Friday, September 3, 2010

၂၀၁၀ ရွေးကောက်ပွဲတွင် နအဖစစ်အုပ်စု ကုလသမဂ္ဂအဖွဲ့ဝင်မှ ပြုတ်ထွက်

ခိုင်အောင်ကျော် ( နယူးယောက် )

ကျနော်တို့ မကြာခဏ ကျနော်းရသောစကားတခွန်းတခုရှိသည်။ ယင်းမှာသုံးပွင့်ဆိုင်ဖြစ်သည်။ တိုက်တိုက် ဆိုင်ဆိုင်ပင် သုံးပွင့်ဆိုင်ပြသနာသည် ယခုပေါ်ထွက်လာပါပြီ။ ဤသုံးပွင့်ဆိုင်ပြသနာကို မဖြေရှင်း၍ ကတော့ မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေသည် လှလှပပရှိမည်မဟုတ်။ တခါကသုံးပွင့်ဆိုင်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ နအဖစစ်အုပ်စုနှင့် တိုင်းရင်းသားအုပ်စုများဖြစ်သည်။

သို့သော် နအဖစစ်အုပ်စုသည် မည်သည့်အခါမျှ သုံးပွင့်ဆိုင်ပြသနာကို ထည့်မတွက်ခဲ့။ ဂရုလည်းမစိုက်။ လုပ်ချင်ရာလုပ်နေခဲ့သည်မှာ ၁၀ စုနှစ် နှစ်ခုကိုပင် ရောက်နေခဲ့ပါပြီ။ မည်သို့မျှအခြေအနေမထူးသည့်ကြားမှာပင် ၂၀၁၀ ရွေးကောက်ပွဲကို ပြုလုပ်ရန် တာစူလိုက်သေးသည်။ နိုဝင်ဘာလ ၇ ရက်နေ့မှာ ရွေးကောက်ပွဲပြု လုပ်မည်ဟု ကြေညာခြင်းဖြစ်သည်။ သည်တော့ ယင်းအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်မှာ မလွတ် မြောက သေး၊ လွတ်မြောက်ဖို့ တပါတ်လောက်လိုနေသေးသည်။

ယခုအခေါက်တော့ မဖိတ်ခေါ်ဘဲရောက်လာသော အမေရိကန်နို်င်ငံသား ဥဏှောက်မမှန်သူ ဂျွန်ယက်ထောလို မည်သူမျှမပေါ်ပေါက်စေနှင့်ဟု ဆုတောင်းမိသည်။ မနေ့က ကြားလိုက်ရသေးသည်။ ကျနော်ရင်ခုန် မိသွား ပါသည်။ ယင်းမှာ သပိတ်မှောက်မည့်အကြောင်းအရာနှင့် ပါတ်သက်၍ ဒေါ်အော်ဆန်းစုကြည်ထံမှ ညွှန်ကြားချက် တွေ သွားရောက်ယူရအုံးမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးအုံးကြိုင်က ပြောသွားသံကြားလိုက်ရသည်။ ဤသည်မှာကောင်းမွန်စွာနေပါမည်ဟု အာမခံထားသော ဒေါ်အောင်ဆန်းစုကြည်အတွက် အထူးအရေးကြီးနေ သော အချက်ဖြစ်သည်။

မည်သည့်နည်းနှင့်မျှ ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ကြောင်း ကြေညာချက်များနှင့် ပါတ်သက်၍၎င်း၊ အဖွဲ့ချုပ်မှ ညွှန်ကြားလွှာများ သွားရောက်မယူကြစေလိုပါ။ တနည်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည်အား အဖွဲ့ချုပ်၏ မည်သည့်လုပ်ငန်းဆောင်တာများနှင့် ပါတ်သက်၍ နိုင်ဝင်ဘာလအတွင်း ရောထွေးပါတ်သက် မနေ စေချင်။ အကြောင်းမှာ နအဖစစ်အုပ်စုသည် နိုဝင်ဘာ ၁၃ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်အား သနား၍ ၊ ချစ်လွန်း၍ ၊ ဗိုလ်ချုပ်အောင်ဆန်း သမီးမို့ဖြစ်၍ ၊ နိုင်ငံသားတဦးဖြစ်၍ ၊ နိုဗယ်ငြိမ်းချမ်းရေးဆုရှင်ဖြစ်၍ ၊ လွှတ်ပေးချင်သူမဟုတ်ကြောင်း သိနားထားရမည်ဖြစ်ပါသည်။

အကယ်၍ တနည်းနည်းဖြင့် အဖွဲ့ချုပ်မှ သပိတ်မှောက်ခြင်းနှင့် ပါတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ညှိနိုင်း ခြင်း၊ ပါတ်သက်ခြင်းမျာ ရှိနေခဲ့ပါက နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ရေးသည် ကြာတောင့်ကြာခဲ့နေပေလိမ့် မည်ဟု ထင်မြင်ယူဆရပါသည်။ သတိထားရန် လိုကြောင်းသိထားဖို့လိုသည်။ သို့မဟုတ်က ဂျွန်ယက်ထော ပြုလုပ်၍ နေအိမ်အကျယ်ချုပ်က မလွတ်မြောက်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်မှာ အဖွဲ့ချုပ်မှ သွားရောက် ညှိနိုင်း ခဲ့မှုကြောင့် ပြန်လည်အဖမ်းခံရပါက နအဖစစ်အုပ်စု၏ လုပ်ရပ်ကြောင်း အဖမ်းခံရခြင်းမဟုတ်ကြောင်း ပြည်သူ တွေက နားလည်သွားကြပေလိမ့်မည်မှာ သေချာနေသည်။ ယင်းသို့ဖြစ်သွားပါက နှစ်ပေါင်းနှစ်ဆယ် အတွင်း ဒီမိုကရေစီရရှိအောင် မစွမ်းဆောင်နိုင်ခဲ့၍ ပြည်သူတွေကို ၀န်ချတောင်းပန်ခဲ့သလို ဤပြစ်မှုမှာ မည်သို့မျှ ၀န်ချ တောင်းပန်၍ ရမည်မဟုတ်ကြောင်းကိုလည်း သိထားရန်လိုသည်။

ပြီးတော့ ယခုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူတွေကို သပိတ်မှောက်ကြရန် တိုက်တွန်းနိုးဆော် လိုက် ခြင်းမှာ စစ်အုပ်စုကို စိန်ခေါ်လိုက်ခြင်းလည်းဖြစ်သည်။ တချိန်တည်းမှာ ကမ္ဘာ့ကုလသမဂ္ဂအပါအ၀င် ဥရောပ သမဂ္ဂ အဖွဲ့ဝင်နိုင်ငံများနှင့် အာဆီယံနိုင်ငံများကိုပါ တပ်လှန့်လိုက်ခြင်းဖြစ်သည်။ အထူးသဖြင့် ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများကို သတိပေးလိုက်ခြင်းဖြစ်သည်။

၂၀၁၀ ရွေးကောက်ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သပိတ်မှောက်ခြင်းသည် စစ်အုပ်စု၏ နောင်ဖြစ်ပေါ် လာမည့်အရပ်သားအစိုးရကို အသိအမှတ်မပြုခြင်းကို ပြောကြားလိုက်ခြင်းဖြစ်သည်။ သည်အခါ ကုလသမဂ္ဂနှင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများကလည်း အသိအမှတ်ပြုကြရန် အခွင့်အရေးလည်း ရရှိနိုင်မည်မဟုတ်။ ယခုတောင် မှ နိုင်ငံတကာမှ အသိအမှတ်မပြုဟု ပြောဆိုနေကြပြီးဖြစ်သည်။

အစိုးရအဖြစ်အသိအမှတ်မပြုဟု သတ်မှတ်ထားခြင်းခံရေသော နိုင်ငံအဖို့ကမ္ဘာ့ကုလသမဂ္ဂတွင် အဖွဲ့ဝင်နိုင်ငံ အဖြစ်က ရုပ်သိမ်းခံရသွားမည်ဖြစ်သည်။ နိုင်ငံတကာသံရုံးများ ပိတ်သွားနိုင်မည်ဖြစ်သည်။ ကမ္ဘာ့ ငွေကြေးဘဏ် များနှင့် နိုင်ငံတကာရှိစီးပွါးရေးအဆောက်အဦများသည်လည်း ရပ်တန့်သွားစေမည်ဖြစ်သည်။ အာဆီယံ နိုင်ငံများ ၏ အဖွဲ့ဝင်ဖြစ်နေသော စစ်အုပ်စုသည် ယင်းအချိန်တွင် အဖွဲ့ဝင်နိုင်ငံအဖြစ်ရပ်တည်ရေးကို စဉ်းစား ရတော့မည်ဖြစ်သည်။

အာဆီယံနိုင်ငံအဖွဲ့ဝင်များ၏ စီးပွားရေးကွန်ယက်သည် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် ဆက်စပ်နေရာ မည် သည့်နည်းနှင့်မျှ အခြေအနေကောင်းများကို ဖန်တီးနိုင်စွမ်းရှိမည် မဟုတ်ချေ။ ကမ္ဘာ့ကုလသမဂ္ဂမှ အထွေ ထွေအတွင်းရေးမှူး မစ္စတာဘန်ကီမွန်းက နိုင်ငံတကာမှ အသိအမှတ်မပြုဟု ပြောဆိုနေခြင်းကို စစ်အုပ်စုမှ လက်မခံ၍ ရပါသည်။ မိမိနိုင်ငံတွင် မိမိတို့ထင်သလို လက်နက်မဲ့ ပြည်သူကို ချယ်လှယ်၍ရပါသည်။

သို့သော်နိုင်ငံတကာမှ အသိအမှတ်မပြုသော စစ်အုပ်စု၏အရပ်သားအစိုးရသည် မည်သည့် မျက်နှာခွက်မျိုးဖြင့် ကမ္ဘာ့အလယ်တွင် ရပ်တည်၍ ရပါမည်နည်း။ သေခြာာသည်မှာ ကမ္ဘာ့ကုလသမဂ္ဂတွင် နိုင်ငံကိုယ်စားပြုအစိုးရ အဖွဲ့ဝင်အဖြစ်မှ လုံးဝဆုံးရှုံးသွားမည်ဖြစ်ပါသည်။ ယင်းမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ၂၀၁၀ ရွေးကောက်ပွဲ အပေါ် သပိတ်မှောက်ခြင်းနှင့် ဆိုင်သော ကြီးမားလှသည့်အကြောင်းအရာဖြစ်ပါသည်။

နအဖစစ်အုပ်စု၏ စဉ်းစားပုံမှာ သန့်သန့်ကလေးဖြစ်နေပါသည်။ ၂၀၁၀ ရွေးကောက်ပွဲမှာ ပါတီပေါင်းစုံ ပါဝင်နေ သည်။လူပေါင်းစုံပါဝင်နေသည်။ နိုင်ငံရေးအကျဉ်းသားတွေ ပါဝင်နေသည်။ တိုင်းရင်းသားလက်နက်ကိုင် ငြိမ်းချမ်း ရေးတပ်တွေ ပါဝင်နေသည်။ တိုင်းရင်းသားနိုင်ငံရေးပါတီတွ ပါဝင်နေသည်။ ထို့ကြောင့် သူတို့၏ ရွေးကောက်ပွဲ သည် ပါတီပေါင်းစုံနှင့် လူပေါင်းစုံပါဝင်နေသည်။ ရွေးကောက်ပွဲအတွက် ကော်မရှင်ဖွဲ့ထားပြီးဖြစ်သည်။ ပါတီတွေ ကလည်း ပြည်နယ်တိုင်းတွင် ဖွင့်လှစ်ထားပြီးဖြစ်ပြီ။ သူတို့ကြံ့ဖွံ့တောင်မှ မနေ့ကမှ ဖွင့်ရသေး သည်။

အခြားသော ရွေးကောက်ပွဲဝင်မည့် ပါတီများထက်များစွာနောက်ကျနေပါသေးသည်။ စည်းရုံးရေးကာလ အချိန် တွင် ပင်မလောက်ငှ။ သို့သော်လည်း နိုင်ငံတော်၏ကြီးကြပ်မှုကြောင်း ရွေးကောက်ပွဲဖြစ် မြောက် ရန် ပါတီ ရုံးခန်း များကို နောက်ကျသော်လည်း ဖွင့်လိုက်နိုင်သည်ဟု ဆိုကြတော့မည်။ ရွေးကောက်ပွဲတွင်မူ တရားမျှတစွာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သောကြောင်း အခြားနိုင်ငံရေးပါတီများထက် မဲအပြတ်အသတ်နိုင်သည်။

ထို့ကြောင်းလွှတ်တော်ခေါ်ယူပြီး အရပ်သားအစိုးရဖွဲ့စည်းတော့မည်ဟု ကြေညာမည်ဖြစ်သည်။ သူတို့စဉ်းစားပုံမှာ ယင်းသို့ဖြစ်နေသည်။ သို့သော် သူတို့မထင်မှတ်သော ရွေးကောက်ပွဲ၏ အဓိကပြဿနာကို မစဉ်းစားခြင်းမှာ သူတို့၏ အရှုံးးဖြစ်သည်။ ယင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မစဉ်း စားမိခြင်းဖြစ်သည်။ ယခုပွဲတွင် ပါတီပေါင်းစုံသည် အဓိကပြသနာမဟုတ်။ လူပေါင်းစုံပြသနာသည် အကြောင်းမ ဟုတ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ သပိတ်မှောက်ခြင်းသည်သာ အဓိကဖြစ်သည်။

သူတို့သပိတ်မှောက်လျှင် မည်သူတွေပါပါ ရွေးကောက်ပွဲသည် နိုင်ငံတကာမှ အသိအမှတ်ပြုခြင်းခံရနိုင်စရာမရှိ။ ဤသည်မှာသူတို့၏ ဆောင်ရွက်ချက်ထဲမှာ ပါလာမည့် သပိတ်မှောက်ပြီးနောက် နိုင်ငံတကာနှင့် ပူးပေါင်း ဆောင်ရွက်မှုရလဒ်ဖြစ်သည်။ သည်တော့ အဖွဲ့ချုပ်သည်သာ သပိတ်မှောက်သည်ဟု ပြောစရာတခုတည်းလား။ ပြည်သူတွေကကော သပိတ်မှောက်ကြောင်းကို ပြောရတော့မည်မဟုတ်ပေဘူးလား။

နိုင်ငံတကာမှာ ရောက်နေသော ပြည်သူတွေကလည်း သပိတ်မမှောက်ကြောင်းကို ကြေညာပေးရမည် မဟုတ် လား။ တချိန်တည်းမှာပင် နိုင်ငံတကာကို ထွက်ခွါလာပြီး ရွေးကောက်ပွဲကို ထောက်ခံကြရန် တိုက်တွန်းနေသော စစ်အုပ်စု၏ ပွဲစားတွေကိုလည်း ချက်ချင်းမောင်းထုတ်ပစ်ရမည်ဖြစ်သည်။ လူသိရှငကြားနှင်ထုတ်စာများ ပေးပို့ရ မည်ဖြစ်သည်။

ယခုအချိန်တွင် ဒေါက်တာခင်ဇော်ဝင်းက အမေရိကန်နိုင်ငံ ၀ါရှန်တန်ဒီစီမှာလာပြီး ပွဲစားလာလုပ်နေပြီ။ သူ ကိုယ်တိုင်က ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်အဖြစ် ၀င်ရောက်မယှဉ်ပြိုင်ပါဟု ပြောဆိုသေးသည်။ သည်တော့ ဘာကြောင်းများ အေးအေးဆေးဆေးမနေပါဘဲ စစ်အုပ်စု၏ရွေးကောက်ပွဲကို ၀င်ကြပါ။ထောက်ခံကြပါဟု ပြောဆို နေ ရပါသနည်း။ စစ်အုပ်စုသည် ရွေးကောက်ပွဲကို ကျိန်းသေမုချပြုလုပ်သွားမည်ဖြစ်သည်။ ထို့ကြောင့် ဒေါက်တာ ခင်ဇော်ဝင်းအနေဖြင့် ရွေးကောက်ပွဲပျက်စီးသွားမည့်အကြောင်းကိုလည်း စိုးရိမ်စရာမလိုချေ။

သို့သော် မည်သည့်အတွက်ကြောင့် နိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့ဖူးပါလျှက် အခြားသော နိုင်ငံရေးအကျဉ်းသားများ နှင့် မတူရသနည်းဆိုသည်ကိုမူ စဉ်းစားရတော့မည်ဖြစ်သည်။ စစ်စစ်အားဖြင့် ထိုင်းနိုင်ငံကို သူနှင့်အတူလာခဲ့ ကြ သော ဦးသုဝေတောင်မှ ချွေးးစီးနေချိန်မှာ တကယ်လက်တွေ့လုပ်နေသူထက် ပို၍စိုးရိမ်စိတ်ပြနေသူ ဒေါက်တာ ခင်ဇော်ဝင်းတယောက် ရီမောစရာသတ္တ၀ါတကောင်လိုဖြစ်နေပါပြီ။ ဦးသုဝေတို့မှာ ကြံ့ဖွံ့ကိုပြိုင်ရန် ကိုယ်စား လှယ်လောင်းများ အပြည့်အစုံမရှိ။ ငွေကြေးကလည်းမပြည့်မစုံ၊ စည်းရုံးရေးကလည်းမရ။

ခြိမ်းခြောက်ခံနေရသည်ဟုဆိုသည်။ တသီးပုဂ္ဂလတွေ ၀င်ပြိုင်ကြမည်ဆိုလျှင် သူတို့နာမည်နှင့် လာပြီး ရွေး ကောက်ပွဲကို ၀င်ပြိုင်ပါဟု ကြေညာနေသည်။ မည်သည့်တသီးပုဂ္ဂလကိုယ်စားလှယ်လောင်းများကလည်း သူတို့ ပါတီကို ဂရုမစိုက် ၊ မစဉ်းစားကြ။ ဦးသုဝေချွေးးဒီးဒီးကျနေသည်ကို ဒေါက်တာခင်ဇော်ဝင်း မကြားရသေး ဟု ထင်ရသည်။

ရွေးကောက်ပွဲကိုဝင်မည်ဟု ပြောဆိုနေသော ပါတီများသည် လက်တွေ့အားဖြင့် ကြံ့ဖွံ့ပါတီကိုမနိုင်နိုင်ကြောင်း သူတို့၏ အတွေ့အကြုံအရ သိသာနိုင်သည်။ သည်တော့မနိုင်သည့်ပွဲမှာ ဘာကြောင်းများလက်ဝှေ့ထိုးရန် ဟန်ရေး ပြစရာလိုအပ်ပါသနည်း။ရှုံးမည်ဆိုသည်ကိုသိလျှင်နှင့် ရွေးကောက်ပွဲကြီးဖြစ်အောင် ပြုလုပ်ခြင်းဆိုလျှင်အကြောင်း မဟုတ်။ နိုင်ငံရေးအာဏာယူချင်ပြီး ပြုပြင်ပြောင်းလဲရေးတွေပါ ပြုလုပ်လိုသည်ဆိုတော့ စဉ်းစားရန် လိုလာပါသည်။

ယခုပွဲသည် အာဏာပြသနာဖြစ်သည်။ အရပ်သားအစိုးရဖြစ်သွားသူသည် အာဏာပိုင်ဖြစ်သွားမည်။ ယခုကြံ့ဖွံ့က အာဏာပိုင်အစိုးရဖြစ်သွားမည်။ ကြံ့ဖွံ့ကို အာဏာမပေးလို၍ ရွေးကောက်ပွဲဝင်မည်ဆိုလျှင် ယင်းအချက်မှာ မှားယွင်းနေပါပြီ။ တချိန်တည်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မပါဝင်၍ ပြည်သူတွေမဲပေးရန် ၀င်ရောက် ယှဉ်ပြိုင်ခြင်းဟုဆိုလည်း မှားနေပါသည်။ပထမအချက်တွင် ကြံ့ဖွံ့ပါတီမှာအင်အားကောင်းလှပါသည် ။

စည်းရုံးရေးအရ ငွေကြေးအရ စစ်အုပ်စုမှ ကြောထောက်နောက်ခံပေးထားသည်။ သူတို့က ရှုံးးလျှင်လည်း နိုင်၊ နိုင်လျှင်လည်း နိုင်မည့်သူများဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ကြံ့ဖွံ့ပါတီအနိုင်ရမည်ဖြစ်သည်။ ဒုတိယအချက်မှာ အမျိုးသားဒီမိုကရေစီအဖွဲချုပ် မပါ၍ ရွေးကောက်ပွဲဝင်ပြိုင်ရပါသည်ဟုဆိုလျှင်တော့ ငါးပါးကြီးမှောက်စွာ မှားယွင်း သည်ဟု ပြောရုံမှတပါးအခြားမရှိ။ အဘယ့်ကြောင်းဆိုသော် ဒေါ်အောင်ဆန်းစုကြည်အပေါ် ယုံကြည် ချစ်မြတ် နိုးစိတ်နှင့် ယင်းသို့ပြောဆိုသူများသည် ပြဒါးတလမ်း ဖြစ်နေသူများသာဖြစ်သည်။ ပို၍တောင်ရွံရှာ သွားနိုင်ကြ ပါသည်။

အကယ်၍ ပါတီပေါင်းစုံ မဟာမိတ်ဖြစ်အောင် ပြုလုပ်ပြီးရွေးကောက်ပွဲတွင် ၀င်ပြိုင်ကြသည်ဆိုပါက ကြားရ သူတို့မှာ လက်ခံနိုင်စရာတကွက်တော့ ရှိပါသည်။ သို့သော် ယင်းသို့ဝင်ပြိုင်သည်ကို နိုင်ငံတကာမှ လက်သင့်ခံပါ မည်လော။ သူတို့ပါခဲ့၍ အသိအမှတ်ပြုပါမည်လား။ အရပ်သားအစိုးရအဖွဲ့ထဲတွင် အစိုးရအဖွဲ့ဝင်အဖြစ် ၀န်ကြီး တွေများဖြစ်မည်ဟု ထင်နေလို့ကတော့ ရှုးသွားနိုင်ပါသည်။ စစ်အစိုးရသည် အနှီပုဂ္ဂိုလ်များအားဝန်ကြီးအဖြစ် ဘယ်သောအခါမျှ ပေးချင်သည်မဟုတ်ချေ။ ၀န်ကြီးရှုးအိပ်မက်ဖြင့် စိတ်ကူးယဉ်ရှုးနေကြသူများမှာ မိမိတို့၏ အာဏာပြသနာကို သေချာအောင်စဉ်းစားကြဖို့ အချိန်ရှိနေပါသေးသည်။

ဤအာဏာပြသနာမှာ တော်တော်နှင့် အကင်းမသေကြမှန်း လူတိုင်းနားလည်ကြပါသည်။ ဆေးကုရန်လည်း အတော်ခက်ပါသည်။ ထို့ကြောင်းလည်းသူတို့၏ စိတ်ထဲတွင် ခံယူချက်ရှိသမျှကို တိုက်တိုက်တွန်းတွန်း ပြောယူ ရန်မှာ ဒီမိုကရေစီအင်အားစုများအဖို့ အရေးကြီးပါသည်။ ပြည်သူတွေနှင့်ပူးပေါင်း၍ ကုလသမဂ္ဂနှင့် ပူးပေါင်း၍ အမျိုးသားဒီမိုကရေစီနှင့် ပူးပေါင်း၍ ပြုလုပ်ကြပါက တတချိန်ချိန်တွင် အစိုးရအဖွဲ့၌ အာဏာများ ရရှိနိုင်ပါ သေးသည်။ နိုင်ငံရေးလုပ်ခြင်းသည် အာဏာပြသနာကြောင်းဖြစ်ပါသည်။

စစ်မှန်သောအစာဏာရရှိရေးအတွက် ပြည်သူတွေကို ဦးဆောင်မှုများသာ ပေးရန်အရေးကြီးနေသည်။ ယခု အချိန်မှာ မြန်မာနိုင်ငံအခြေအနေသည် အထိမခံ ရွှေပုဂံဖြစ်နေပါပြီ။ ပေါက်ကွဲလုနီးပါး မီးတောင် သဖွယ်ဖြစ် နေပါပြီ။ ရဲမွန်တပ်ရင်းကို နေပြည်တော်မှတပ်တွေ ၀ိုင်းပြီးစစ်ရေးခြိမ်းခြောက်နေမူကို ပြည်သူတွေ မသိအောင် ကြိုးစားနေမှန်း ကကကြည်းမှလာသော လှို့ဝှက်ကြေးနန်းစာများအရ သိသာနေပါသည်။ ရဲမွန်တပ်ရင်းနှင့် ခလရ ၄၃၅နှင့် ၄၃၆ တို့တပ်ရင်းမှ တပ်ရင်းမှူးအပါအ၀င်ရဲဘော်တို့မှာ တပ်ကထွက်ခွာသွားကြပါပြီ။ အရပ်သား လူဝတ် လဲသွားကြပါပြီး၊ နုတ်ထွက်လွှာာတင်ကြပြီဆိုသည်မှာ စစ်တပ်ကို ကြောခိုင်းသွားကြခြင်းဖြစ်ပါသည်။

ယင်းကို စစ်တပ်အတွင်းစစ်သားတွေမသိအောင် ထိမ်းသိမ်းထားပါဆိုသော လှို့ဝှက်ကြေးနန်းစားများ ပေးပို့နေ ကြရပါပြီ။ အခြားတဖက်မှာ နိုင်ငံတကာနိုင်ငံရေးအခင်းအကျင်းဖြစ်ပါသည်။ ကုလသမဂ္ဂမှာ အထွေထွေ အတွင်းရေးမှူး မစ္စတာဘန်ကီမွန်းက နအဖစစ်အုပ်စုအား ကုလသမဂ္ဂနှင့် ပူးပါင်းဆောင်ရွက်ခြင်းမရှိ၍ စိတ်ပျက်မိ သည်ဟု ပြောဆိုလိုက်ပါသည်။

၎င်းနောက်နိုင်ငံတကာမှလည်း အသိအမှတ်မပြုဟု ပြောဆိုလိုက်ပါသည်။ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စား လှယ် မစ္စတာကွင်တာနားကလည်း လူ့အခွင့်အရေးချိုးဖေါက်ခြင်းနှင့် ပါတ်သက်၍ စုံစမ်း စစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းရန် တောင်းဆိုထားပါသည်။ လွန်ခဲ့သောမနေ့တနေ့ကမူ အမေရိကန်သမတအိုဘားမားက ကုလသမဂ္ဂ အား စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ပြီး မြန်မာနိုင်ငံကို အရေးယူစုံစမ်းရန် တိုက်တွန်းလိုက်ပါပြီ။ ဤသည်မှာ အိမ်ဖြူ တော်မှ တိုက်ရိုက်ကြေညာချက်ဖြစ်၍ အမေရိကန်ဆီးနိတ် လွှတ်တော်ထက် ပိုမိုခရီးရောက်သည်ဟု ဆိုကြပါ သည်။ လုံခြုံရေးကောင်စီရောက်သွားလျှင် တရုပ်နိုင်ငံ၊ ရှရှားနိုင်ငံတို့၏ ဗီတိုအာဏာမဲများရှိ နေသောကြောင်း ရှောင်ရှားနိုင်ရန် ကုလသမဂ္ဂညီလာခံမှ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းသွားရေးးအထိကို ကြိုတင်ညှိနှိုင်း နေကြပါ သည်။အမေရိကန်အစိုးရကပါလာပြီးနောက်တွင်မူ မြန်မာနိုင်ငံရေးအခြေအနေသည် တမျိုးတဖုံပြောင်းလဲ လာမည် မှာ သေချာလှပါသည်။

လူ့အခွင့်အရေးမှန်သမျှ ကမ်းကုန်အောင် ကျူးလွန်ထားသောပြစ်မှုမျိုးကို နအဖစစ်အုပ်စုမှာ ကျူးလွန်ထား သည်။ယင်းပြစ်မှုများကို ကျူးလွန်ထားသောကြောင်း နိုင်ငံတကာတရားရုံးမှ အရေးယူရန်အကောင်းဆုံး ဆောင် ရွက် နေကြပါပြီ။ ပြစ်မှုတွေ တသီတန်းကြီးနှင့် ရာဇ၀တ်မှုများကို ကျူးလွန်ထားသော နအဖစစ်အုပ်စုသည် ဤအချိန်တွင် ပြေးပေါက်မရှိတော့။ယခုနှစ်အတွင်း မြန်မာနိုင်ငံအမျိုးသမီးများအဖွဲ့ချုပ်မှ အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင်အမျိုးသမီးများအား အကြမ်းဖက်ခြင်းဆိုင်ရာများနှင့် ပါတ်သက်၍ ကြားနာပွဲကို ပြုလုပ်ခဲ့ပါ သည်။

ယင်းကြားနာပွဲတွင် နိုဗယ်ငြိမ်းချမ်းရေး ဆုရှင်တို့နှင့်အတူ တရားသူကြီးများ အပါအ၀င် ထင်ရှားသော ပုဂ္ဂိုလ်တို့ က ကြားနာခဲ့ကြသည်။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းနှင့်လည်း မြန်မာနိုင်ငံ အမျိုးသမီးများအဖွဲ့ချုပ်မှ သဘာပတိအဖွဲ့ဝင် ဒေါ်သင်းသင်းအောင်ကလည်း တွေ့ဆုံဆွေးနွေးခဲ့သည်။ ယင်းသို့ တွေ့ဆုံချိန်တွင် မြန်မာနိုင်ငံရှိအမျိုးသမီးများအား အကြမ်းဖက်နှိပ်စက်ခြင်းများနှင့် လူ့အခွင့်အရေးချိုး ဖေါက်ခြင်း များကို ဆွေးနွေးခဲ့ကြဖြစ်သည်ဟု သိရသည်။ ကျနော်ပြောချင်သည်မှာ ကုလသမဂ္ဂမှ တာဝန်ရှိသူများသည် စစ်အစိုးရ၏ ရာဇ၀တ်မှုဆိုင်ရာ ပြစ်မှူကျူးလွန်ခဲ့မှူမျိုးကို သိရှိထားနှင့်ကြပြီးပြီ ဆိုသောအချက်ဖြစ်သည်။

ယင်း၏အကျိုးဆက်များအဖြစ် နအဖစစ်အစိုးရအား စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး စစ်ဆေးပါတော့မည်။ ယင်း ရာဇ၀တ်ပြစ်မှုများတွင် နိုင်ငံတကာရာဇ၀တ်တရားရုံး၌ ရာဇ၀တ်ကောင်များအဖြစ် သန်းရွှေ ၊ မောင်အေး တို့အုပ်စု မုချစစ်ဆေးခံရလိမ့်မည်ဖြစ်သည်။ ယင်းမှာနိုင်ငံတကာအခင်းအကျင်းဖြစ်သည် နအဖစစ်အုပ်စုအဖို့ ပထမအချက် ဖြစ်သော ဤပြသနာကို မစဉ်းစား၍မရ၊ ဒုတိယအချက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ သပိတ်မှောက် ကြောင်း ကြေညာထားခြင်းဖြစ်သည်။

ဤသို့ကြေညာထားခြင်းသည် ၂၀၁၀ ရွေးကောက်ပွဲအပြီး အရပ်သားအစိုးရကို ကုလသမဂ္ဂမှ အသိအမှတ် မပြုရေး ကြေညာထားခြင်းဖြစ်သည်။ တတိယအချက်မှာ နအဖစစ်အုပ်စုသည် ရွေးကောက်ပွဲကို မည်သူဂရု စိုက်စိုက် မစိုက်စိုက် ဆင်ကန်းတောတိုးဖြင့် ပြုလုပ်မည်ဟု ကြေညာပြီး ရုံးခမ်းဖွင့်လှစ်ခြင်းပင်ဖြစ်သည်။ သို့သော် ကြိုတင်စီစဉ်ထားသည့်အတိုင်း ရုံးခမ်းဖွင့်လှစ်ရသည်ဆိုသော်လည်း ယနေ့တွင်မူ စစ်အုပ်စုတို့မှာ မျက်ဖြူဆိုက် နေကြပြီဖြစ်သည်။

ကုလသမဂ္ဂမှလာသော သတင်းတပုဒ်အရ နိုင်ငံတကာအစိုးရများမှ အစိုးရတရပ်အဖြစ် အသိအမှတ်မပြုသော အစိုးရကို သို့မဟုတ် နိုင်ငံတနိုင်ငံကို ကုလသမဂ္ဂတွင် အဖွဲ့ဝင်အဖြစ် လက်မခံကြောင်းနှင့် အသိအမှတ်မပြု ကြောင်း ဥပဒေရှိနေသည်ဟု ကြားသိရသည်။ ဆိုရလျှင် ၂၀၁၀ ရွေးကောက်ပွဲသည် နအဖစစ်အုပ်စုအဖို့ ကုလ သမဂ္ဂမှ ပြုတ်ထွက်သွားသောပွဲမျိုးဖြစ်နေပြီ။ သည်တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ သပိတ်မှောက်ကြောင်း ကြေညာချက်သည် မြန်မာနိုင်ငံရှိ ပြည်သူတရပ်လုံးကို ကိုယ်စားပြုသောကြောင်း ကျနော်တို့မှာ လက်ခုပ် လက်ဝါးတီးကာ ကြိုဆိုလိုက်ရပါကြောင်း ပြောရန်သာရှိသည်။ အဘယ့်ကြောင်းဆိုသော် နအဖစစ်အစိုးရသည် သုံးပွင့်ဆိုင်ပြသနာဖြစ်နေသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ သပိတ်မှောက်ခြင်း၊ ကုလသမဂ္ဂမှ နိုင်ငံတကာ ခုံရုံး တင်စစ်ဆေးရေးကိစ္စနှင့် ကြံ့ဖွံ့ရုံးခမ်းဖွင့်လှစ်မှုဆိုသော သုံးပွင့်ဆိုင်ပြသနာကို ယခုရက်အတွင်း တိုက်တိုက် ဆိုင်ဆိုင် ပြုလုပ်လိုက်သည်။ ယခင်ကသုံးပွင့်ဆိုင်ပြသနာကို မဖြေရှင်းခဲ့သော နအဖစစ်အစိုးရသည် ယခု သုံးပွင့် ဆိုင်ပြဿနာများကိုမူ မဖြေရှင်း၍ကတော့ မည်သည့်နည်းနဲ့မျှမရဆိုသည်ကို လူတိုင်းနားလည် နေကြပြီ ဖြစ်ပါ သည်။

No comments: