Sunday, July 4, 2010

ရွှေနဂါး ဝ'ဥ စက်ရုံ မီးလောင်မှုဖြစ်

မြင့်မောင် | တနင်္လာနေ့၊ မေလ ၁၇ ရက် ၂၀၁၀ ခုနှစ်

နယူးဒေလီ (မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ရွှေလင်ပန်းစက်မှုဇုန်ရှိ ဦးသက်နိုင် ပိုင်ဆိုင်သော ရွှေနဂါး ဝ'ဥ စက်ရုံတွင် ယနေ့ နေလည်ပိုင်းက မီးလောင်မှုတရပ် ဖြစ်ပွားခဲ့သည်။

ရွှေနဂါး ဝ'ဥ စက်ရုံသည် မလည်ပတ်ရသေးသော စက်ရုံသစ်ဖြစ်ပြီး စက်ရုံလည်ပတ်ရန် ကုန်ပစ္စည်းများ အရံသင့် ပြင်ဆင်နေဆဲ ယနေ့ နေ့လည် ၁ နာရီ ၄၅ မိနစ်မှ စတင်ကာ ၂ နာရီခန့်အကြာ လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။

''အဲဒီစက်ရုံမှာ ဝ'ဥ လုပ်တဲ့ ဓာတုကုန်ကြမ်းပစ္စည်း ဆာလဖာအိတ်တွေ ပေ ၂ဝ x ပေ ၁ဝ ပတ်လည် အခန်းရှိတာထဲမှာ အိတ် ၃ဝ အပြည့် ထည့်ထားတယ်။ မနက်က မိုးရွာထားတော့ ဆာလဖာနဲ့ ရေက ထိတွေ့ပြီး ဓာတ်ပြုပြီးတော့ နေ့လည်မှာ မီးလောင်မှု ဖြစ်တာပေါ့'' ဟု ရန်ကုန်တိုင်း မီးသတ်ကျွမ်းကျင်အရာရှိက ပြောသည်။

ဓာတ်ပြုလောင်ကျွမ်းသဖြင့် သဲနှင့် ဖက်ဖျန်းကာ ငြှိမ်းသတ်ရကြောင်းနှင့် အဆောက်အအုံမှာ သံကူကွန်ကရစ် ဖြစ်သဖြင့် မီးလောင်မှု မရှိကြောင်း သိရသည်။ ဆုံးရှုံးမှုမှာ ကာလတန်ဖိုး ကျပ်သိန်း ၇ဝဝ ကျော် ခန့်ရှိမည်ဖြစ်ကြောင်း လှိုင်သာယာမြို့နယ် ရဲစခန်းက ခန့်မှန်းသည်။

No comments: