Thursday, April 30, 2009

မျှော်စင်ကျွန်းတွင် လေးဖြူ ဖျော်ဖြေမည်

မြင့်မောင်
တနင်္လာနေ့၊ ဇန်နဝါရီလ

နယူးဒေလီ (မဇ္ဈိမ)။ ။ ရော့ခ်အဆိုတော် လေးဖြူ၏ စတိတ်ရှိုးပွဲကို ရန်ကုန်မြို့ ကန်တော်ကြီးတွင် ဇန်န၀ါရီလ ၃၀ နှင့် ၃၁ ရက်နေ့များ၌ ပြုလုပ်သွားမှာဖြစ်သည်။

အိုင်းရွန်းခရော့ခ် တေးဂီတ၀ိုင်းက တီးခတ်ပြီး အဆိုတော်လေးဖြူ၊ မျိုးကြီး၊ အငဲ၊ ၀ိုင်ဝိုင်းတို့ပါဝင်သီဆိုမည့် ဖျော်ဖြေပွဲကို မျှော်စင်ကျွန်းတွင် ပြုလုပ်မှာဖြစ်ပြီး လက်မှတ်တစောင်လျှင် ငါးထောင်ကျပ်သတ်မှတ်ထားသည်။

လက်မှတ်အရောင်းတာဝန်ရှိသူတဦးက အင်္ဂါနေ့ ၂၇ ရက်နေ့တွင် စတင်လက်မှတ်ရောင်းမည်ဟုဆိုကာ " အခုပွဲတွေ ပြီးရင် နယ်တွေကို ဆင်းပြီး ဖျော်ဖြေသွားမှာ ဖြစ်တယ်၊ ဘယ်နယ်တွေကိုတော့ အသိအကျ မပြောနိုင်သေးဘူး။ "ဟု ပြောသည်။

လေးဖြူသည် ယခုလ ၂၄ရက်နှင့် ၂၅ရက်နေ့တွင် မန္တလေးမြို့ ဆီဒိုးနားဟိုတယ်၌ သီဆိုဖျော်ဖြေခဲ့သည်။

သူသည် စတိတ်ရှိုး သီဆိုခြင်းကို ၃ နှစ်ကျော် ရပ်နားထားရာမှ ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်းတွင် ပြီးခဲ့သည့် သြဂုတ်လက ကျင်းပခဲ့သော နာဂစ်ရန်ပုံငွေပွဲ၌ တကျော့ပြန် စင်ပေါ်တက်ခဲ့သည်။

No comments: