Tuesday, January 6, 2009

ရခိုင်တိုင်းရင်းသား ခေါင်းဆောင်ဟောင်း ဦးစောမြအောင် ကွယ်လွန်

မြင့်မောင်(မဇ္ဈိမသတင်းဌာန)
အင်္ဂါနေ့၊ ဇန်နဝါရီလ 06 2009


နယူးဒေလီ (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံရေးလောကမှ ရခိုင်တိုင်းရင်းသား ခေါင်းဆောင်တဦးဖြစ်သူ ဒေါက်တာ စောမြအောင်သည် ယမန်နေ့ညပိုင်းက ရန်ကုန်မြို့ရှိ သူ၏နေအိမ်တွင် ကွယ်လွန်သွားသည်။

ရခိုင်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) ၏ ဥက္ကဋ္ဌ ဖြစ်သူ ဒေါက်တာ စောမြအောင် (၉၂ နှစ်) သည် မြန်မာစံတော်ချိန် ည ၇ နာရီတွင် လူကြီးရောဂါဖြင့် ကွယ်လွန်သွားခြင်းဖြစ်သည်။

သူသည် ၁၉၉၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ် မြောက်ဦးခရိုင် မဲဆန္ဒနယ်မြေ (၁) ၌ ရခိုင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြှောက်ခံရသည်။

သူ၏ နိုင်ငံရေး လှုပ်ရှားမှုများကြောင့် အခြား နိုင်ငံရေးသမားများနှင့်အတူ အဖမ်းခံခဲ့ရဖူးပြီး ၂၀၀၁ ခုနှစ်တွင် ပြန်လည် လွတ်မြောက်လာခဲ့သည်။

၁၉၉၈ ခုနှစ် စက်တင်ဘာလအတွင်းက ဖွဲ့စည်းခဲ့သော ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPP) တွင် ဥက္ကဋ္ဌ အဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သည်။

No comments: