းဆုံး ပြည်နယ်နှင့် တိုင်း ၈ ခုမှ NLD အဖွဲ့ဝင်များက ရွေးကော်ပွဲက်ာမရှင်ထံ ကန့်ကွက်ရန် ပြင်ဆင်နေကြခြင်း ဖြစ်သည်။

ရန်ကုန်၊ မန္တလေး၊ မကွေး၊ စစ်ကိုင်း၊ ပဲခူးနှင့် ဧရာဝတီတိုင်း၊ ကချင်နှင့် ကရင်ပြည်နယ်ရှိ NLD စည်းအဖွဲ့ဝင်များနှင့် လွှတ်တော်အမတ်များက ရွေးကောက်ပွဲ ကော်မရှင်သို့ ကန့်ကွက်စာတင်ရန် စီစဉ်နေသည်ကို မဇ္ဈိမက စုံစမ်းသိရှိရသည်။ ပါတီအမှတ်အသားဆိုင်ရာ ကန့်ကွက်မှုကို ရန်ကုန်ရှိ NLD ခေါင်းဆောင်များက ပြည်ပမီဒီယာများမှတဆင့် ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် နယ်ခေါင်းဆောင်များပါ ဆက်လက်တုံ့ပြန်လာကြခြင်း ဖြစ်သည်။

“ခမောက်ကို ယူသုံးလို့ရှိရင် NLD လို့ ပြောလိုက်သလိုပဲ ဖြစ်သွားတယ်။ ခမောက်ပါတီပါ၊ ဒေါ်အောင်ဆန်းစုကြည်ပါတီပါလို့ ပြောတဲ့ အဓိပ္ပာယ်ဆောင်တယ်။ အဲဒီလို ဆောင်တဲ့အတွက် ကျနော်တို့က လက်မခံနိုင်ပါဘူး။ အဲဒီအတွက် ရွေးကောက်ပွဲ ကော်မရှင်ဆီ ကန့်ကွက်သွားမယ်” ဟု မကွေးတိုင်း ပခုက္ကူမြို့နယ် အမှတ် (၁) မဲဆန္ဒမြေမှ လွှတ်တော်အမတ် ဦးလှိုင်အေးက မဇ္ဈိမကို ပြောသည်။

“ပြည်သူတွေက ထင်ယောင်ထင်မှား ဖြစ်စေတဲ့၊ ယုန်ထင်ကြောင်ထင်ဖြစ်အောင် လုပ်နေတဲ့ သဘောဖြစ်တဲ့အတွက် ကျနော်တို့အနေနဲ့ သဘောမကျဘူး” ဟု သူက ဆက်ပြောသည်။

NLD လွှတ်တော်အမတ်များဖြစ်သည့် ပဲခူးမြို့မှ ဦးမြတ်လှ၊ တောင်ငူမြို့မှ ဦးအောင်စိုးမြင့်နှင့် ဖားအံမှ ဒေါ်နန်းခင်ထွေးမြင့်တို့ကလည်း ကန့်ကွက်မည်ဟု သိရသည်။

NDF ပါတီ၏ အမည်၊ အလံနှင့် တံဆိပ်တို့ကို ကန့်ကွက်လိုပါက ကော်မရှင်သို့ ဇူလိုင် ၆ ရက်မကျော်ခင် ကန့်ကွက်ရမည်။ လျှောက်ထားသော ပါတီအမည် အလံ၊ တံဆိပ် တို့သည် အခြားပါတီနှင့် ဆင်တူရိုးမှားဖြစ်လျှင် ကန့်ကွက်နိုင်ကြောင်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေတွင် ပြဋ္ဌာန်းထားသည်။

NDF ခေါင်းဆောင်များက ရွေးကောက်ပွဲကော်မရှင်၏ အဆုံးအဖြတ်ကို လိုက်နာမည်ဖြစ်ကြောင်း ကြာသပတေးနေ့က မဇ္ဈိမကို ပြောသည်။

သို့သော် အန်အယ်ဒီသည် ရွေးကောက်ပွဲ ဥပဒေများသည် တရားမျှတခြင်း မရှိသည့်အပေါ် နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံမတင်ဘဲ သပိတ်မှောက်တုံ့ပြန်ထားသည်။

၁၉၉ဝ ခုနှစ် တွင် အပြတ်အသတ် အနိုင်ရသော်လည်း အာဏာလွှဲပြောင်းပေးခြင်း မခံရသော အဓိက အတိုက်အခံပါတီကြီးမှ ထိပ်တန်းခေါင်းဆောင်အချို့ကတော့ NDF ပါတီကို ထူထောင်ခဲ့ပြီး ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်လျက်ရှိသည်။

ပါတီအမှတ်အသားနှင့် ပတ်သက်ပြီး အငြင်းပွားကန့်ကွက်မှု မကြာသေးခင်က ဖြစ်ပွားခဲ့ဖူးရာ ကန့်ကွက်သူများက အနိုင်ရခဲ့သည်။

စစ်အစိုးရနှင့်နီးသော ပါတီတခုဖြစ်သည့် ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) က ကျောင်းသားသမဂ္ဂအလံမှ ခွပ်ဒေါင်းပုံကို အသုံးပြုရန် ကြိုးစားရာ စာရေးဆရာ၊ သတင်းစာဆရာများနှင့် အနုပညာရှင်များက ကန့်ကွက်သဖြင့် ပြန်လည်မွမ်းမံပြင်ဆင်လိုက်ရသည်။

နိုင်ငံရေးလှုပ်ရှားသူ လူငယ် ၈ ဦး ထောင်ဒဏ်များ ကျခံရ

မြင့်မောင် | ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၃၀ ရက် ၂၀၁၀ ခုနှစ်

နယူးဒေလီ (မဇ္ဈိမ)။ ။ ရန်ကုန်၊ စစ်ကိုင်းနှင့် မကွေးတိုင်းရှိ မြို့နယ် ၄ မြို့နယ်မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ လူငယ် ၈ ဦးကို အင်းစိန်ထောင်တွင်း အထူးတရားရုံးက ယမန်နေ့တွင် အနည်းဆုံး ၁ နှစ်မှ ၁၅ နှစ်အထိ ထောင်ဒဏ်များ ချမှတ်ခဲ့သည်။

ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်၊ မကွေးတိုင်း ရေစကြို၊ စစ်ကိုင်းတိုင်း ရေဦးနှင့် မုံရွာတို့မှ လူငယ် ၈ ဦးဖြစ်ပြီး ရဲမှူးဝင်းကြည်ဆိုသူက တရားလိုအဖြစ် တရားစွဲဆိုခဲ့ကာ တရားမ၀င် အဖွဲ့အစည်းနှင့် ဆက်သွယ်မှု ပုဒ်မ ၁၇ (၁)၊ ဖောက်ခွဲမှု ပုဒ်မ (၃ ၊ ၄)၊ လူဝင်မှုကြီးကြပ်ရေး အရေးပေါ် ပြဋ္ဌာန်းချက် ဥပဒေ ပုဒ်မ ၁၃ (၁) အပါအ၀င် ပုဒ်မ ၆ ခုဖြင့် ပြစ်ဒဏ်ချခဲ့ခြင်း ဖြစ်သည်။

“အောင်သူကို ပုဒ်မ ၃ ခုနဲ့ ပြစ်ဒဏ် ၁၅ နှစ် ချတယ်လို့ သိရတာပဲ။ သူကံနဲ့ သူပေါ့ဗျာ။ ကျနော်တို့က ဘာတတ်နိုင်မှာလဲ။ ဘာမှ မသိရတဲ့အတွက် မဟုတ်ဘူး၊ ဟုတ်တယ်ဆိုတာ သူအသိဆုံးပဲ။ ကျနော်တို့က တစွန်းတစမှ မသိရဘူး။ ရိပ်လည်း မရိပ်မိဘူး။ လူငယ်တွေဆိုတော့ မသွားနဲ့ဘာညာ တော်သင့်သလောက် ပြောတယ်။ မျက်စိရှေ့က ပျောက်သွားပြီးတော့ ပြန်လာမှ ရောက်ပြီဆိုတာလောက်ပဲ သိရတယ်” ဟု ကိုအောင်သူ၏ မိသားစုဝင်တဦးက ပြောသည်။

၎င်းတို့သည် ၂ဝဝ၈ နှစ်ကုန်ပိုင်းနှင့် ၂ဝဝ၉ နှစ်ဆန်းပိုင်းတွင် ဖမ်းဆီးခံရကာ ထိုင်း-မြန်မာနယ်စပ်ရှိ နိုင်ငံရေး အဖွဲ့အစည်းများထံ သွားရောက်ဆက်သွယ်ခဲ့သည်ဟု ရဲက စွပ်စွဲကာ အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။

ကိုအောင်သူကို ဖောက်ခွဲမှု အပါအ၀င် ပုဒ်မ ၃ ခုဖြင့် ၁၅ နှစ်၊ အေးမင်းဖြိုး ခေါ် သားကြီးကို ဖောက်ခွဲမှု အပါအ၀င် ပုဒ်မ ၂ ခုဖြင့် ၁ဝ နှစ်၊ ကိုမင်းမင်းထွန်းကို လ၀ကအမှု အပါအ၀င် ပုဒ်မ ၃ ခုဖြင့် ၆ နှစ်၊ ကိုဇာနည်အောင်ကို လ၀က အမှု အပါအ၀င် ပုဒ်မ ၂ ခုဖြင့် ၅ နှစ်၊ ကိုဇော်မင်းဦး ခေါ် ကိုကျော်ကွန့်ကို နိုင်ငံခြားငွေ ကိုင်ဆောင်မှု အပါအ၀င် ပုဒ်မ ၂ ခုဖြင့် ၄ နှစ်၊ အောင်ကျော်ကျော် ခေါ် ကိုဘောကြီးကို တရားမ၀င် အသင်းအဖွဲ့ ဖွဲ့စည်းမှု အပါအ၀င် ပုဒ်မ ၂ ခုဖြင့် ၅ နှစ်၊ ကိုဖြိုးမင်းဦးကို လ၀ကအမှုဖြင့် ၃ နှစ်နှင့် ကိုသူရထွန်း နိုင်ငံတော် တည်ငြိမ်ရေးကို ထိပါးနှောင့်ယှက်မှုဖြင့် ၁ နှစ် ပြစ်ဒဏ်ချခဲ့သည်။

၎င်းတို့နှင့်ပတ်သက်၍ အသေးစိတ် အချက်အလက်များအတွက် အမှုကို လိုက်ပါဆောင်ရွက်သည့် ရှေ့နေ ဦးမြင့်သောင်းနှင့် ဆက်သွယ်ရန် ကြိုးစားသော်လည်း မရရှိသေးပါ။ သို့သော် မိသားစုဝင်များကမူ အမှုအတွက် အယူခံဝင်သွားမည်ဟု သိရသည်။

ဗကသခေါင်းဆောင် ဒီငြိမ်းလင်း မျက်စိဝေဒနာ ကုသမှုခံယူ

မြင့်မောင် | ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၃၀ ရက် ၂၀၁၀ ခုနှစ်

နယူးဒေလီ (မဇ္ဈိမ)။ ။ ထောင်ဒဏ် ၁၅ နှစ်ခွဲ ကျခံနေရသည့် ၂ဝဝ၇ မျိုးဆက် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) ခေါင်းဆောင် ဒီငြိမ်းလင်းသည် စစ်ကိုင်းတိုင်း မုံရွာထောင်တွင် မျက်စိဝေဒနာ ကုသနေကြောင်း မိသားစုဝင်များထံမှ စုံစမ်းသိရှိရသည်။

၂ဝဝ၇ မျိုးဆက် ဗကသ ခေါင်းဆောင် ကိုဒီငြိမ်းလင်းသည် ယခုလ ၂၈ ရက်နေ့တွင် စစ်ကိုင်းတိုင်း ခန္တီးထောင်မှ မုံရွာထောင်သို့ ရောက်ရှိလာကာ ပြင်ပ မျက်စိအထူးကုဆေးခန်း၌ ယမန်နေ့မှ စတင်ကာ ကုသမှု ခံယူနေရခြင်း ဖြစ်သည်။

“မနေ့တုန်းက သူ့အတွက် လိုအပ်တဲ့ ဆေးတွေနဲ့ မျက်မှန်ကို လုပ်ပေးလိုက်တယ်’’ ဟု အဒေါ်ဖြစ်သူ ဒေါ်နီလာမင်းက မဇ္ဈိမကို ပြောသည်။

မျက်စိဝေဒနာကုသရန်အတွက် အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံးက ညွှန်ကြားသဖြင့် မုံရွာထောင်သို့ ခေါ်ဆောင်လာခြင်းဖြစ်ပြီး၊ ကုသမှုခံယူပြီးပါက မည်သည့်ထောင်တွင် ဆက်လက်ထားရှိမည်ကိုမူ မသိရသေးပါ။

ယနေ့နံနက် ၁ဝ နာရီခန့်မှ ၁ဝ နာရီ ၄၅ မိနစ်ခန့်အထိ ထောင်ဝင်စာတွေ့ခွင့် ရရှိခဲ့ရာ ထောင်အာဏာပိုင်များနှင့် အထူးရဲသတင်း တပ်ဖွဲ့ဝင်များက ဂရုတစိုက်ထားရှိကြောင်း ကိုဒီငြိမ်းလင်းက အဒေါ်ဖြစ်သူကို ပြောဆိုခဲ့သည်။

ကိုဒီငြိမ်းလင်းသည် ခန္တီးထောင်ထဲတွင် ကျောက်ကပ်ရောဂါ စွဲကပ်ခဲ့ရာ ပြင်ပဆေးခန်းတွင် ဆေးဝါးကုသခွင့် ရရှိခဲ့သော်လည်း ဓာတ်မှန်ရိုက်၍ စစ်ဆေးမှုများ ခံယူရန် လိုအပ်နေကြောင်းနှင့် မုံရွာမြို့၌ပင် ဆက်လက်ကုသခွင့် ရရှိရန် ထောင်အာဏာပိုင်များထံ တောင်းဆိုထားကြောင်း သိရသည်။

၂ဝဝ၇ ခုနှစ် ရွှေဝါရောင် သံဃာတော်များ ဆုတောင်းမေတ္တာပို့ လှုပ်ရှားမှုတွင် ပါဝင်ခဲ့သဖြင့် သူ့ကို နိုင်ငံတော် လုံခြုံရေး ထိခိုက်စေမှု ၅ဝ၅ (ခ)၊ မတရားအသင်းဖွဲ့မှု ပုဒ်မ ၆ အပါအဝင် ပုဒ်မ ၆ ခုဖြင့် ထောင်ဒဏ် ၁၅ နှစ်ခွဲ ချမှတ်ထားသည်။

သူ၏ ဖခင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဇော်ဇော်မင်းသည်လည်း ပြီးခဲ့သည်လ ၁၂ ရက်နေ့က အစာအိမ်ဝေဒနာနှင့် အသည်းရောဂါအတွက် ပဲခူးတိုင်း ထောင်ငူထောင်ဆေးရုံတွင် ကုသမှုခံယူခဲ့ရာမှ ယခုအခါ ပြန်လည်သက်သာနေပြီဖြစ်ကြောင်း ဦးဇော်ဇော်မင်း၏ ဇနီး ဒေါ်ဋ္ဌေးဋ္ဌေးဝင်းက မဇ္ဈိမကို ပြောသည်။

အလားတူ ခန္တီးထောင်တွင် နှစ်ရှည်ထောင်ဒဏ် ကျခံနေရသည့် ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) SSA-N ခေါင်းဆောင် ဗိုလ်ချုပ်ဆေထင်သည် မျက်စိဝေဒနာ ခံစားနေရသဖြင့် ဆေးဝါးကုသမှု အလျင်အမြန် လိုအပ်နေကြောင်း မကြာသေးခင်က ထောင်ဝင်စာ သွားရောက်တွေ့ဆုံခဲ့သည့် မိသားစုဝင်များ အဆိုအရ သိရသည်။

ခန္တီးထောင်တွင် ဗိုလ်ချုပ်ဆေထင်၊ ကုန်ဈေးနှုန်းကျဆင်းရေး ဆန္ဒပြသူ ကိုထင်ကျော်နှင့် နိုင်ငံရေးအကျဉ်းသူ မထားထားသက်တို့ အပါအဝင် နိုင်ငံရေးအကျဉ်းသား အများအပြား ရှိနေသည်။

လက်ရှိ ၂၂ နှစ်အရွယ် ကိုဒီငြိမ်းလင်းသည် ၂ဝဝ၇ ရွှေဝါရောင် လှုပ်ရှားမှုတွင် ဗကသ ခေါင်းဆောင်မှုပိုင်းကို ပြန်ဖွဲ့ရာ၌ ပါဝင်ဦးဆောင်ခဲ့သည်။ သူသည် ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်တွင် ဘူမိဗေဒ နောက်ဆုံးနှစ် တက်ရောက်ခဲ့ပြီး၊ အာဏာပိုင်များ၏ အဖမ်းအဆီးကို တိမ်းရှောင်နေရင်း ၂ဝဝ၈ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့တွင် ရန်ကုန်ရှိ ပါရမီတိုက်ခန်းတခုတွင် အဖမ်းခံခဲ့ရခြင်း ဖြစ်သည်။

ဗကသ သည် စစ်အာဏာရှင်စနစ်ကို တိုက်ပွဲဝင်နေသော်လည်း၊ စစ်အစိုးရများလက်ထက် တရားဝင် ဖွဲ့စည်းခွင့် မရသောကြောင့် မြေအောက်လှုပ်ရှားမှုဖြင့် ရပ်တည်လှုပ်ရှားနေသော ကျောင်းသားအဖွဲ့အစည်း ဖြစ်သည်။

ကျောင်းသားခေါင်းဆောင်များ နေအိမ်သို့ NLD သွားရောက်

မြင့်မောင် | ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၃၀ ရက် ၂၀၁၀ ခုနှစ်

နယူးဒေလီ (မဇ္ဈိမ)။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ အပါအဝင် ပါတီခေါင်းဆောင် ၂ ဦးနှင့် လူငယ်အဖွဲ့ဝင်များက အကျဉ်းကျနေသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၏ မိသားစုဝင်များထံ ယမန်နေ့က သွားရောက်ကာ အားပေးစကားများ ပြောကြားခဲ့သည်။

ပါတီဒုဥက္ကဋ္ဌ ဦးတင်ဦး၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်နှင့် ပါတီလူငယ် ၉ ဦးက ထောင်ဒဏ် ၆၅ နှစ် ကျခံနေရသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုကိုကြီးနှင့် ကိုမာကီတို့၏ နေအိမ်များသို့ ယမန်နေ့ နံနက်ပိုင်းတွင် သွားရောက်ခဲ့ခြင်း ဖြစ်သည်။

“အင်မတန်မှ အနစ်နာခံကြတဲ့ ကလေးတွေ ဖြစ်ကြတယ်။ သူတို့ရဲ့ စိတ်ဓာတ်ရေးရာအရ၊ သူတို့ရဲ့ ကျန်းမာရေးအရ၊ သူတို့ အကျဉ်းကျခံရတဲ့ အချိန်မှာ လူသားတယောက်ရဲ့ ဂုဏ်သိက္ခာရှိတော့၊ လူသားတယောက်အနေနဲ့ ထိုက်သင့်အားလျော်စွာ ခံစားစံစားခွင့် ရနိုင်တဲ့ ဟာတွေနဲ့ ပတ်သက်လို့ အကျိုးရှိရာရှိကြောင်း စေတနာ၊ စိတ်ဓာတ်ရေးရာအရ မြှင့်တင်ပေးချင်တဲ့ ဆန္ဒအရ သွားရောက်တွေ့ဆုံခဲ့တယ်” ဟု NLD ဒုဥက္ကဋ္ဌ ဦးတင်ဦးက မဇ္ဈိမကို ပြောသည်။

ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့ရှိ ကိုမင်းကိုနိုင်နှင့် ကိုမာကီတို့၏ နေအိမ်များနှင့် တောင်ဥက္ကလာပရှိ ကိုကိုကြီး၏ နေအိမ်များဆီသို့ NLD ခေါင်းဆောင်များ သွားရောက်ခဲ့ရာ မိသားစုဝင်များက ဝမ်းပန်းတသာ ကြိုဆိုခဲ့ကြသည်။

ကိုကိုကြီး၏ ညီဖြစ်သူ ကိုအောင်အောင်ထွန်းက “အိမ်အထိလာပြီး အားပေးစကားပြောတဲ့အတွက် ဝမ်းသာတာပေါ့ဗျာ။ ကျေးဇူးတင်ပါတယ်။ အကို အထဲရောက်နေတယ်ဆိုတော့ အကျိုးအကြောင်း လာမေးတဲ့ သဘောပါ။ နေကောင်းလား၊ မကောင်းလား။ နေရာကလည်း ဝေးတော့ ရောက်လား၊ မရောက်လား ဆိုတာတွေကို မေးတာပါ’’ ဟု မဇ္ဈိမကို ပြောသည်။

ဦးတင်ဦးသည် ၂ဝဝ၃ မေလ ဒီပဲယင်းတိုက်ခိုက်မှု ပြီးကတည်းက ဖမ်းဆီးခံနေရစဉ်၊ ကျောင်းသား ခေါင်းဆောင်များမှာ ၂ဝဝ၄ ခုနှစ် နှောင်းပိုင်းတွင် အကျဉ်းထောင်များမှ လွတ်မြောက်လာခဲ့သည်။ ၎င်းတို့လွတ်မြောက်နေစဉ် ဦးဝင်းတင်မှာလည်း အကျဉ်းထောင်မှ မလွတ်မြောက်သေးပါ။

ထို့အပြင် ကျောင်းသားခေါင်းဆောင်များသည် ၂ဝဝ၇ ခုနှစ် သြဂုတ်လအတွင်း အဖမ်းခံရပြန်ပြီးမှသာ ဦးဝင်းတင်သည် ၂ဝဝ၈ စက်တင်ဘာလ ၂၃ ရက်နေ့တွင်လည်းကောင်း၊ ဦးတင်ဦးမှာ ယခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင်လည်းကောင်း လွတ်မြောက်လာခဲ့သည်။

’’သူတို့တွေက ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး စသဖြင့် နိုင်ငံတော်နဲ့ ပတ်သက်တဲ့ ကိစ္စအဝဝကို လှုပ်ရှားခဲ့၊ ရှိခဲ့ဖူးတော့ သူတို့ကျေးဇူးတွေ ရှိကြတာကိုးဗျ။ ကျနော်တို့ကလည်း အကျဉ်းကျနေတော့ တယောက်နဲ့တယောက် မဆုံဖြစ်ဘူးပေါ့ဗျာ။ အဲဒီအပေါ် အကြောင်းပြုပြီးတော့ ဦးဝင်းတင်နဲ့ ညှိနှိုင်းပြီး သွားလိုက်ကြတာ” ဟု ဦးတင်ဦးက ပြောသည်။

၂ဝဝ၇ ခုနှစ် သြဂုတ်လအတွင်း လောင်စာဆီဈေးနှုန်း ကျဆင်းရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြသဖြင့် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေး၊ ကိုဂျင်မီ၊ ကိုမင်းဇေယျ၊ ကိုသက်ဇော်၊ ကိုအေးသန်း (ခ) ကိုသန့်တင်၊ ကိုကျော်ကျော်ထွေး၊ ကိုဇော်ဇော်မင်း၊ ကိုအံဘွယ်ကျော်၊ ကိုပဏ္ဍိတ်ထွန်း၊ ကိုမာကီ၊ မနီလာသိန်း၊ မမာမာဦး၊ မစန္ဒာမင်း၊ မမီးမီး (ခ) မသင်းသင်းအေး၊ မသက်သက်အောင် အပါအဝင် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ၁၇ ဦး ထပ်မံဖမ်းဆီးခံရကာ ထိုနှစ် သြဂုတ်လ ၁၁ ရက်နေ့တွင် ၆၅ နှစ်စီ ပြစ်ဒဏ်ချခံခဲ့ရသည်။

မဆလ စစ်အစိုးရ ပြုတ်ကျမသွားခင် ၁၉၈၈ နှစ်လည်ပိုင်းအထိ မြေအောက်လှုပ်ရှားမှုများဖြင့်သာ ရပ်တည်ခဲ့သည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) က ကွန်ဂရက် ကျင်းပနိုင်ခြင်း မရှိခဲ့သော်လည်း ၁၉၈၈ သြဂုတ်လ ၂၈ ရက်နေ့တွင် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမိုးသီးဇွန်တို့ ဦးဆောင်ကာ ဗကသ ပြန်လည်ဖွဲ့စည်းရေး ကျောင်းသားထု အစည်းအဝေးကြီးကို သတ္တမ ကွန်ဂရက်အဖြစ် ကျင်းပခဲ့ကြသည်။

သို့သော် ကျောင်းသားခေါင်းဆောင် အများအပြားမှာမူ ထိုနှစ် စက်တင်ဘာ ၁၈ ရက်နေ့တွင် စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်းမှ စတင်ကာ ၁၅ နှစ်ကျော် ၁၆ နှစ်နီးပါး အကျဉ်းချခံခဲ့ရသေးသည်။

၎င်းတို့ ပြန်လည်လွတ်မြောက်လာသည့် ၂ဝဝ၄ ခုနှစ် နှောင်းပိုင်းမှ စတင်ကာ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ အမည်ဖြင့် နိုင်ငံရေးလှုပ်ရှားမှုများကို လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။

ဒေါ်စုထံ ရွှေခမောက်ပို့သူ ထောင်ထဲတွင် ကျန်းမာရေး ဆိုးရွား

မြင့်မောင် | တနင်္လာနေ့၊ ဇွန်လ ၂၈ ရက် ၂၀၁၀ ခုနှစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ ဖျာပုံထောင်တွင် ပြစ်ဒဏ် ၆ နှစ် ကျခံနေရသော မန္တလေးအရှေ့တောင်မြို့နယ် အန်အယ်ဒီ ပါတီဝင် ကိုရွှေမောင်းသည် ကျန်းမာရေးညံ့ဖျင်းနေသဖြင့် ဆေးဝါးကုသမှု လိုအပ်ကြောင်း ဇနီးဖြစ်သူက ပြောသည်။

ကိုရွှေမောင်းသည် ရင်ဘတ်နှင့် ကျောပြင်များ အမြဲအောင့်နေပြီး အိပ်မပျော်သည့် ဝေဒနာပါ ခံစားနေရသဖြင့် ကျန်းမာရေး စစ်ဆေးပေးရန်နှင့် ဆေးဝါးကုသမှု ပြုလုပ်ပေးရန် လိုအပ်နေကြောင်း ပြောဆိုခြင်း ဖြစ်သည်။

“ဗိုက်ထဲကနေ အောင့်အောင့်ပြီးတော့ တချက်တချက် နာတယ်။ အိပ်မပျော်တဲ့ ညတွေလည်း များတယ်။ ကိုရွှေမောင်းက ဆေးကုသမှု ခံချင်တယ်။ သူ့အနေနဲ့ ဘာရောဂါဆိုတာ သိချင်တယ်။ ကျမကို မပြောဘူးလားလို့ မေးတယ်။ ကျမက အထက်ထိ စာတင်ထားတယ်၊ ဘာမှ ကျမတို့ကို ပြန်ပြောတာ မရှိဘူးလို့ ပြောခဲ့တယ်။ အခုဟာက ကိုရွှေမောင်းက အသည်းလား၊ နှလုံးလား၊ ကျောက်ကပ်လားဆိုတာ ဘာမှ မသိရဘူး။ ဘာရောဂါမှန်း မသိတဲ့အတွက် ဘာဆေးမှ ဝယ်မပေးနိုင်ဘူး ဖြစ်နေတယ်” ဟု ကိုရွှေမောင်း၏ ဇနီး ဒေါ်သန်းသန်းဝင်းက ပြောသည်။

ဒေါ်သန်းသန်းသည် ယခုလ ၂၃ ရက်နေ့တွင် ဧရာဝတီတိုင်း ဖျာပုံထောင်သို့ ထောင်ဝင်စာ သွားတွေ့ခဲ့သည်။

“သူ့ကို တွေ့ရတဲ့ ပုံက အားမရှိတဲ့ ပုံစံမျိုး ဖြစ်နေတယ်။ အိပ်ရေးကလည်း ပျက်တယ်။ ကြာကြာ ဒီ့ထက် ဆိုးရွားလာရင် ငါ့မှာ ခံနိုင်ရည် မရှိဘူးတဲ့။ နေကလည်း အရမ်းပူတယ်တဲ့။ သူ့အခန်းထဲကို တချို့လူတွေ လာလည်ရင်တောင် မနေနိုင်လို့ ၅ မိနစ်လောက်နေပြီး ပြန်ထွက်သွားတယ်တဲ့။ သူ့ကို သမံတလင်းပေါ်မှာ ကွပ်ပျစ်လေးတော့ ရှိတယ်။ လေဝင်လေထွက် မကောင်းဘူးလို့လည်း ပြောတယ်” ဟု သူက ပြောသည်။

၂ဝဝ၉ ခုနှစ်ကတည်းက ထောင်အာဏပိုင်များထံ ဆေးဝါးကုသခွင့် တောင်းခံခဲ့ရာ အထူးကု ဆရာဝန်များနှင့် ပြသမည်ဟု ပြောဆိုခဲ့သော်လည်း ယနေ့အချိန်ထိ စစ်ဆေးမှု မပြုလုပ်ပေးသဖြင့် တနေ့တခြား ရောဂါအခြေအနေ ဆိုးရွားနေကြောင်း ဒေါ်သန်းသန်းက ဆက်ပြောသည်။

၂ဝဝ၇ ခုနှစ် စက်တင်ဘာ သံဃာ့လှုပ်ရှားမှုတွင် ကိုရွှေမောင်း ပါဝင်ခဲ့မှုဖြင့် နိုင်ငံတော် လုံခြုံရေး ထိခိုက်ပျက်ပြားစေရန် လှုံ့ဆော်မှု ပုဒ်မ ၅ဝ၅ (ခ)၊ အရေးပေါ် စီမံချက် အက်ဥပဒေ ၅ (ည) စသည်တို့ဖြင့် ထောင်ဒဏ် ၈ နှစ် ကျခံခဲ့ရသည်။ သို့သော် အယူခံဝင်ခဲ့ရာ တရားရုံးတွင် အနိုင်ရရှိခဲ့သဖြင့် ထောင်ဒဏ် ၆ နှစ်အထိ လျှော့ပေါ့ပေးခဲ့သည်။

သူသည် ၂ဝဝ၂ ခုနှစ်အတွင်းက ရွှေခမောက်တလုံးပြုလုပ်၍ ဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့ ပို့ဆောင်ရန် စီစဉ်ခဲ့သောကြောင့် ခိုးရာပါပစ္စည်းလက်ခံမှုဖြင့် စွပ်စွဲကာ ထောင်ဒဏ် ၃ နှစ် ချမှတ်ခံခဲ့ရသေးသည်။ ပြစ်ဒဏ်မကျခင် စစ်ကြောရေးစခန်းတွင် ရိုက်နှက်စစ်ဆေးခံခဲ့ရတဲ့ ဒဏ်တွေကလည်း ယခုတိုင် ရှိနေသည်။

ထို့ပြင် လက်ရှိ အကျဉ်းကျနေစဉ် ကျွေးမွေးသည့် အစားအသောက်များ ညံ့ဖျင်းသဖြင့်လည်း ကျန်းမာရေး ချို့ယွင်းလာခြင်း ဖြစ်နိုင်ကြောင်း မိသားစုဝင်တဦးက ပြောသည်။

အလားတူ မိတ္ထီလာထောင်၌ ထောင်ဒဏ် ၅ နှစ် ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသူ ဒေါ်စန်းစန်းတင်သည်လည်း ဘယ်ဘက်မျက်လုံးတလုံး ကွယ်လုနီးပါး ဖြစ်နေပြီး အပြင်ဆေးရုံတွင် မျက်စိအထူးကု ဆရာဝန်နှင့် ကုသခွင့် တောင်းခံခဲ့သော်လည်း ခွင့်ပြုချက် မရရှိသဖြင့် မျက်လုံးမှာ လုံးဝ ကွယ်သွားနိုင်ကြောင်း ပြီးခဲ့သည့် အပတ်ထဲကမှ ထောင်ဝင်စာ တွေ့ခဲ့သည့် ညီမဖြစ်သူ ဒေါ်ခင်ခင်ဆွေက ပြောသည်။

ရှမ်းပြည်နယ် တောင်ကြီးထောင်တွင် ထောင်ဒဏ် ၆၅ နှစ် ကျခံနေရသော ကိုမြအေးသည်လည်း ပြီးခဲ့သည့် ဧပြီလတွင် သူ၏ နှလုံး၊ သွေးတိုးနှင့် အစာအိမ် ရောဂါတို့ ခံစားနေရသဖြင့် ဆေးကုသခွင့်ပေးရန် တောင်းခံခဲ့ရာ ထောင်ဆရာဝန်နှင့် ပြသနေရသည်။

သူသည် လွန်ခဲ့သော ၂ဝဝ၇ ခုနှစ် သြဂုတ်လတွင် လောင်စာဆီ ဈေးနှုန်းမြင့်တက်မှုနှင့် ပတ်သက်၍ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ရာ အခြားသော ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များနှင့်အတူ အဖမ်းခံခဲ့ရခြင်း ဖြစ်သည်။

ထို့ပြင် မန္တလေးတိုင်း မတ္တရာမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန်းလွင် အပါအဝင် ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးခွန်ထွန်းဦး၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လှိုင်သာယာမြို့နယ် တာဝန်ခံ ဦးတင်ယုတို့လည်း ကျန်းမာရေး အခြေအနေ စိုးရိမ်နေရကြောင်းနှင့် မြန်မာပြည်အနှံ့ အကျဉ်းထောင်များထဲတွင် နိုင်ငံရေးအကျဉ်းသား ၂၁၈၄ ဦး ရှိကြောင်း ထိုင်းနိုင်ငံရှိ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) AAPP (B) ၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

နိုင်ငံတဝှန်း အကျဉ်းထောင် ၄၂ ထောင်နှင့် ရဲဘက်စခန်း ၁ဝ၉ ခုတွင် အကျဉ်းသားနှင့် အချူပ်သား ဦးရေ ၂ သိန်းခွဲခန့်ရှိပြီး ၎င်းတို့ကို ကျန်းမာရေး စောင့်ရှောက်ရန် အကျဉ်းဦးစီးဌာနတွင် ဆရာဝန် ၃၄ ဦး၊ ကျန်းမာရေးမှူး ၁၉ ဦး၊ သူနာပြုဝန်ထမ်း ၂၂ ဦး ရှိကြောင်း အကျဉ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ဦးဇော်ဝင်းက ပြီးခဲ့သည့် နိုဝင်ဘာလ နှောင်းပိုင်းတွင် အင်းစိန်ထောင်၌ ကျင်းပခဲ့သည့် အကျဉ်းသား ကျန်းမာရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတွင် ထုတ်ဖော်ပြောကြားခဲ့သည်။

AAPP (B) ၏ သတင်း ထုတ်ပြန်ချက်တရပ်တွင် ၁၉၈၈ ခုနှစ်မှစ၍ ယနေ့အချိန်ထိ ထောင်တွင်း၌ သေဆုံးခဲ့ရသော နိုင်ငံရေး အကျဉ်းသူ/သားပေါင်း ၁၄၃ ဦးရှိပြီဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံသတင်းထောက် စတင်ရုံးထုတ်

မြင့်မောင် | သောကြာနေ့၊ ဇွန်လ ၂၅ ရက် ၂၀၁၀ ခုနှစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုနှင့် မတရားအသင်းနှင့် ဆက်သွယ်မှုဖြင့် စွပ်စွဲခံထားရသော သင်္ကြန်တွင်းကာလ ဗုံးပေါက်ကွဲမှုမြင်ကွင်းကို ရိုက်ကူးခဲ့သူ ဓာတ်ပုံသတင်းထောက် ကိုစည်သူဇေယျကို မင်္ဂလာတောင်ညွန့်မြို့နယ် တရားရုံးတွင် ယနေ့ ရုံးထုတ်သည်ဟု မိသားစုဝင်များနှင့် နီးစပ်သူများက ပြောသည်။

ရဲစစ်ကြောရေးစခန်းတွင် ဓာတ်ပုံသတင်းထောက်က ဝန်ခံခဲ့သည်ဆိုသော ထိုင်းနိုင်ငံတွင် ပြုလုပ်သော သတင်းထောက် သင်တန်းတခုကို တက်ရောက်ခြင်းနှင့် ပတ်သက်၍ တရားသူကြီးက ဖတ်ကြားသွားသည်။ ကိုစည်သူဇေယျ၏ ရှေ့နေ ဦးအေးသိန်းက ရဲထံ အစစ်ခံချက်များမှာ တရားမဝင်ဟု ပြန်လည်ချေပခဲ့သည်ဟု သိရသည်။

ကိုစည်သူဇေယျ၏ ပြောကြားချက်ကို ကိုးကားပြီး သတင်းပေးသူက မဇ္ဈိမသို့ ပြောကြားရာတွင် စစ်ကြောရေးပြုလုပ်စဉ် ရဲက ညှဉ်းပန်းမှုလုပ်ခဲ့သည်ဟု ဆိုသည်။

”ခြေဖျားထောက်ပြီး မတ်တပ်ရပ်ခိုင်းတာ၊ ဒူးထောက်ခိုင်းတာတို့ လုပ်ခိုင်းတယ်။ အဲဒီလို ၃ ရက်လောက် လုပ်ခိုင်းပြီး ၄ နပ်လောက် ထမင်းမကျွေးဘဲ ထားတဲ့အခါ သူက ဖြောင့်ချက်ပေးခဲ့ရတာ။ ဒီဖြောင့်ချက်အရ လဝက က နယ်စပ်ဖြတ်ကျော်မှုနဲ့ တရားလိုအဖြစ် တရားစွဲခဲ့တာ’’ ဟု သတင်းပေးသူက ပြောသည်။

ကိုစည်သူဇေယျကို လူဝင်မှုကြီးကြပ်ရေး အရေးပေါ် ပြဋ္ဌာန်းချက် အက်ဥပဒေ ၁၃ (၁)၊ မတရားအသင်း ဆက်သွယ်မှု ဥပဒေ ၁၇ (၁) တို့ဖြင့် ရဲက တရားလိုပြုလုပ် တရားစွဲထားသည်။

ထိုင်းနိုင်ငံတွင် မီဒီယာသင်တန်းသို့ သွားတက်ခဲ့ကြောင်းနှင့် ပြည်ပရောက် အတိုက်အခံ ညွန့်ပေါင်းအစိုးရ NCGUB နှင့် ဆက်သွယ်ခဲ့သလို၊ ဒီမိုကရက်တစ် မြန်မာ့အသံ (ဒီဗီဘီ) တာဝန်ရှိသူတဦးထံမှ ဗီဒီယိုကင်မရာ ရယူခဲ့သေးကြောင်း စစ်ကြောရေးစခန်းတွင် ဖြောင့်ချက်ပေးခဲ့သည်ဟု လက်ထောက်တရားသူကြီးတဦးက တရားရုံးတွင် ဖတ်ကြားပြခဲ့သည်ဟု တရားခွင်အနားသို့ သွားရောက်ခဲ့သူတဦးက ပြောသည်။

လူ ၁ဝ ဦးသေဆုံးခဲ့သော ဧပြီလ ၁၅ ရက်နေ့က ရန်ကုန်မြို့ ကန်တော်ကြီးအနီး ရေပက်မဏ္ဍပ်ရှေ့ ဗုံးပေါက်ကွဲမှု ဖြစ်ပွားနောက် ဓာတ်ပုံရိုက်နေစဉ် ကိုစည်သူဇေယျကို ရဲက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ဖခင်ဖြစ်သူ ဦးဇေယျကိုလည်း နောက်တရက်တွင် ဆက်လက်ဖမ်းဆီးပြီး ညွန့်ပေါင်းအစိုးရနှင့် ဆက်သွယ်မှုဖြင့် တရားစွဲထားရာ နောက်တပတ် အင်္ဂါနေ့တွင် ရုံးထုတ်မည်ဟု မိသားစုဝင်တဦးက မဇ္ဈိမကို ပြောသည်။

ထိုအမှုနှင့် ဆက်စပ်၍ အခြားဖြစ်ထွန်းမှုတခုမှာ စွမ်းအားမြှင့် စစ်သည်တော် ကျောင်းသားအဖွဲ့ လက်ချက်ဟု စစ်အစိုးရက စွပ်စွဲထားသော ဗုံးကွဲမှုတွင် ပါဝင်သည်ဟု စွပ်စွဲခံရသူ လျှပ်စစ်အင်ဂျင်နီယာ ကိုဖြိုးဝေအောင်က “လုံးဝပတ်သက်မှုမရှိ” ဟု ဇွန်လ ၂၃ ရက်နေ့က သွားရောက်တွေ့ဆုံစဉ်က ပြောကြားကြောင်း သူ၏ ရှေ့နေ ဦးကျော်ဟိုးက ပြန်ပြောပြသည်။

ကိုဖြိုးဝေအောင်၏ အမှုကို လာမည့် တနင်္လာနေ့တွင် ရုံးထုတ်မည်ဟု တရားရုံးက ကြေညာထားသော်လည်း မည်သည့်တရားရုံးတွင် အမှုဆိုင်ရမည်ကို မသတ်မှတ်ထားသေးပေ။

ကိုဖြိုးဝေအောင်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားချိန်တွင် သူကန်ထရိုက်ရယူထားသော ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် ရှိနေခဲ့သည်ဟု မိသားစုဝင်များက မီဒီယာများကို ပြောထားသည်။

အလုပ်သမားသမဂ္ဂ ဖွဲ့စည်းမှု ‘တရားမဝင်’ ဟု ရဲကပြော

မြင့်မောင် | ကြာသပတေးနေ့၊ ဇွန်လ ၂၄ ရက် ၂၀၁၀ ခုနှစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ အလုပ်သမားသမဂ္ဂ ဖွဲ့စည်းခွင့်ပြုရန် စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ ခွင့်ပြုချက် တောင်းခဲ့သူများကို ဖွဲ့စည်းခွင့် မပြုကြောင်း ရဲက ယမန်နေ့က ပြောကြားလိုက်သည်။

ရန်ကုန်တိုင်း အနောက်ပိုင်းခရိုင် ရဲမှူးကြီး အောင်ဒိုင်းက အလုပ်သမား ကိုယ်စားလှယ် ၇ ဦးကို ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးသို့ ခေါ်ယူတွေ့ဆုံပြီး ”တရားမဝင်” အသင်းဖွဲ့စည်းမှုဟုဆိုကာ ဆက်လက်လုပ်ကိုင်ပါက အရေးယူမည်ဖြစ်ကြောင်း ပြောသည်။

ထင်ရှားသော အလုပ်သမားအခွင့်အရေး အကျိုးဆောင် ကိုဖိုးဖြူအပါအဝင် ၂၂ ဦးက ”မြန်မာအမျိုးသား စက်မှုအလုပ်သမားများနှင့် လယ်သမားများ အကျိုးစီပွား ကာကွယ်ရေး အလုပ်သမားများ သမဂ္ဂ” ကို တည်ထောင်ကြောင်းနှင့် တရားဝင်ခွင့်ပြုပါရန် နေပြည်တော်ရှိ စစ်အစိုးရခေါင်းဆောင်သို့ စာတိုက်မှတဆင့် အကြောင်းကြားခဲ့ပြီးနောက် အာဏာပိုင်များက တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။

“လုံးဝ ဖွဲ့ခွင့်မရှိဘူး။ ဖွဲ့တာကိုက တရားမဝင်ဘူးတဲ့” ဟု တွေ့ဆုံမှုတွင် ပါဝင်ခဲ့သူတဦးဖြစ်သော ရှေ့နေ ကိုဖိုးဖြူက ပြောသည်။

ကိုဖိုးဖြူအပြောအရ ဖမ်းဆီးထောင်ချခံကာ သမဂ္ဂဖွဲ့စည်းခြင်း ဆက်လက်ပြုလုပ်သွားမည်ဖြစ်ပြီး အလုပ်သမား၊ လယ်သမားများ အကျိုးအတွက် ကာကွယ်သွားမည်ဟု အလုပ်သမားကိုယ်စားလှယ်များက အကြောင်းပြန်ခဲ့သည်ဟု ဆိုသည်။

“ခါးသီးတဲ့ ဒုက္ခကို နှစ်ပေါင်းများစွာ၊ ဆယ်စုနှစ်ပေါင်းများစွာ လုပ်သားပြည်သူတွေ၊ ပြည်သူတွေ ခံစားနေရတယ်။ ဒီလိုအခြေအနေမျိုးမှာ သမဂ္ဂပေါ်ပေါက်ဖို့ လိုအပ်နေပြီ” ဟု ကိုဖိုးဖြူက ပြောသည်။

ကိုဖိုးဖြူသည် စစ်တပ်က လယ်သိမ်းခံရ၍ ကန့်ကွက်သော လယ်သမားများအတွက် အကျိုးဆောင်ရာက လွန်ခဲ့သည့်နှစ် မတ်လက ထောင်ကျသွားခဲ့ပြီး လွန်ခဲ့သည့် ၃ လကမှ လွတ်မြောက်ခဲ့သည်။

သမဂ္ဂဖွဲ့စည်းမှု ဆက်လက်လုပ်ဆောင်လျှင် မတရားအသင်း ဖွဲ့စည်းခြင်းဖြစ်၍ ဥပဒေချိုးဖောက်ကြောင်းနှင့် အဖွဲ့အကြောင်း စာရေးသားပုံနှိပ်ထုတ်ဝေလျှင် ပုံနှိပ်ထုတ်ဝေသူများဥပဒေနှင့် ငြိစွန်း၍ အရေးယူမည်ဟု ရဲမှူးကြီးအောင်ဒိုင်းက အမျိုးသမီး ၃ ဦးပါသော အလုပ်သမားကိုယ်စားလှယ်များကို ပြောသည်။

ထိုနေ့အစောပိုင်းတွင်ပင် အလုပ်သမားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦးက သမဂ္ဂခေါင်းဆောင်များကို တွေ့ဆုံခဲ့ကာ ရွေးကောက်ပွဲအပြီး အစိုးရသစ်တရပ် တက်လာချိန်အထိ စောင့်ဆိုင်းရန် ပြောကြားခဲ့သည်။

တံခါးပိတ်ဆွေးနွေးပွဲ ဖြစ်သော်လည်း ထောက်လှမ်းရေး ၂ဝ ခန့်က စောင့်ကြည့်ကာ ဓာတ်ပုံ ဗီဒီယိုမှတ်တမ်းတင် ရိုက်ကူးခဲ့သည်။

အဓိက အတိုက်အခံအဖွဲ့ကြီးဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒုဥက္ကဋ္ဌ ဦးတင်ဦးက အလုပ်သမားသမဂ္ဂ ဖွဲ့စည်းခွင့်ကို ပိတ်ပင်ခြင်း မပြုသင့်ဟု ပြောကြားလိုက်သည်။

အာဏာပိုင်များနှင့် တွေ့ဆုံခဲ့သော အခြားသော အလုပ်သမားကိုယ်စားလှယ်များမှာ တောင်တွင်းကြီးမြို့မှ ဦးပါလေးနှင့် ဦးဝင်းနိုင်၊ ဒဂုံမြို့နယ်တောင်ပိုင်းနေ ဦးကြည်လင်း၊ သာယာဝတီမြို့နေ မနွဲ့ရီဝင်း၊ လှိုင်သာယာမှ မခိုင်သဇင်၊ ရွှေပြည်သာနေ မအေးချမ်းပြည့်တို့ ဖြစ်သည်။

ပြည်ပအခြေစိုက် မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် FTUB ၏ လက်ထောက် အထွေထွေ အတွင်းရေးမှူး ဒေါက်တာ ဇော်ဝင်းအောင်က “အလုပ်သမားသမဂ္ဂတွေ လွတ်လွတ်လပ်လပ် ဖွဲ့ခွင့်ရှိအောင် ဥပဒေပြဋ္ဌာန်း ထားဖို့ရယ်၊ အခက်အခဲမရှိအောင် စစ်အစိုးရက ခွင့်ပြုလုပ်ဆောင်ဖို့လိုပါတယ်” ဟု ပြောသည်။

လက်ရှိ နိုင်ငံရေးအကျဉ်းသား ၂၁ဝဝ ကျော်အနက် အလုပ်သမားရေး တက်ကြွလှုပ်ရှားသူ ၁၅ ဦးအထိ ပါဝင်သည်ဟု ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) မှ တွဲဘက်အထွေထွေ အတွင်းရေးမှူး ကိုဘိုကြည်က ပြောသည်။

စစ်တပ်အုပ်စီးသော အစိုးရဆက်ဆက် အုပ်ချုပ်သော မြန်မာနိုင်ငံတွင် လွတ်လပ်သော အသင်းအဖွဲ့များ ဖွဲ့စည်းခွင့်ကို ပိတ်ပင်ထားသည်မှာ ၁၉၆၂ ခုနှစ်ကတည်းက ဖြစ်သည်။

သို့သော်လည်း လုပ်ခလစာတိုးမြှင့်ပေးရေးနှင့် လုပ်ငန်းခွင်ကောင်းမွန်ရေးတို့အတွက် စုစည်းမှုရှိသော ပုဂ္ဂလိကစက်ရုံ လုပ်သားများ ဆန္ဒပြမှုများ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလမှစ၍ အနည်းဆုံး ၁ဝ ကြိမ် ဖြစ်ပွားခဲ့သည်။

NLD ခေါင်းဆောင်များ ပါတီအောက်ခြေထုနှင့် ထိတွေ့

မြင့်မောင် | တနင်္လာနေ့၊ ဇွန်လ ၂၁ ရက် ၂၀၁၀ ခုနှစ်

နယူးဒေလီ (မဇ္ဈိ)။ ။ ပါတီအောက်ခြေထုနှင့် ထိတွေ့ရန် ဒေါ်အောင်ဆန်းစုကြည်က မှာကြားသဖြင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ခေါင်းဆောင်များက တိုင်းနှင့် ပြည်နယ်များရှိ အဖွဲ့ဝင်များထံ သွားရောက်တွေ့ဆုံမှုများ ပြုလုပ်နေကြသည်။

ယခုလ ၁၂ ရက်နေ့မှ စတင်ကာ CEC အဖွဲ့ဝင် ဦးအုန်းကြိုင်နှင့် ဗဟိုအလုပ်ကော်မတီဝင် ဦးကြည်ဝင်းက မန္တလေးတိုင်း မိုးကုတ်၊ သပိတ်ကျင်း၊ မတ္တရာ၊ ပုသိမ်ကြီး၊ မိတ္ထီလာ၊ မြင်းခြံ၊ ကျောက်ပန်းတောင်း၊ ညောင်ဦးနှင့် မကွေးတိုင်း ပခုက္ကူသို့ သွားရောက်နေသကဲ့သို့ CEC အဖွဲ့ဝင်များဖြစ်သည့် ဦးဝင်းတင်၊ ဦးဟံသာမြင့်၊ ဗဟန်း NLD ဥက္ကဋ္ဌ ဦးအောင်မြင့်တို့က ကရင်ပြည်နယ်သို့ ယခုလ ၁၉ ရက်နေ့မှ စတင်ကာ သွားရောက်နေခြင်း ဖြစ်သည်။

’’ကျနော်တို့က နိုင်ငံရေးဆန်တဲ့ အစည်းအဝေး လုပ်တာတို့၊ ဆုံးဖြတ်ချက်ချတာတွေ ထုတ်ပြန်ခြင်း၊ ကြေညာခြင်း၊ အောက်ခြေထုကို ညွှန်ကြားခြင်း မလုပ်တော့ပါဘူး။ ဒါကြောင့် အောက်ခြေရဲ့ အခြေအနေတွေကိုလည်း မသိတော့ပါဘူး။ ဒါကြောင့် လုပ်ဖော်ကိုင်ဘက်တွေကို သွားရောက်ထိတွေ့ပါဆိုပြီး ဒေါ်အောင်ဆန်းစုကြည်က မှာပါတယ်။ အောက်ခြေရဲ့ အခက်အခဲတွေ နားထောင်စေချင်တယ်။ ထိတွေ့မှုကလည်း မရှိတော့ ထိတွေ့စေချင်တယ်။ ဒါကြောင့် ထွက်လာခဲ့တာပါ’’ ဟု ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ရှေ့နေ ဦးဥာဏ်ဝင်းနှင့် တွေ့ဆုံခွင့်များ ရရှိစဉ်က အောက်ခြေထုထံ သွားရောက်ရန် မှာကြားခဲ့ခြင်း ဖြစ်သည်။

တွေ့ဆုံပွဲများတွင် NLD အနေဖြင့် နိုင်ငံရေးဆန်သော အလုပ်များ မပြုလုပ်သော်လည်း ပါတီရည်မှန်းချက်ဖြစ်သော အမျိုးသားပြန်လည်သင့်မြတ်ရေး၊ လူ့အခွင့်အရေး အပြည့်အဝ ရရှိရေး၊ စစ်မှန်သော ဒီမိုကရေစီနိုင်ငံတော်သစ်ကို ငြိမ်းချမ်းစွာ ထူထောင်ရေး ဆွဲကိုင်ထားသည့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော နိုင်ငံရေးအင်အားစုကြီးအဖြစ် ဆက်လက်လုပ်ကိုင်သွားရန် မြို့နယ်ခေါင်းဆောင်များသို့ ပြောကြားခဲ့ကြသည်။

ထို့အပြင် စစ်အစိုးရ ထုတ်ပြန်သည့် တရားမျှတမှုမရှိသော ရွေးကောက်ပွဲ ကော်မရှင် ဥပဒေများ၊ နည်းဥပဒေများအရ ပါတီကို ပြန်လည်မှတ်ပုံခြင်း မရှိခဲ့ပုံများကို အောက်ခြေထုထံ ရှင်းလင်းတင်ပြမှုများ ပြုလုပ်ကြရာ မြို့နယ်အဖွဲ့ဝင်များကပါ အားတက်သရော ထောက်ခံခဲ့ကြောင်းနှင့် အဖွဲ့ချုပ် ချမှတ်ထားသည့် မူဝါဒနှင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှုကို အပြည့်အဝ လက်ခံကာ လုပ်ဆောင်သွားမည်ဟု တုံ့ပြန်ပြောဆိုခဲ့ကြောင်း သိရသည်။

CEC ခေါင်းဆောင်များက မြို့နယ်အဖွဲ့ဝင်များအနေဖြင့် ပြည်သူ့အကျိုးပြုနှင့် နိုင်ငံရေး ရည်ရွယ်ချက် ပါရှိသည့် လုပ်ငန်းများ ဆောင်ရွက်ကြရန်လည်း မှာကြားခဲ့ကြသေးသည်။

ဦးအုန်းကြိုင်က “နိုင်ငံရေး ရည်ရွယ်ချက်ရှိတဲ့ ပြည်သူ့အကျိုးပြု လုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်နေတယ် ဆိုတာ ပြောပြပါ၊ မြို့နယ်တွေမှာရှိတဲ့ ကျနော်တို့နဲ့ ယုံကြည်ချက်တူတဲ့၊ နှလုံးသားချင်းတူတဲ့ အဖွဲ့ဝင်တွေအနေနဲ့ ဆက်ပြီးတော့ တတ်နိုင်သလောက် ပြည်သူ့အကျိုးပြု၊ နိုင်ငံရေး ရည်ရွယ်ချက်ရှိတဲ့ လုပ်ငန်းတွေကို ဆောင်ရွက်ဖို့ ပြောပေးပါလို့ ပါတီ ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆရာ ဦးဝင်းတင်တို့က မှာလိုက်တယ်” ဟု ပြောသည်။

မန္တလေးတိုင်းအတွင်း တွေ့ဆုံပွဲများတွင် မန္တလေးတိုင်း ခေါင်းဆောင်များဖြစ်သည့် ဦးသိန်းတန်၊ ဒေါက်တာဇော်မြင့်မောင်၊ အဖွဲ့ဝင်များဖြစ်သည့် ကိုမျိုးနိုင်နှင့် ဦးမောင်မောင်သန်းတို့ လိုက်ပါခဲ့ကြောင်းနှင့် မန္တလေးတိုင်း ခရီးစဉ်အပြီး မကွေးတိုင်းရှိ ပခုက္ကူအပါအဝင် အခြားမြို့နယ်များသို့ ဆက်လက်သွားရောက်မည်ဟု ဦးအုန်းကြိုင်က ပြောသည်။

NLD ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းတင် ဦးဆောင်သည့် အဖွဲ့ကလည်း ယခုလ ၁၉ ရက်နေ့မှ စတင်ကာ ကရင်ပြည်နယ် ခရီးစဉ်အဖြစ် လှိုင်းဘွဲ့မြို့နှင့် ဖားအံမြို့တို့ကို သွားရောက်နေကြကြောင်း သိရသည်။ ဦးဝင်းတင်သည် ယခုနှစ်အတွင်း မန္တလေး၊ ပဲခူးနှင့် ရန်ကုန်တိုင်းအတွင်းရှိ ပါတီဝင်များထံ သွားရောက်တွေ့ဆုံခဲ့သေးသည်။